မကြာခင်လပိုင်းမှာ ထွက်ဖို့ရှိတဲ့ OpenAI ရဲ့ စွမ်းရည်မြင့်ဗီဒီယိုထုတ်လုပ်ရေးမော်ဒယ် Sora ကို အစောပိုင်းစမ်းသပ်ခွင့်ရသူတချို့က ပြင်ပကို ထုတ်ဖော်လာတယ်လို့ သိရပါတယ်။ Hugging Face အမည်ရ နာမည်ကြီးပလက်ဖောင်းပေါ်မှာ အဲဒီဗားရှင်းကို အများသုံးနိုင်အောင် ပြန်တင်ထားတာ ဖြစ်ပြီး အသုံးပြုသူတွေအနေနဲ့ 1080p အရည်အသွေးရှိတဲ့ ဗီဒီယိုတွေကို ၁၀ စက္ကန့်စာ ထုတ်နိုင်တာပါ။
ဒီဗားရှင်းကို အပြင်ထုတ်လာတဲ့ စမ်းသပ်သူအဖွဲ့ကတော့ OpenAI က အနုပညာရှင်တွေကို ထိုက်သင့်တဲ့ အခကြေးငွေမပေးဘဲ သူတို့ရဲ့ နည်းပညာကို စမ်းသပ်ခိုင်းတာနဲ့ တုံ့ပြန်ချက်ပေးခိုင်းတာတွေက 'ဦးနှောက်ဖောက်စားတာ' နဲ့ တူတယ်ဆိုပြီး စွပ်စွဲပါတယ်။ ဒါ့အပြင် ကုမ္ပဏီရဲ့ အဲဒီလို အစောပိုင်း စမ်းသုံးခွင့်ပေးတဲ့ ပရိုဂရမ်ကလဲ အသုံးပြုသူတွေရဲ့ အကြံဉာဏ်ကို တကယ်လိုချင်တာ မဟုတ်ဘဲ လူထုဆက်ဆံရေးအတွက်သာ လုပ်တာဖြစ်ကြောင်း ဆက်ပြောထားတာပါ။
ပေါက်ကြားလာတဲ့ ဆိုရာဗားရှင်းက အချိန်ခဏလေးအတွင်းမှာပဲ ဝင်ရောက်အသုံးပြုသူတွေ များပြားလွန်းခဲ့ပြီး ဆက်အလုပ်မလုပ်နိုင်တော့တဲ့ထိ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ OpenAI ကလဲ ဖြစ်ဖြစ်ချင်းမှာပဲ မော်ဒယ်ရဲ့ အသုံးပြုခွင့်ကို ရုတ်သိမ်းလိုက်ပြီး နာရီပိုင်းထဲတင် Access အားလုံးပိတ်ချလိုက်တာပါ။
နည်းပညာကျွမ်းကျင်သူတချို့ကတော့ ဒါဟာ OpenAI ရဲ့ အရင်ကရော လက်ရှိပါ ကြုံတွေ့နေရတဲ့ ဉာဏမူပိုင်ခွင့်ဆိုင်ရာ ကျူးလွန်မှုတွေကြောင့် ဖြစ်နိုင်တယ်လို့ မှတ်ချက်ပြုထားပါတယ်။ လက်ရှိ ဆိုရာမော်ဒယ်ဆိုရင်လဲ အပြင်မှာ တကယ်ရှိပြီး လူကိုယ်တိုင်ရိုက်ကူးထားတဲ့ မှတ်တမ်းတွေကို အေအိုင်လေ့ကျင့်ရာမှာ ထည့်သွင်းအသုံးပြုထားတယ်လို့ စွပ်စွဲခံနေရပြီး အနုပညာရှင်တွေရဲ့ မျက်မုန်းကျိုးခြင်းကို ခံနေရတာပါ။
အလားတူပဲ၊ OpenAI ကုမ္ပဏီက နယူးယော့ခ်တိုင်းမ်သတင်းဌာနနဲ့ ရင်ဆိုင်နေရတဲ့ တရားမဝင်ကွန်းတန့်အသုံးပြုမှု အမှုမှာလဲ အရေးကြီးသက်သေအထောက်အထားတွေကို ဖျောက်ဖျက်မိထားပါသေးတယ်။
Reference: Wiggers, K. (2024, November 28). OpenAI’s Sora video generator appears to have leaked. TechCrunch. https://techcrunch.com/2024/11/26/artists-appears-to-have-leaked-access-to-openais-sora/
ဆက်လက်ဖတ်ရှုဖို့
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Build Myanmar Media: Daily News - Sharing Myanmar's Important News Daily
Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. 📅 New updates every day before 9:00 pm, MMT. 📰 Read on:
Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia