OpenAI ကုမ္ပဏီရဲ့ Codex (ကုဒ်ရေးပေးတဲ့ AI ကိရိယာ) ကို ဦးဆောင်သူ Alexander Embiricos က စိတ်ဝင်စားစရာကောင်းတဲ့ အချက်တစ်ခုကို ပြောခဲ့ပါတယ်။ AI ဟာ လူသားတွေလောက် ဉာဏ်ကောင်းလာတဲ့ အဆင့် (AGI) ကို ရောက်ဖို့အတွက် လက်ရှိမှာ “ကျွန်တော်တို့ လူတွေရဲ့ စာရိုက်နှုန်း နှေးတာနဲ့ AI ကို အမြဲတမ်း စကားပြောပြီး ညွှန်ကြားနေရတာက အကြီးဆုံး အတားအဆီး ဖြစ်နေတယ်” လို့ သူက ဆိုပါတယ်။
ဒီဇင်ဘာ ၁၃ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ Podcast တစ်ခုမှာ အလက်ဇန်းဒြားက AI agent တွေ (လူတွေအတွက် အလုပ်လုပ်ပေးမဲ့ AI လက်ထောက်တွေ) ဟာ လူတွေက အမြဲတမ်း ထိုင်ကြီးကြပ်စရာမလိုဘဲ သူတို့ဘာသာ အလိုအလျောက် အလုပ်လုပ်နိုင်အောင် စနစ်တွေကို ပြောင်းလဲပစ်ရမယ်လို့ အခိုင်အမာ ပြောခဲ့ပါတယ်။ "တကယ်လို့ ကျွန်တော်တို့ အေအိုင်ကို အလိုအလျောက် အသုံးဝင်အောင် စနစ်တွေ ပြင်ဆင်နိုင်ရင် အလုပ်ရဲ့ စွမ်းဆောင်ရည် တိုးတက်မှုဟာ ရုတ်တရက် အများကြီး ခုန်တက်သွားမှာပါ" လို့ သူက ရှင်းပြပါတယ်။
သူ့ရဲ့ ပြောဆိုချက်အရ AI က လူတွေ အလုပ်လုပ်တာကို ထိုင်ကြည့်နေနိုင်ပေမဲ့ AI က ထုတ်ပေးတဲ့ အလုပ်တွေကို လူတွေက အမြဲတမ်း ပြန်စစ်ဆေးနေရရင် AI ရဲ့ စွမ်းရည်က တိုးတက်လာမှာ မဟုတ်ပါဘူး။ "Agent က မင်းရဲ့ အလုပ်အားလုံးကို ကြည့်နေနိုင်တယ်။ ဒါပေမဲ့ သူက သူ့အလုပ်ကို သူကိုယ်တိုင် ပြန်မစစ်နိုင်သေးရင်၊ မင်းက အဲဒီ ကုဒ်တွေကို ပြန်စစ်ဆေးဖို့ပဲ အချိန်ကုန်နေဦးမယ်။ အဲဒါက အလုပ်ကို နှေးစေတဲ့ အကြောင်းအရင်းပဲ" လို့ သူက ဆိုပါတယ်။
လေ့လာ၊ ချိတ်ဆက်၊ တိုးတက် - TalentOS
ဘယ်လောက်ပဲ ကြိုးစားနေနေ အခွင့်အရေးတွေ ရှားပါးလာတယ်လို့ လူငယ်အများစု ခံစားနေကြရမှာပါ။
ဒီပြဿနာတွေကို ဖြေရှင်းပေးဖို့ TalentOS ရောက်ရှိလာပါပြီ။
TalentOS ဆိုတာ ဒေါ်လာနဲ့ရမယ့် အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ ချိတ်ဆက်ပေးတဲ့ Platform တစ်ခုဖြစ်ပြီး CV form တွေ၊ Resume တွေ မလိုအပ်ပါဘူး။ TalentOS မှာရှိတဲ့ Mission တွေထဲက ကိုယ်ကြိုက်တာကို ရွေးလုပ်၊ ပြီးသွားတဲ့အခါ ကိုယ်လုပ်ခဲ့တဲ့ Result ကို ပြန်တင်လိုက်ရုံနဲ့ သင့် Profile မှာ လက်တွေ့လုပ်ပြထားတဲ့ သက်သေအဖြစ် မှတ်တမ်းဝင်နေမှာပါ။
