အခုနှစ် ဒုတိယသုံးလပတ်အတွင်း တရုတ်အခြေစိုက် လျှပ်စစ်ကားကုမ္ပဏီ BYD ရောင်းအားဟာ ၂၁ ရာခိုင်နှုန်းအထိမြင့်တက်လာတယ်လို့ ကုမ္ပဏီတာဝန်ရှိအကြီးအကဲတစ်ဦးကပြောကြားထားတာကို Reuters သတင်းမှာဖော်ပြထားပါတယ်။
အခုနှစ်အတွင်း တရုတ်မှာ ထိပ်တန်းလျှပ်စစ်ကားတွေထုတ်လုပ်တဲ့ BYD လျှပ်စစ်ကားရောင်းအားဟာ ကမ္ဘာကျော် လျှပ်စစ်ကားကုမ္ပဏီ Tesla ရဲ့ရောင်းအားကို အမှီလိုက်နေတယ်လို့ လေ့လာဆန်းစစ်သူတွေက ပြောပါတယ်။
BYD ကုမ္ပဏီဟာ အခုနှစ် ဒုတိယသုံးလပတ်တစ်လျှောက် လျှပ်စစ်ကား အစင်းရေ ၄၂၆,၀၀၀ ကျော်တင်ပို့ရောင်းချခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၃ နဲ့ ကာလတူချင်းနှိုင်းယှဉ်ရင် တင်ပို့မှုပမာဏ ၂၁ ရာခိုင်နှုန်းအထိ မြင့်တက်လာတာကိုတွေ့ရပါတယ်။
Tesla ဒုတိယသုံးလပတ်ရောင်းအားနဲ့နှိုင်းယှဉ်ရင် လျှပ်စစ်ကား အစင်းရေ ၁၂,၀၀၀ သာလျော့နည်းနေတာဖြစ်ပါတယ်။ Tesla ရဲ့ အခုနှစ် ဒုတိယသုံးလပတ်အတွင်း လျှပ်စစ်ကားရောင်းအားက ၅ ရာခိုင်နှုန်း အထိ ကျဆင်းနေတာဖြစ်ပါတယ်။
အခုနှစ်အတွင်း BYD ကုမ္ပဏီဟာ ကမ္ဘာ့ထိပ်တန်း လျှပ်စစ်ကား ရောင်းချသူဖြစ်လာဖို့ အလားအလာကောင်းတွေ ရှိနေပါတယ်။
စျေးနှုန်းဖြတ်တောက်မှုတွေ၊ ဝယ်ယူသူတွေက လျှပ်စစ်ကားတွေနဲ့ hybrid တွေဘက်ကို အာရုံေပြောင်းလာတာကြောင့် တရုတ် EV ကား ထုတ်လုပ်သူတွေအတွက် ရောင်းအားကောင်းလာဆိုပြီး China Passenger Car Association (CPCA) က ဖော်ပြပါတယ်။
Reference:
Build Myanmar Media ရဲ့ Update လုပ်ဆောင်ချက်တွေအတွက် 📌Facebook https://www.facebook.com/buildmyanmar
📌YouTube https://youtube.com/@buildmyanmarmedia?si=pdavs8BA4OUVAs9c
📌LinkedIn https://www.linkedin.com/showcase/build-myanmar/
📍နည်းပညာ၊ Startup နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Groupထဲမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ https://t.me/+6_0G6CLwrwMwZTIx
📍လူမှုအဖွဲ့အစည်းအတွက် အပြုသဘောဆောင်သောအကြံပြုချက်များကို အောက်ပါ Mail ကနေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။
Inquiry - [email protected]
#TechNews #BuildMyanmar #tech #myanmar #weeklynews #media #BuildMyanmarMedia