ကမ္ဘာကျော် နည်းပညာကုမ္ပဏီကြီး Amazon ဟာ သူတို့ရဲ့ လုပ်ငန်းခွဲတချို့အတွက် မူဝါဒအသစ်တစ်ခုကို ချမှတ်လိုက်ပါပြီ။ အဲဒါကတော့ ရာထူးတိုးလိုတဲ့ ဝန်ထမ်းတွေအနေနဲ့ သူတို့ရဲ့နေ့စဉ်လုပ်ငန်းခွင်မှာ ဉာဏ်ရည်တု (AI) ကို ဘယ်လိုအသုံးပြုလဲဆိုတာ သက်သေပြနိုင်မှ ရမယ်ဆိုတဲ့အချက်ပါပဲ။ ဒီမူဝါဒဟာ လက်ရှိမှာတော့ Ring, Blink, Key နဲ့ အခြား စမတ်အိမ်သုံးပစ္စည်း ထုတ်လုပ်တဲ့ RBKS ဌာနတွေကိုပဲ အဓိက သက်ရောက်မှုရှိမှာပါ။

ဒီမူဝါဒသစ်ကို Ring ရဲ့ တည်ထောင်သူဖြစ်ပြီး လက်ရှိ Amazon ရဲ့ RBKS အဖွဲ့အစည်းကို ဦးဆောင်နေတဲ့ Jamie Siminoff က ကုမ္ပဏီတစ်ဝန်းလုံးကို အီးမေးလ်ကနေတစ်ဆင့် အသိပေးခဲ့တာပါ။ သူ့ရဲ့ အီးမေးလ်မှာ RBKS ဌာနအတွင်း ရာထူးတိုးမြှင့်မှုတွေဟာ ဝန်ထမ်းတွေရဲ့ AI tools တွေ အသုံးပြုပုံအပေါ်မှာ မူတည်တော့မယ်လို့ ဖော်ပြထားပါတယ်။ ဝန်ထမ်းတွေအနေနဲ့ generative AI အပါအဝင် AI နည်းပညာတွေကို အသုံးပြုပြီး Customer Service ဒါမှမဟုတ် အတွင်းပိုင်းလုပ်ငန်းတွေကို ဘယ်လို အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးခဲ့တယ်ဆိုတာကို ရှင်းပြရမှာ ဖြစ်ပါတယ်။ ရာထူးတိုးလျှောက်ထားသူတွေဟာ သူတို့လုပ်ခဲ့တဲ့ AI ပရောဂျက်တွေရဲ့ လက်တွေ့ဥပမာတွေနဲ့ ရရှိခဲ့တဲ့ ရလဒ်တွေကိုလဲ ပြသရပါလိမ့်မယ်။

တီထွင်ဖန်တီးမှုတို့ ပြည့်နှက်ရာ Community Center

မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် အလိုအပ်ဆုံးက အလုပ်လုပ်ဖို့၊ စာကြည့်ဖို့၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆုံဖို့ 'သီးသန့်ဆန်တဲ့ နေရာတစ်ခု' ဖြစ်ပါလိမ့်မယ်။ ဒီပြဿနာအတွက် ဖြေရှင်းနည်းက Build Myanmar Community Center မှာ ရှိပါတယ်

Community Center . . .? ဘယ်လိုမျိုးလဲ . . .?

  • ရေမီးအစုံ၊ အင်တာနက်လိုင်းကောင်းကောင်းနဲ့ ကျယ်ကျယ်ဝန်းဝန်းနေရာ
  • အလုပ်လုပ်နိုင်မဲ့ Co-working Space
  • Networking Session တွေ
  • နယ်ပယ်ပေါင်းစုံက ပညာရှင်တွေရဲ့ Workshop တွေ
  • အသိပညာရေသောက်မြစ်အတွက် Library နဲ့
  • တီထွင်ဖန်တီးနိုင်ဖို့ Maker Space တွေ ပါဝင်ပါတယ်။

စိတ်ဝင်စားတယ်ဆိုရင် အောက်ကလင့်ခ်က တစ်ဆင့် အခုပဲ ဝင်လေ့လာကြည့်ပါ။

ဒီကိုနှိပ်ပါ

ဒီလိုသတ်မှတ်လိုက်တာဟာ Amazon လို နည်းပညာကုမ္ပဏီကြီးတွေအနေနဲ့ AI ကို ရွေးချယ်စရာ နည်းပညာတစ်ခုအနေနဲ့ မဟုတ်တော့ဘဲ အခြေခံလိုအပ်တဲ့ ကျွမ်းကျင်မှုတစ်ခု အဖြစ် သတ်မှတ်လာပြီဆိုတာကို ပြသနေပါတယ်။ ဒါ့အပြင် ခေါင်းဆောင်ပိုင်းက မန်နေဂျာတွေအနေနဲ့လဲ သူတို့ကိုယ်တိုင် AI ကို ဘယ်လိုအသုံးပြုပြီး ရလဒ်ကောင်းတွေ ရခဲ့လဲဆိုတာအပြင် ဝန်ထမ်းအင်အား မတိုးဘဲ လုပ်ငန်းတွေ ပိုပြီး ထိရောက်အောင် AI နဲ့ ဘယ်လိုလုပ်ဆောင်ခဲ့လဲဆိုတာပါ ပြသရတော့မှာ ဖြစ်ပါတယ်။

ဒီမူဝါဒဟာ Amazon တစ်ခုတည်းမှာပဲ ရှိတာ မဟုတ်ပါဘူး။ တခြား နည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ Microsoft နဲ့ Shopify တို့မှာလည်း ဝန်ထမ်းတွေရဲ့ လုပ်ငန်းခွင်မှာ AI အသုံးပြုမှုကို စွမ်းဆောင်ရည် အကဲဖြတ်တဲ့နေရာမှာ ထည့်သွင်းစဉ်းစားလာနေပြီလို့ သိရပါတယ်။ ဒါဟာ နည်းပညာလောကမှာ AI နည်းပညာရဲ့ အရေးပါမှုက ဘယ်လောက်အထိ ကြီးထွားလာနေပြီလဲဆိုတာကို ပြသနေတာပဲ ဖြစ်ပါတယ်။

Reference: Perplexity. (n.d.). Perplexity AI. https://www.perplexity.ai/discover/finance/some-amazon-divisions-to-requi-j69vFX7fSdiiU6Uo.9JdKA

ဆက်စပ်ဖတ်ရှုဖို့

နျူကလီးယားစွမ်းအင်သုံး ဒေတာစင်တာများ Amazon နှင့် Microsoft တည်ဆောက်ရန်ရှိ
နျူကလီးယားစွမ်းအင်သုံး ဒေတာစင်တာတွေ တည်ဆောက်ဖို့တွက် ထိပ်တန်းနည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ Amazon နဲ့ Microsoft တို့က စီစဉ်နေတာကို Perplexity AI ရဲ့ ထုတ်ပြန်ဖော်ပြ

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

📍
Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!