ဒီ Profile ကို TalentOS ပေါ်က လုပ်ငန်းရှင်တွေ၊ Employer တွေကလည်း တိုက်ရိုက်မြင်နိုင်ပါတယ်။ နိုင်ငံတကာကုမ္ပဏီတွေက Bounty လို့ခေါ်တဲ့ ဒေါ်လာနဲ့ရမယ့် အလုပ်တွေကိုလည်း ဝင်ပြိုင်ပြီး ကိုယ့်ရဲ့ အရည်အသွေးကို လက်တွေ့ချပြနိုင်တယ်။ နိုင်ရင် ဆုကြေးရမယ်။ ရိုးရှင်းပါတယ်။
TalentOS နဲ့အတူ ကိုယ့်ရဲ့လုပ်နိုင်စွမ်းတွေကို ဖော်ထုတ်ဖို့ အခုပဲ Play Store/ App Store မှာ Download ရယူလိုက်ပါ။
ဒီ OpenAI အရာရှိက ပထမဆုံး စတင်အသုံးပြုတဲ့သူတွေဟာ ၂၀၂၆ ခုနှစ်ကစပြီး လုပ်ငန်းစွမ်းဆောင်ရည်တွေ အံ့မခန်း တိုးတက်လာတာကို မြင်ရလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒီလို အလုပ်တွေ လွယ်လွယ်ကူကူ ပြီးမြောက်လာတဲ့အခါမှာ ရရှိလာတဲ့ အတွေ့အကြုံတွေနဲ့ ပိုက်ဆံတွေဟာ AI ဓာတ်ခွဲခန်းတွေဆီ ပြန်ရောက်လာပြီး၊ အဲဒီအချိန်မှာ AGI (လူသားလောက် ဉာဏ်ကောင်းတဲ့ AI) ကို ရောက်ရှိပြီလို့ သတ်မှတ်နိုင်မယ်လို့ သူက ဆိုပါတယ်။
OpenAI ရဲ့ Codex ဟာ မိတ်ဆက်ပြီးကတည်းက အဆ ၂၀ အထိ ကြီးထွားလာခဲ့ပါတယ်။ ဒီလိုမျိုး prompt တစ်ခုတည်းကို တုံ့ပြန်ရုံသက်သက်မဟုတ်ဘဲ အဆင့်များစွာရှိတဲ့ အလုပ်တွေကို ကိုယ်တိုင် လုပ်ဆောင်ပေးနိုင်တဲ့ AI စနစ်တွေကို လုပ်ငန်းတွေက လျင်မြန်စွာ လက်ခံသုံးစွဲလာနေတာကို ပြသနေတာလို့လဲ တစ်ဆက်တည်း ကောက်ချက်ချနိုင်ပါတယ် AI နယ်ပယ်မှာ AGI ကို ရောက်ရှိဖို့ ပြိုင်ဆိုင်မှု ပြင်းထန်နေချိန်ဖြစ်ပြီး ကျွမ်းကျင်သူတွေက ၂၀၂၇ ခုနှစ်မှာ AGI ရောက်ဖို့ ၂၅% အခွင့်အရေးရှိတယ်လို့ ခန့်မှန်းထားကြတာပါ။
Reference: Perplexity. (n.d.). Perplexity AI. https://www.perplexity.ai/discover/you/openai-head-says-human-typing-weIuoB1vQ5WRhOPWepWS1g
ဆက်စပ်လို့
Build Myanmar - MediaMin Z