Meta ကုမ္ပဏီရဲ့ CEO ဖြစ်သူ မာ့ခ်ဇူကာဘဂ်က အနာဂတ်အတွက် သူရဲ့ မျှော်မှန်းချက်အသစ်ဖြစ်တဲ့ 'ကိုယ်ပိုင် စူပါဉာဏ်ရည်တု' (personal superintelligence) အကြောင်းကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒါဟာ လူသားတစ်ဦးချင်းစီရဲ့ဘဝထဲကို အပြည့်အဝ ပေါင်းစည်းဝင်ရောက်လာမယ့် AI စနစ်တစ်ခုအဖြစ် ရည်ရွယ်ထားတာဖြစ်ပြီး လက်ရှိ AI နည်းပညာတွေထက် အဆပေါင်းများစွာ ပိုမိုအဆင့်မြင့်လာမဲ့ ပုံစံမျိုးပဲလို့ သူက ရှင်းပြပါတယ်။

‘ဒီ 'ကိုယ်ပိုင် စူပါဉာဏ်ရည်တု' ဆိုတာကတော့ လူတစ်ယောက်လိုပဲ ဉာဏ်ရည်မြင့်မားပြီး၊ အမှတ်တရတွေအားလုံးကို အပြည့်အစုံမှတ်မိနိုင်တဲ့၊ သုံးစွဲသူနဲ့ပတ်သက်တဲ့ အချက်အလက်အားလုံးကို နားလည်ထားတဲ့ AI assistant တစ်ခုပဲ ဖြစ်ပါတယ်။ ဒီ AI ဟာ ကိုယ့်ဘေးမှာ အမြဲတမ်းရှိနေမယ်၊ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေ၊ အပြုအမူတွေကို နားလည်ပေးနိုင်ပြီး၊ အလုပ်ကိစ္စတွေကစလို့ ကိုယ်ပိုင်ဘဝအထိပါ ကူညီပေးနိုင်မယ်’ လို့ ဇူကာဘတ်က ပြောပါတယ်။ ဥပမာအနေနဲ့ ဓာတ်ပုံရိုက်ပြီးတဲ့နောက် အဲဒီပုံထဲက သူငယ်ချင်းတစ်ယောက်ရဲ့ နာမည်ကို မေ့နေရင်တောင် ဒီ AI က အလွယ်တကူ မှတ်မိနေမှာမျိုးပေါ့။

တီထွင်ဖန်တီးမှုတို့ ပြည့်နှက်ရာ Community Center

မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် အလိုအပ်ဆုံးက အလုပ်လုပ်ဖို့၊ စာကြည့်ဖို့၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆုံဖို့ 'သီးသန့်ဆန်တဲ့ နေရာတစ်ခု' ဖြစ်ပါလိမ့်မယ်။ ဒီပြဿနာအတွက် ဖြေရှင်းနည်းက Build Myanmar Community Center မှာ ရှိပါတယ်

Community Center . . .? ဘယ်လိုမျိုးလဲ . . .?

  • ရေမီးအစုံ၊ အင်တာနက်လိုင်းကောင်းကောင်းနဲ့ ကျယ်ကျယ်ဝန်းဝန်းနေရာ
  • အလုပ်လုပ်နိုင်မဲ့ Co-working Space
  • Networking Session တွေ
  • နယ်ပယ်ပေါင်းစုံက ပညာရှင်တွေရဲ့ Workshop တွေ
  • အသိပညာရေသောက်မြစ်အတွက် Library နဲ့
  • တီထွင်ဖန်တီးနိုင်ဖို့ Maker Space တွေ ပါဝင်ပါတယ်။

စိတ်ဝင်စားတယ်ဆိုရင် အောက်ကလင့်ခ်က တစ်ဆင့် အခုပဲ ဝင်လေ့လာကြည့်ပါ။

ဒီကိုနှိပ်ပါ

ဇူကာဘတ်ဟာ ဒီလို AI စနစ်မျိုးဟာ စမတ်ဖုန်းတွေ ဒါမှမဟုတ် Meta ရဲ့ စမတ်မျက်မှန်တွေလို ကိုယ်မှာဝတ်ဆင်နိုင်တဲ့ နည်းပညာတွေကတစ်ဆင့် သုံးစွဲသူတို့ရဲ့ ဘဝထဲကို ဝင်ရောက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒါ့အပြင် သူက အခုလက်ရှိ AI တွေထက် ဒီစနစ်က ပိုပြီး စိတ်ဝင်စားစရာကောင်းပြီး အသုံးဝင်လာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ဒါပေမဲ့ ဒီလိုစနစ်မျိုးကို ဖန်တီးရာမှာ လုံခြုံရေး၊ ကိုယ်ရေးကိုယ်တာပြဿနာနဲ့ AI စနစ်ရဲ့ ဆုံးဖြတ်ချက်တွေဟာ ဘယ်လိုအလုပ်လုပ်လဲဆိုတာကို ရှင်းရှင်းလင်းလင်း သိနိုင်ဖို့ စိန်ခေါ်မှုတွေလဲ ရှိလာနိုင်ပါတယ်။ ဇူကာဘတ်ရဲ့ ဒီမျှော်မှန်းချက်က အနာဂတ်မှာ AI ဟာ ရိုးရိုးကိရိယာတစ်ခုအဖြစ် ရပ်တည်တော့မှာ မဟုတ်ဘဲ လူနေမှုဘဝအတွက် မရှိမဖြစ်လိုအပ်တဲ့ ကိုယ်ပိုင်အဖော်တစ်ခု ဖြစ်လာနိုင်တယ်ဆိုတာကို ပြသနေတာလဲ ဖြစ်တာပါ။

ReferenPerplexity. (n.d.). Perplexity AI. https://www.perplexity.ai/discover/tech/zuckerberg-unveils-meta-s-pers-H5FXdDnWQfqG25VHTMlPhg

ဆက်စပ်ဖတ်ရှုဖို့

Meta က Scale AI ကုမ္ပဏီတစ်ဝက်ကို ဝယ်၊ CEO ကိုပါ ခေါ်ယူ
Meta Platforms has acquired a 49% non-voting stake in Scale AI, valued at around $29 billion, for $14.8 billion.

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

📍
Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!