ဗီယက်နမ်နိုင်ငံဟာ နိုင်ငံတော်အဆင့် Blockchain ကွန်ရက်တစ်ခုကို အောင်မြင်စွာ တည်ဆောက်ပြီး မကြာခင်မှာပဲ စတင်အသုံးပြုတော့မယ်လို့ တရားဝင် ကြေညာလိုက်ပါတယ်။ နိုင်ငံနဲ့ချီတဲ့ ဒီအရွေ့ဟာ သူတို့ရဲ့ ဒစ်ဂျစ်တယ်စီးပွားရေးစနစ်ကို အရှိန်အဟုန်မြှင့်ဖို့ ခြေလှမ်းတစ်ရပ်ဖြစ်သလို အစိုးရဝန်ဆောင်မှုတွေကို ပိုပွင့်ပွင့်လင်းလင်းနဲ့ ထိရောက်အောင် လုပ်ဆောင်ဖို့ ရည်ရွယ်တာလဲ ဖြစ်ပါတယ်။

ဒီနိုင်ငံအတော်အဆင့် Blockchain ရဲ့ အဓိကရည်ရွယ်ချက်က အစိုးရလုပ်ငန်းတွေကို ‘Digitalization’ လို့ ခေါ်တဲ့ ၂၁ ရာစု နည်းပညာတွေ မြှုပ်နှံပြောင်းလဲရင်း ခေတ်မီစေဖို့ပါ။ နိုင်ငံသားမှတ်ပုံတင်စနစ်တွေ၊ စီးပွားရေးစနစ်တွေ၊ မြေယာမှတ်ပုံတင်တွေ၊ လူဝင်မှုကြီးကြပ်ရေးစနစ်တွေနဲ့ တခြားစာရွက်စာတမ်းပိုင်းတွေ ပိုလုံခြုံမြန်ဆန်အောင် ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပါတယ်။ Blockchain မှာ အချက်အလက်တွေကို ပြောင်းလဲပြင်ဆင်လို့ မရအောင် မှတ်တမ်းတင်နိုင်တဲ့ နည်းပညာအယူအဆကို အခြေခံတာမို့ အဂတိလိုက်စားမှုတွေပါ လျှော့ချနိုင်ပြီး ရှင်းလင်းပြတ်သား ပွင့်လင်းမြင်သာမှုကို ယူဆောင်လာနိုင်မဲ့ အပြောင်းအလဲလို့လဲ ယူဆနိုင်ပါတယ်။

ဒါ့အပြင် စီးပွားရေးနဲ့ ကုန်သွယ်ရေးလုပ်ငန်းဆောင်တာတွေမှာလဲ အရေးကြီးတဲ့ အပြောင်းအလဲတွေ ဖြစ်လာနိုင်တာပါ။ ပို့ကုန်-သွင်းကုန် ကုန်သွယ်မှုမှတ်တမ်းတွေကို Blockchain နဲ့ စနစ်တကျမှတ်တမ်းတင်မှာမို့ စာရွက်စာတမ်း စစ်ဆေးအတည်ပြုရတဲ့ လုပ်ငန်းစဉ်တွေဟာ ပိုရိုးရှင်းမြန်ဆန်လာနိုင်ပါလိမ့်မယ်။ ကုန်စည်ရဲ့ မူရင်းဇာစ်မြစ်ကိုလည်း တိတိကျကျ စစ်ဆေးနိုင်မှာ ဖြစ်သလို ပညာရေးနဲ့ ကျန်းမာရေး မှတ်တမ်းတွေကို လုံခြုံစွာ သိမ်းဆည်းဖို့အတွက်လဲ ဒီစနစ်ကို အသုံးပြုနိုင်မှာပါ။

ဗီယက်နမ်ဟာ နည်းပညာနဲ့ စီးပွားရေးကို ပေါင်းစပ်ရာမှာ အာရှရဲ့ ရှေ့ပြေးနိုင်ငံတစ်ခုအဖြစ် ရပ်တည်ဖို့ ပြီးခဲ့တဲ့ နှစ်တွေကတည်းက စတင်ကြိုးပမ်းလာခဲ့ပါတယ်။ ဒီ Blockchain စနစ်ကို ဆောက်လိုက်ခြင်းကနေ ဗဟိုချုပ်ကိုင်မှုနည်းပါးသွားတဲ့ စီးပွားရေးနဲ့ ငွေကြေးစနစ်တွေ ရှိလာမဲ့အပြင် နိုင်ငံရဲ့ ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံကို ခိုင်မာအောင် တည်ဆောက်ဖို့နဲ့ ဒေသတွင်း နည်းပညာကို ဦးဆောင်နိုင်ဖို့အတွက် ပိုရည်ရွယ်တာဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

Reference: Perplexity. (n.d.). Perplexity AI. https://www.perplexity.ai/discover/you/vietnam-accelerates-blockchain-EYwDWKgVSVawNTYChybl9w

ဆက်စပ်ဖတ်ရှုဖို့

ထရမ့်က အမေရိကန်ရဲ့ အရန်ဘဏ္ဍာရေးစနစ်ထဲ ဒစ်ဂျစ်တယ်ငွေကြေးတွေ ထည့်မယ်
fff

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

📍
Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia 

Share this article
The link has been copied!