အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ဟာ ရက် ၉၀ ကြာ အခွန်နှုန်းထားတွေကို လျှော့ချဖို့ သဘောတူလိုက်ကြပါပြီ။ တနင်္လာနေ့က ဂျီနီဗာမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်နဲ့ ကုန်သွယ်ရေးကိုယ်စားလှယ် ဂျေမီဆန်ဂရီးတို့က အမေရိကန်ရဲ့ တရုတ်ကုန်ပစ္စည်းတွေအပေါ် အခွန်နှုန်းထားကို ၁၄၅ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ လျှော့ချမယ်လို့ ကြေညာခဲ့တာပါ။ တရုတ်နိုင်ငံကလဲ အမေရိကန်ကုန်ပစ္စည်းတွေအပေါ် အခွန်နှုန်းထားကို ၁၂၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိ လျှော့ချသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီသဘောတူညီချက်ဟာ ကမ္ဘာ့စီးပွားရေးကျဆင်းမှုကို ဖြစ်စေနိုင်တဲ့ ကုန်သွယ်ရေးပဋိပက္ခကို ယာယီသက်သာစေမဲ့ အခြေအနေပါ။ ဧပြီလထဲ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ တရုတ်ကုန်ပစ္စည်းတွေအပေါ် အခွန်မြှင့်တင်ခဲ့ပြီးနောက် တရုတ်နိုင်ငံကလည်း အမေရိကန်ကုန်ပစ္စည်းအချို့အပေါ် ၁၂၅ ရာခိုင်နှုန်း အခွန်တင်ခဲ့ပါတယ်။ အခုသဘောတူညီချက်အရ အမေရိကန်အခွန်တွေကို ၃၀ ရာခိုင်နှုန်းအထိ လျှော့ချပြီး တရုတ်နိုင်ငံကလည်း ၁၀ ရာခိုင်နှုန်းအထိ လျှော့ချသွားရတော့မှာပါ။

ငလျင်ဘေးကို Build Myanmar နဲ့ အတူကူပါ

မြန်မာနိုင်ငံသားတွေ ကြုံတွေ့ခံစားနေရတဲ့ ငလျင်ဘေးကို Build Myanmar နဲ့အတူ နိုင်ငံတကာမှာ ရှိနေသူတွေ ပါဝင်ကူညီဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။ လောလောဆယ် ရန်ပုံငွေတစ်ရပ် ထူထောင်ထားတာကို ပါဝင်ဖို့ ပုံမှာပါတဲ့ QR code ကို စကင်န်ဖတ်ပါ

ဒီသဘောတူညီချက်ဟာ ဟန်ချက်လျော့ရဲနေတဲ့ ကမ္ဘာ့ကုန်သွယ်ရေးဈေးကွက်မှာလဲ အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်စေခဲ့တယ်လို့ သိရပါတယ်။ ဟောင်ကောင် Hang Seng အညွှန်းကိန်းဟာ ၃ ရာခိုင်နှုန်းတက်လာခဲ့ပြီး တရုတ်နိုင်ငံရဲ့ Shanghai Composite အညွှန်းကိန်းကလဲ ၀.၈ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့တာပါ။ ဥရောပဈေးကွက်တွေလည်း အမြတ်နဲ့ ဖွင့်လှစ်ခဲ့ပြီး အမေရိကန်ဈေးကွက်တွေလည်း ၂-၃ ရာခိုင်နှုန်း တက်လာမယ်လို့ ခန့်မှန်းထားပါတယ်။ ဒီအခွန်လျှော့ချမှုဟာ ရက် ၉၀ ကြာမှာဖြစ်ပြီး နှစ်နိုင်ငံကြား ကုန်သွယ်ရေးဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်သွားဖို့ အခွင့်အလမ်းကောင်းတစ်ခုလည်း ဖြစ်ပါတယ်။

References: https://www.washingtonpost.com/world/2025/05/12/united-states-china-trade-war-eases/

ဆက်စပ်ဖတ်ရှုဖို့

တရုတ်နိုင်ငံက အမေရိကန်ကို စည်းကြပ်ခွန်တွေ ဖျက်သိမ်းဖို့ ပြော
China has called on the US to cancel its reciprocal tariffs following the Trump administration’s recent exemption of certain consumer electronics from its 145% duty on Chinese imports.

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

📍
Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!