Meta Platforms ဟာ စင်ကာပူအခြေစိုက် AI နည်းပညာလုပ်ငန်းသစ်တစ်ခုဖြစ်တဲ့ Manus ကို ဝယ်ယူလိုက်ပြီလို့ ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ ဒီလိုလုပ်လိုက်တာဟာ Meta အတွက် AI ရင်းနှီးမြှုပ်နှံမှုတွေကနေ ဝင်ငွေပြန်ရမယ့် ထုတ်ကုန်တွေဆီကို ဦးတည်တဲ့ နောက်ဆုံးခြေလှမ်းပါ။ ဒီဝယ်ယူမှုကြောင့် subscription စနစ်နဲ့ AI agent တွေ ပေးတဲ့ Manus ရဲ့ လုပ်ငန်း Meta လက်ထဲ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားပါပြီ။

ဘယ်လောက်တန်ကြေးနဲ့ ဝယ်ယူလိုက်တယ်ဆိုတာ ထုတ်ဖော်ပြောကြားခြင်း မရှိပေမဲ့ ဒီဝယ်ယူမှုကြောင့် Meta ဟာ AI နယ်ပယ်မှာ အလုပ်ဖြစ်နေပြီးသား ဝင်ငွေရလမ်းကို ချက်ချင်း လက်လှမ်းမီသွားခဲ့ပါတယ်။ Manus ကုမ္ပဏီဟာ ၂၀၂၅ ခုနှစ် မတ်လမှာမှ စတင်ခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ ရှစ်လအကြာမှာ နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၁၂၅ သန်း ရတဲ့ အဆင့်ကို ရောက်ရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားတာပါ။ ဒါကြောင့်ပဲ ဒီကုမ္ပဏီဟာ နှစ်စဉ်ဝင်ငွေ ဒေါ်လာ သန်း ၁၀၀ ကို အမြန်ဆုံး ရောက်ရှိနိုင်တဲ့ ကုမ္ပဏီသစ် ဖြစ်လာခဲ့ပါတယ်။

ဒီဝယ်ယူမှုက CEO Mark Zuckerberg ရဲ့ မဟာဗျူဟာနဲ့လဲ ကိုက်ညီနေပါတယ်။ Meta ဟာ AI မှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံနေပြီး ဒါကိုပဲ ကုမ္ပဏီရဲ့ အဓိက ဦးစားပေးအဖြစ် သတ်မှတ်ထားတာပါ။ ၂၀၂၅ ခုနှစ်အတွက် အနည်းဆုံး ဒေါ်လာ ၇၀ ဘီလျံ သုံးစွဲဖို့ သဘောတူထားပြီး၊ နောက်နှစ်မှာ ဒေါ်လာ ဘီလျံ ၁၀၀ ကျော်အထိ သုံးစွဲဖို့ ခန့်မှန်းထားတာဟာ AI အခြေခံအဆောက်အအုံအတွက် အုတ်မြစ်ဖြစ်နေတာပါ။

လေ့လာ၊ ချိတ်ဆက်၊ တိုးတက် - TalentOS

ဘယ်လောက်ပဲ ကြိုးစားနေနေ အခွင့်အရေးတွေ ရှားပါးလာတယ်လို့ လူငယ်အများစု ခံစားနေကြရမှာပါ။

ဒီပြဿနာတွေကို ဖြေရှင်းပေးဖို့ TalentOS ရောက်ရှိလာပါပြီ။

TalentOS ဆိုတာ ဒေါ်လာနဲ့ရမယ့် အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ ချိတ်ဆက်ပေးတဲ့ Platform တစ်ခုဖြစ်ပြီး CV form တွေ၊ Resume တွေ မလိုအပ်ပါဘူး။ TalentOS မှာရှိတဲ့ Mission တွေထဲက ကိုယ်ကြိုက်တာကို ရွေးလုပ်၊ ပြီးသွားတဲ့အခါ ကိုယ်လုပ်ခဲ့တဲ့ Result ကို ပြန်တင်လိုက်ရုံနဲ့ သင့် Profile မှာ လက်တွေ့လုပ်ပြထားတဲ့ သက်သေအဖြစ် မှတ်တမ်းဝင်နေမှာပါ။

