Elon Musk က xAI ရဲ့ နောက်ဆုံးပေါ် AI chatbot ဖြစ်တဲ့ Grok 4.2 (public beta) ဗားရှင်းကို ဖေဖော်ဝါရီ ၁၇ ရက်မှာ စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း X (ယခင် Twitter) ပလက်ဖောင်းမှာ ကြေညာလိုက်ပါတယ်။ ဒီဗားရှင်းဟာ အရင် Grok ဗားရှင်းတွေနဲ့မတူဘဲ "Rapid Learning" (လျင်မြန်စွာ သင်ယူနိုင်စွမ်း) ရှိတာကြောင့် အသုံးပြုသူတွေဆီက ရရှိတဲ့ တုံ့ပြန်ချက်တွေအပေါ် မူတည်ပြီး အပတ်စဉ် ပိုမိုကောင်းမွန်အောင် အဆင့်မြှင့်တင်သွားမှာဖြစ်တယ်လို့ Musk က ဆိုပါတယ်။

နည်းပညာပိုင်းဆိုင်ရာမှာတော့ Grok 4.2 ဟာ Multi-agent Architecture လို့ခေါ်တဲ့ AI အေးဂျင့်အများအပြား ပူးပေါင်းလုပ်ဆောင်တဲ့ စနစ်ကို အသုံးပြုထားပါတယ်။ ဒီစနစ်မှာ AI အေးဂျင့်တွေက တစ်ခုနဲ့တစ်ခု အပြန်အလှန် စစ်ဆေးပေးတဲ့ (Peer Review) ယန္တရား ပါဝင်တာကြောင့် အချက်အလက်မှားယွင်းမှု (Hallucinations) ကို ၆၅% အထိ လျှော့ချနိုင်ခဲ့ပြီး အရင်က ၁၂% ခန့်ရှိခဲ့တဲ့ အမှားနှုန်းကို ၄.၂% အထိ သိသိသာသာ လျှော့ချနိုင်ခဲ့ပါတယ်။ ဒါကြောင့် Grok 4.2 ဟာ အရင်ဗားရှင်းတွေထက် ပိုမိုတိကျပြီး အဆင့်မြင့်တဲ့ အင်ဂျင်နီယာပိုင်းဆိုင်ရာ မေးခွန်းတွေကိုပါ ဖြေဆိုနိုင်စွမ်း ရှိလာတာ ဖြစ်ပါတယ်။

လေ့လာ၊ ချိတ်ဆက်၊ တိုးတက် - TalentOS

ဘယ်လောက်ပဲ ကြိုးစားနေနေ အခွင့်အရေးတွေ ရှားပါးလာတယ်လို့ လူငယ်အများစု ခံစားနေကြရမှာပါ။

ဒီပြဿနာတွေကို ဖြေရှင်းပေးဖို့ TalentOS ရောက်ရှိလာပါပြီ။

TalentOS ဆိုတာ ဒေါ်လာနဲ့ရမယ့် အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ ချိတ်ဆက်ပေးတဲ့ Platform တစ်ခုဖြစ်ပြီး CV form တွေ၊ Resume တွေ မလိုအပ်ပါဘူး။ TalentOS မှာရှိတဲ့ Mission တွေထဲက ကိုယ်ကြိုက်တာကို ရွေးလုပ်၊ ပြီးသွားတဲ့အခါ ကိုယ်လုပ်ခဲ့တဲ့ Result ကို ပြန်တင်လိုက်ရုံနဲ့ သင့် Profile မှာ လက်တွေ့လုပ်ပြထားတဲ့ သက်သေအဖြစ် မှတ်တမ်းဝင်နေမှာပါ။

ဒီ Profile ကို TalentOS ပေါ်က လုပ်ငန်းရှင်တွေ၊ Employer တွေကလည်း တိုက်ရိုက်မြင်နိုင်ပါတယ်။ နိုင်ငံတကာကုမ္ပဏီတွေက Bounty လို့ခေါ်တဲ့ ဒေါ်လာနဲ့ရမယ့် အလုပ်တွေကိုလည်း ဝင်ပြိုင်ပြီး ကိုယ့်ရဲ့ အရည်အသွေးကို လက်တွေ့ချပြနိုင်တယ်။ နိုင်ရင် ဆုကြေးရမယ်။ ရိုးရှင်းပါတယ်။

TalentOS နဲ့အတူ ကိုယ့်ရဲ့လုပ်နိုင်စွမ်းတွေကို ဖော်ထုတ်ဖို့ အခုပဲ Play Store/ App Store မှာ Download ရယူလိုက်ပါ။

ခုပဲ ဒေါင်းလိုက်ပါ

လက်ရှိမှာ Grok 4.2 ကို grok.com နဲ့ iOS/Android app တွေကနေတစ်ဆင့် SuperGrok နဲ့ X Premium+ အဖွဲ့ဝင်တွေ စတင်အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ ဒီဗားရှင်းကို အသုံးပြုဖို့အတွက် အသုံးပြုသူတွေအနေနဲ့ model selection menu မှာ manual ရွေးချယ်ပေးဖို့ လိုအပ်ပါတယ်။ Anthropic က Claude 4.6 ကို ထုတ်လုပ်လိုက်တဲ့နေ့မှာပဲ xAI က ဒီ Grok 4.2 ကို မိတ်ဆက်ခဲ့တာကြောင့် AI လောကမှာ ပြိုင်ဆိုင်မှုတွေ ပိုမိုပြင်းထန်လာနေပြီး၊ လာမယ့်လမှာ Beta အဆင့်ပြီးဆုံးသွားရင် Grok 4 ထက် ဆယ်ဆခန့် ပိုမိုစမတ်ကျပြီး မြန်ဆန်လာလိမ့်မယ်လို့ Musk က ခန့်မှန်းထားပါတယ်။

Reference: Perplexity. (n.d.). Perplexity AI. https://www.perplexity.ai/discover/you/xai-launches-grok-4-2-beta-wit-qai1Bht.R460kDX8sxvngg

ဆက်စပ်ဖတ်ဖို့

xAI က နောက်ထပ် ဒေါ်လာ ခြောက်ဘီလျံ မ,တည်နိုင်ခဲ့
အီလွန်မက်စ်ခ်ပိုင်ဆိုင်တဲ့ X (ယခင်တွစ်တာ) ပေါ်မှာရှိတဲ့ xAI အမည်ရ AI Assistant Startup ဟာ အမေရိကန်အပါအဝင် ဆော်ဒီအာရေးဗျနဲ့ ကာတာနိုင်ငံ ရင်းနှီးမြှုပ်နှံသူတွ

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: [email protected]

📍
Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!