Anthropic ကုမ္ပဏီက သူတို့ရဲ့ AI Assistant Claude မှာ စာရေးသားနည်းပုံစံတွေကို စ,မိတ်ဆက်လိုက်ပြီး ကိုယ့်ရဲ့ ကိုယ်ပိုင်ရေးဟန် (Style) နဲ့ လေသံ (Tone) တို့ကို လိုက်လံချိန်ညှိပေးမဲ့ "Personalized Writing" စနစ် ပါဝင်လာပါတယ်။
AI Assistant တွေဟာ အီးမေးလ်တွေ၊ အက်ဆေးတွေ ရေးခိုင်းရင် ဖြစ်စေ၊ ဒါမှမဟုတ်လဲ တခြားကွန်းတန့်တွေပဲ ထုတ်ခိုင်းရင် ဖြစ်စေ လေသံတွေနဲ့ တည်ဆောက်ပုံ၊ ချဉ်းကပ်ပုံတွေက သာမန်လူရေးသားထားတဲ့ အရေးအသားနဲ့ အတော်လေး ကွဲပြားတာပါ။ ဖောင်းပွနေတဲ့ စာကြောင်းတွေ၊ အဆင့်မြင့်ပြီး လူသုံးနည်းတဲ့ ဝေါဟာရတွေနဲ့ ရှုပ်ထွေးတဲ့ တည်ဆောက်ပုံတွေအပြင် ဘာထုတ်ခိုင်းခိုင်း ပုံစံက တစ်မျိုးတည်းမို့ ခုနောက်ပိုင်းမှာ AI က ထုတ်ပေးတဲ့ စာဆိုရင် ခန့်မှန်းဖို့ လွယ်လာပါတယ်။
Anthropic ကုမ္ပဏီဟာ ဒီပြဿနာကို ဖြေရှင်းဖို့ Claude က ထုတ်ပေးတဲ့ စာတွေကို အသုံးပြုသူကနေ သူလိုသလို ပြန်ချိန်ညှိနိုင်မဲ့စနစ် ထည့်သွင်းပေးလာပါပြီ။ ဒီ အလိုအလျောက်ချိန်ညှိတဲ့ စနစ်မှာ ပုံစံနှစ်မျိုး ပါတယ်လို့လဲ သိရပါတယ်။ အသုံးပြုသူက ကိုယ်တိုင်ရေးထားတဲ့ စာမူတွေကို Claude ကို ပေးပြီး စာရဲ့ အသွားအလာ၊ ပုံစံ၊ လေသံနဲ့ စကားလုံးရွေးချယ်မှုကို လေ့လာခိုင်းလို့ရသလို ကိုယ်တိုင်လဲ Setting တွေကနေ ချိန်ညှိလို့ ရတာပါ။ ဒီနည်းနှစ်ခုကိုလဲ ပေါင်းပြီးတော့ အသုံးပြုနိုင်သလို Customize လုပ်တဲ့ နည်းတွေကို အမျိုးမျိုးလှည့်ပြောင်းအသုံးပြုလို့လဲ ရပါတယ်။
နမူနာ ကိုယ်က ပရော်ဖက်ရှင်နယ်ဆန်ဆန် စာတွေ ထုတ်ချင်ရင် Formal Mode, တိုတိုနဲ့ လိုရင်း သွားချင်ရင် Concise Mode နဲ့ အသေးစိတ်ကျကျ ထုတ်ပေးစေချင်ရင် Explanatory Mode . . . စတာတွေကို မျိုးစုံချိန်ညှိလို့ ရမှာပါ။
တစ်နည်းပြောရရင်တော့ AI က ကိုယ့်ရဲ့ ဘယ်သူနဲ့မှ မတူဘဲ တမူထူးခြားတဲ့ လေသံကို အန်တုနိုင်ပါတော့မယ်။
Reference: Weatherbed, J. (2024, November 26). Anthropic says Claude AI can match your unique writing style. The Verge. https://www.theverge.com/2024/11/26/24306575/anthropic-claude-ai-custom-style-presets
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Build Myanmar Media: Daily News - Sharing Myanmar's Important News Daily
Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. 📅 New updates every day before 9:00 pm, MMT. 📰 Read on:
Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia