Meta ကုမ္ပဏီရဲ့ CEO Mark Zuckerberg က AI နည်းပညာရဲ့ အနာဂတ်အတွက် လောင်းကြေးအကြီးကြီးထပ်ဖို့ အသင့်ရှိကြောင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။ သူဟာ မကြာသေးခင်က ထွက်ရှိခဲ့တဲ့ Access podcast မှာ စကားပြောခဲ့ရာမှာ "AI ပြိုင်ပွဲမှာ နောက်ကျကျန်နေခဲ့မဲ့အစား ဒေါ်လာ ဘီလျံရာပေါင်းများစွာကိုပဲ ပုံအောသုံးလိုက်မယ်” လို့ ပြောသွားတာပါ။

Zuckerberg ရဲ့ ပြောကြားချက်အရ Meta ဟာ ၂၀၂၈ ခုနှစ်အထိ အမေရိကန်ပြည်ထောင်စုမှာ ဒေတာစင်တာတွေနဲ့ အခြေခံအဆောက်အအုံတွေ တည်ဆောက်ဖို့အတွက် အနည်းဆုံး ဒေါ်လာ ၆၀၀ ဘီလျံ ရင်းနှီးမြှုပ်နှံဖို့ ကတိပြုထားပါတယ်။ ဒီလောက်ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုကို AI နည်းပညာလောကမှာ ဖြစ်လာနိုင်တဲ့ "AI bubble" ကို သိသိကြီးနဲ့ လုပ်ဆောင်တာဖြစ်တယ်လို့လည်း သူက ဝန်ခံပါတယ်။ ဒါပေမဲ့ သမိုင်းမှာ အရေးအပါဆုံး နည်းပညာတစ်ခုကို လွဲချော်သွားမှာကိုတော့ ပိုပြီးစိုးရိမ်တယ်လို့ ဆိုပါတယ်။ AI Bubble ဆိုတာ အေအိုင်နည်းပညာတွေပေါ် မျှော်လင့်ချက်တွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ စွန့်စားလုပ်ရင်းကနေ နည်းပညာရဲ့ လုပ်နိုင်စွမ်းအကန့်အသတ်ကို ရောက်သွားပြီး ရှိရာနေရာမှာ ဆက်ဖွံ့ဖြိုးမှု မရှိတော့ဘဲ ရပ်တန့်သွားတာမျိုးပါ။

 "Superintelligence (လူသားထက်ဉာဏ်ရည်သာလွန်သော AI) လို ၃ နှစ်အတွင်း ဖြစ်လာနိုင်တာကို ၅ နှစ်မှ ဖြစ်မယ်လို့ တွက်ဆပြီး နည်းပညာကို ဖြည်းဖြည်းချင်းတည်ဆောက်နေရင်က သမိုင်းတစ်လျှောက် တီထွင်ဖန်တီးမှုအကောင်းဆုံးနဲ့ တန်ဖိုးအကြီးဆုံး ထုတ်ကုန်အသစ်တွေ၊ အဆင့်မြင့်လွန်းပါချည်ရဲ့ဆိုတဲ့ နည်းပညာကြီးတွေကို လက်လွှတ်လိုက်ရနိုင်တယ်’ လို့ သူက ရှင်းပြပါတယ်။

တီထွင်ဖန်တီးမှုတို့ ပြည့်နှက်ရာ Community Center

မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် အလိုအပ်ဆုံးက အလုပ်လုပ်ဖို့၊ စာကြည့်ဖို့၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆုံဖို့ 'သီးသန့်ဆန်တဲ့ နေရာတစ်ခု' ဖြစ်ပါလိမ့်မယ်။ ဒီပြဿနာအတွက် ဖြေရှင်းနည်းက Build Myanmar Community Center မှာ ရှိပါတယ်

Community Center . . .? ဘယ်လိုမျိုးလဲ . . .?

  • ရေမီးအစုံ၊ အင်တာနက်လိုင်းကောင်းကောင်းနဲ့ ကျယ်ကျယ်ဝန်းဝန်းနေရာ
  • အလုပ်လုပ်နိုင်မဲ့ Co-working Space
  • Networking Session တွေ
  • နယ်ပယ်ပေါင်းစုံက ပညာရှင်တွေရဲ့ Workshop တွေ
  • အသိပညာရေသောက်မြစ်အတွက် Library နဲ့
  • တီထွင်ဖန်တီးနိုင်ဖို့ Maker Space တွေ ပါဝင်ပါတယ်။

စိတ်ဝင်စားတယ်ဆိုရင် အောက်ကလင့်ခ်က တစ်ဆင့် အခုပဲ ဝင်လေ့လာကြည့်ပါ။

ဒီကိုနှိပ်ပါ

Zuckerberg က သူတို့ရဲ့ AI လေ့လာဆန်းစစ်မှုတွေအတွက် အထူးဖွဲ့စည်းထားတဲ့ "superintelligence lab" အကြောင်းကိုလဲ ထုတ်ဖော်ပြောပြခဲ့ပါတယ်။ အဆင့်မြင့် သုတေသီ ၅၀ ကနေ ၁၀၀ ကြား ပါဝင်တဲ့ ဒီအဖွဲ့ဟာ အချိန်သတ်မှတ်ချက်တွေမထားဘဲ အဖွဲ့လိုက် သိပ္ပံပရောဂျက်တစ်ခုလို လွတ်လွတ်လပ်လပ် လုပ်ဆောင်နေတယ် ဆိုပါတယ်။ ဒီအဖွဲ့ဟာ OpenAIGoogle DeepMind နဲ့ Anthropic လို ပြိုင်ဘက်ကုမ္ပဏီတွေက ထိပ်တန်းပညာရှင်တွေကို ဒေါ်လာသန်းပေါင်းများစွာနဲ့ ခေါ်ယူစုဆောင်းထားတာလဲ ဖြစ်ပါတယ်။ Scale AI က စီအီးအို အလက်ဇန်းဒါးဝမ်ဟာလဲ အဲဒီ Lab မှာ အလုပ်လုပ်ကိုင်နေတာပါ။

Reference: Perplexity. (n.d.). Perplexity AI. https://www.perplexity.ai/discover/you/zuckerberg-willing-to-risk-hun-nHvQghnhSM2sRj0FMyvU3A

ဆက်စပ်ဖတ်ရှုဖို့

Scale AI ထဲ ဒေါ်လာဆယ်ဘီလျံကျော် ရင်းနှီးဖို့ Meta ဆွေးနွေးနေ
Meta Platforms Inc. is reportedly in discussions to invest over $10 billion in Scale AI, making it one of the largest private company funding events ever.
Meta က Connect ပွဲမှာ ဒေါ်လာ ၇၉၉ တန် အေအိုင်မျက်မှန်ကို မိတ်ဆက်
Mark Zuckerberg has unveiled the Meta Ray-Ban Display and Meta Neural Band, AI glasses designed to help users stay present and focused.

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

📍
Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia 

Share this article
The link has been copied!