ဒီ Profile ကို TalentOS ပေါ်က လုပ်ငန်းရှင်တွေ၊ Employer တွေကလည်း တိုက်ရိုက်မြင်နိုင်ပါတယ်။ နိုင်ငံတကာကုမ္ပဏီတွေက Bounty လို့ခေါ်တဲ့ ဒေါ်လာနဲ့ရမယ့် အလုပ်တွေကိုလည်း ဝင်ပြိုင်ပြီး ကိုယ့်ရဲ့ အရည်အသွေးကို လက်တွေ့ချပြနိုင်တယ်။ နိုင်ရင် ဆုကြေးရမယ်။ ရိုးရှင်းပါတယ်။

TalentOS နဲ့အတူ ကိုယ့်ရဲ့လုပ်နိုင်စွမ်းတွေကို ဖော်ထုတ်ဖို့ အခုပဲ Play Store/ App Store မှာ Download ရယူလိုက်ပါ။

ခုပဲ ဒေါင်းလိုက်ပါ

Manus ဟာ သုတေသနလုပ်ငန်း၊ အလိုအလျောက်လုပ်ဆောင်မှု (automation) ကနေ web development အထိ ရှုပ်ထွေးတဲ့ အလုပ်တွေကို လူတွေရဲ့ ကြီးကြပ်မှု အနည်းဆုံးနဲ့ သူတို့ဘာသာ လုပ်ဆောင်နိုင်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ AI agent တွေကို ဖန်တီးခဲ့တာပါ။ လုပ်ငန်းစတင်ပြီးကတည်းက ဒီ platform ဟာ trillions of tokens (အချက်အလက် ယူနစ်) ၁၄၇ ထရီလီယံကျော်ကို လုပ်ဆောင်ပေးခဲ့ပြီး၊ virtual computers ပေါင်း သန်း ၈၀ ကျော် ဖန်တီးပေးခဲ့ပြီးပြီ။

Manus ရဲ့ CEO Xiao Hong က ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်မှာ "Meta နဲ့ ပူးပေါင်းလိုက်ခြင်းဟာ ကျွန်တော်တို့ Manus ရဲ့ အလုပ်လုပ်ပုံ ဒါမှမဟုတ် ဆုံးဖြတ်ချက်ချပုံကို ပြောင်းလဲစရာမလိုဘဲ ပိုမိုခိုင်မာပြီး ရေရှည်တည်တံ့တဲ့ အခြေခံအုတ်မြစ်ပေါ်မှာ ဆက်လက်တည်ဆောက်ခွင့် ရစေပါတယ်" လို့ ပြောကြားခဲ့ပါတယ်။ ဒီကုမ္ပဏီသစ်ဟာ စင်ကာပူကနေပဲ ဆက်လက် လည်ပတ်သွားမှာဖြစ်ပြီး၊ သူ့ရဲ့ subscription service ကိုလည်း app နဲ့ ဝက်ဘ်ဆိုက်ကနေ ဆက်လက်ပေးသွားမှာပါ။

Meta ဟာ ဒီဒီဇင်ဘာလမှာပဲ AI wearables (ဝတ်ဆင်နိုင်တဲ့ AI) လုပ်ငန်းသစ် Limitless ကိုလည်း ဝယ်ယူခဲ့ပါသေးတယ်။ ဒါက Meta ဟာ AI သုတေသနလုပ်ငန်းတွေကို သုံးစွဲသူနဲ့ စီးပွားရေးထုတ်ကုန်တွေအဖြစ် ပြောင်းလဲဖို့ အားထုတ်နေတာကို ပြသနေပါတယ်။ Manus version 1.5 ကို အောက်တိုဘာလမှာ ထုတ်ပြီးကတည်းက Meta ဟာ တစ်လကို ၂၀% ကျော် တိုးတက်လာခဲ့တယ်လို့ သိရပါတယ်။ Zuckerberg ကလည်း "ကိုယ်ပိုင် Superintelligence" ဖြစ်စေဖို့ ရည်မှန်းထားပြီး၊ နောက်ဆုံးမှာ AI agent ဘီလျံပေါင်းများစွာ ရှိလာပြီး လုပ်ငန်းတိုင်းက ဖောက်သည်တွေနဲ့ ဆက်ဆံဖို့အတွက် AI agent ကိုယ်စီထားရှိလာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

Reference: Perplexity. (n.d.). Perplexity AI. https://www.perplexity.ai/discover/you/meta-acquires-ai-startup-manus-AYJrE1m9Q1yf9OEp3Ug7wA

ဆက်စပ်သတင်း

https://www.buildmyanmarmedia.com/meta-buys-half-of-the-scale-ai-startu/

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

📍
Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia 

Share this article
The link has been copied!