နာမည်ကြီး အေအိုင်ကုမ္ပဏီ Anthropic ဟာ မကြာသေးခင်ကတင် Claude Sonnet 4.5 ကို မိတ်ဆက်လိုက်ပြီး ဒီအေအိုင်မော်ဒယ်ဟာ နာရီ ၃၀ ကျော်ကြာတဲ့ထိ ဆက်တိုက်မနားတမ်း code ရေးနိုင်တဲ့ စွမ်းရည်ရှိတယ်လို့ ကြေညာထားပါတယ်။ ဒီလို ဆက်တိုက်လုပ်ဆောင်နိုင်စွမ်းဟာ အရင်မျိုးဆက် အေအိုင်မော်ဒယ်ဖြစ်တဲ့ Claude Opus 4 ရဲ့ ၇ နာရီထက် လေးဆကျော် ပိုများတာမို့ Autonomous Coding နယ်ပယ်မှာ အတော်ကြီးမားတဲ့ တိုးတက်မှုအဖြစ်လဲ မှတ်ယူနိုင်တာပါ။

Amazon ရဲ့ ထောက်ပံ့မှုရထားတဲ့ Anthropic ဟာ သူတို့ရဲ့ ဒီမော်ဒယ်သစ်ကို လုပ်ငန်းသုံးအ စံနှုန်းတွေပေါ်မှာ အခြေခံပြီး တည်ဆောက်ထားတဲ့ "ကမ္ဘာ့အကောင်းဆုံး coding model" လို့ ကြွေးကြော်ထားတာပါ။ Claude Sonnet 4.5 ဟာ လက်တွေ့အပြင်က Software Engineering စိန်ခေါ်မှုတွေကို စမ်းသပ်တဲ့ SWE-Bench စံနှုန်းမှာ ၇၇ ရာခိုင်နှုန်းကျော်အထိ အမှတ်ရခဲ့ပါတယ်။ ကုမ္ပဏီရဲ့ အတွင်းစည်းစမ်းသပ်မှုတွေအရလဲ Sonnet 4.5 က လူစွက်ဖက်မှု လုံးဝမရှိဘဲ လိုင်းပေါင်း ၁၁,၀၀၀ ခန့်ရှိတဲ့ Chat Application တစ်ခုလုံးကို အစအဆုံးရေးဆွဲနိုင်ခဲ့ပြီး development process တစ်လျှောက်လုံးလဲ သေချာဆောင်ရွက်ပေးတယ်လို့ ပြောပါတယ်။

တီထွင်ဖန်တီးမှုတို့ ပြည့်နှက်ရာ Community Center

မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် အလိုအပ်ဆုံးက အလုပ်လုပ်ဖို့၊ စာကြည့်ဖို့၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆုံဖို့ 'သီးသန့်ဆန်တဲ့ နေရာတစ်ခု' ဖြစ်ပါလိမ့်မယ်။ ဒီပြဿနာအတွက် ဖြေရှင်းနည်းက Build Myanmar Community Center မှာ ရှိပါတယ်

Community Center . . .? ဘယ်လိုမျိုးလဲ . . .?

  • ရေမီးအစုံ၊ အင်တာနက်လိုင်းကောင်းကောင်းနဲ့ ကျယ်ကျယ်ဝန်းဝန်းနေရာ
  • အလုပ်လုပ်နိုင်မဲ့ Co-working Space
  • Networking Session တွေ
  • နယ်ပယ်ပေါင်းစုံက ပညာရှင်တွေရဲ့ Workshop တွေ
  • အသိပညာရေသောက်မြစ်အတွက် Library နဲ့
  • တီထွင်ဖန်တီးနိုင်ဖို့ Maker Space တွေ ပါဝင်ပါတယ်။

စိတ်ဝင်စားတယ်ဆိုရင် အောက်ကလင့်ခ်က တစ်ဆင့် အခုပဲ ဝင်လေ့လာကြည့်ပါ။

ဒီကိုနှိပ်ပါ
iGent AI ရဲ့ CEO ဖြစ်သူ Sean Ward က "Claude Sonnet 4.5 က ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တစ်ခုလို ဖြစ်လာပါတယ်။ နာရီ ၃၀ လောက်ကြာအောင် မရပ်မနား Coding လုပ်နိုင်တာက အင်ဂျင်နီယာတွေအဖို့တော့ လနဲ့ချီကြာနဲ့ ခပ်ရှုပ်ရှုပ်ဆော့ဝဲအလုပ်တွေကို အချိန်တိုအတွင်း ပြီးမြောက်နိုင်မှာ ဖြစ်တယ်’ လို့ ပြောတာပါ။

၃၀ နာရီကျော် အလိုအလျောက် coding လုပ်နိုင်တဲ့အတွက် ကျွန်တော်တို့ရဲ့ အင်ဂျင်နီယာတွေဟာ လနဲ့ချီကြာနိုင်တဲ့ ရှုပ်ထွေးတဲ့ ဗိသုကာဆိုင်ရာ လုပ်ငန်းတွေကို အချိန်တိုအတွင်း ပြီးမြောက်နိုင်မှာ ဖြစ်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

Anthropic ဘက်ကတော့ သူတို့ရဲ့ မော်ဒယ်ကို နည်းပညာအရ ရှေ့အရောက်ဆုံးနဲ့ စနစ်ချို့ယွင်းချက်နည်းပါးပြီး ပြင်ပက prompt injection အပြုအမူတွေကနေ ကာကွယ်နိုင်တဲ့ လုံခြုံရေးစနစ်မြင့်မြင့်တွေ ထည့်ထားတယ်လို့ သိရတာပါ။

Reference: Perplexity. (n.d.). Perplexity AI. https://www.perplexity.ai/discover/you/anthropic-claims-claude-sonnet-eOHXJjMrTYaMn5S6NhPENQ

ဆက်စပ်ဖတ်ရှုဖို့

Anthrpic က Claude Gov AI မော်ဒယ်ကို မိတ်ဆက်
Anthropic has announced Claude Gov, an AI product designed for US defense and intelligence agencies.

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

📍
Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia 

Share this article
The link has been copied!