
အမေရိကန်စစ်တပ်က ကမ္ဘာ့နည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ Meta, OpenAI နဲ့ Palantir တို့ရဲ့ အမှုဆောင်အဆင့် ပညာရှင်တွေကို စစ်အရာရှိအဖြစ် ခေါ်ယူခန့်အပ်လိုက်တယ်လို့ ဒီကနေ့ပဲ ကြေညာပါတယ်။ ဒီလူတွေကို "Executive Innovation Corps" လို့ခေါ်တဲ့ အထူးတပ်ခွဲ Detachment 201 မှာ Lieutenant Colonel အဆင့်နဲ့ တာဝန်ထမ်းဆောင်စေမှာ ဖြစ်ပါတယ်။
အဲဒီပညာရှင်တွေထဲ Meta ရဲ့ နည်းပညာအရာရှိချုပ် Andrew Bosworth, OpenAI ရဲ့ ထုတ်ကုန်အရာရှိချုပ် Kevin Weil, Palantir ရဲ့ နည်းပညာအရာရှိချုပ် Shyam Sankar နဲ့ OpenAI မှာ သုတေသနအရာရှိချုပ်အဖြစ် တစ်ချိန်က လုပ်ခဲ့တဲ့ Bob McGrew တို့ ပါဝင်တာပါ။ ဒီအဖွဲ့ကို လာမဲ့ရက်ပိုင်းထဲမှာ ကျမ်းကျိန်ပွဲကျင်းပပြီး စစ်တပ်ရဲ့ အရာရှိတွေအဖြစ် တရားဝင်ခန့်အပ်မယ်လို့ သိရပါတယ်။
Facebook ကို ပိုင်တဲ့ Meta ကုမ္ပဏီဟာ အရင်ကတည်းက အမေရိကန်အစိုးရနဲ့ အလုပ်ပူးပေါင်းလုပ်ကြဖို့ ညှိနှိုင်းမှုတွေ ရှိနေသလို Anduril ကာကွယ်ရေးနည်းပညာကုမ္ပဏီနဲ့ ဖက်စပ်ပြီးလဲ စစ်သားတွေအတွက် VR နဲ့ AR သုံး စစ်ဘက်ထုတ်ကုန်တွေကို တီထွင်ဖို့ လုံးပန်းနေတာပါ။ OpenAI ကတော့ ChatGPT ရဲ့ ပဲ့ကိုင်ရှင်ကုမ္ပဏီဖြစ်ပြီး Palantir က စစ်ဘက်သုံး ဆော့ဝဲတွေနဲ့ အေအိုင်စနစ်တွေကို အဓိကပံ့ပိုးနေတဲ့ ကုမ္ပဏီပါ။

တီထွင်ဖန်တီးမှုတို့ ပြည့်နှက်ရာ Community Center
မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် အလိုအပ်ဆုံးက အလုပ်လုပ်ဖို့၊ စာကြည့်ဖို့၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆုံဖို့ 'သီးသန့်ဆန်တဲ့ နေရာတစ်ခု' ဖြစ်ပါလိမ့်မယ်။ ဒီပြဿနာအတွက် ဖြေရှင်းနည်းက Build Myanmar Community Center မှာ ရှိပါတယ်
Community Center . . .? ဘယ်လိုမျိုးလဲ . . .?
- ရေမီးအစုံ၊ အင်တာနက်လိုင်းကောင်းကောင်းနဲ့ ကျယ်ကျယ်ဝန်းဝန်းနေရာ
- အလုပ်လုပ်နိုင်မဲ့ Co-working Space
- Networking Session တွေ
- နယ်ပယ်ပေါင်းစုံက ပညာရှင်တွေရဲ့ Workshop တွေ
- အသိပညာရေသောက်မြစ်အတွက် Library နဲ့
- တီထွင်ဖန်တီးနိုင်ဖို့ Maker Space တွေ ပါဝင်ပါတယ်။
စိတ်ဝင်စားတယ်ဆိုရင် အောက်ကလင့်ခ်က တစ်ဆင့် အခုပဲ ဝင်လေ့လာကြည့်ပါ။
စစ်တပ်ရဲ့ ပြောကြားချက်အရ "Detachment 201 ဟာ နည်းပညာကုမ္ပဏီ ခေါင်းကြီးပိုင်းတွေကို စစ်အရာရှိအဖြစ် အချိန်ပိုင်း တာဝန်ထမ်းဆောင်ဖို့ စုဆောင်းတဲ့ အစီအစဉ်ပါ။ သူတို့က ခပ်ရှုပ်ရှုပ် ပြဿနာတွေကို နည်းပညာရှုထောင့်ကနေ မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်ဖို့ ကူညီပေးမှာ ဖြစ်တယ်" လို့ ဆိုပါတယ်။ တစ်နည်းပြောရရင် ဒီပရိုဂရမ်ဟာ US Army ကို ပိုထက်မြက်၊ ပိုခေတ်မီပြီး ပိုကောင်းမွန်အောင် ပြောင်းလဲဖို့ ရည်ရွယ်ထားတဲ့ Army Transformation Initiative အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းလဲ ဖြစ်ပါတယ်။
ဒီလို ခေတ်မီနည်းပညာပညာရှင်တွေကို စစ်တပ်နဲ့ ပူးပေါင်းပါဝင်အောင် လုပ်တာဟာ အမေရိကန်အစိုးရအတွက် အသစ်အဆန်းမဟုတ်ပေမဲ့ အခုလို နာမည်ကြီး ထိပ်တန်းကုမ္ပဏီတွေရဲ့ ခေါင်းကြီးပိုင်းတွေကို ခေါ်ယူတာကတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ အရွေ့ဖြစ်ပါလိမ့်မယ်။ နောက်ပိုင်းမှာ ဒီအစီအစဉ်ကို ဘယ်လိုချဲ့ပြီး နောက်ထပ် ဘယ်နည်းပညာကုမ္ပဏီတွေကို ပါလာအောင် ဖိတ်ခေါ်မယ်ဆိုတာကိုတော့ အသေးစိတ်မသိရသေးပါဘူး။
Reference: Harper, J. (2025, June 13). Army recruits officers from Meta, OpenAI and Palantir to serve in new detachment | DefenseScoop. DefenseScoop. https://defensescoop.com/2025/06/13/army-detachment-201-executive-innovation-corps-meta-openai-palantir/
ဆက်လက်ဖတ်ရှုဖို့


Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Build Myanmar Media: Daily News - Sharing Myanmar's Important News Daily
Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:
Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia