
ကမ္ဘာ့နာမည်အကြီးဆုံး နည်းပညာရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ SoftBank ရဲ့ တည်ထောင်သူ မာဆာယိုရှီ ဆန် က အတော်လေး ကြီးမားတဲ့ စီမံကိန်းတစ်ခုကို အကောင်အထည်ဖော်ဖို့ ချိန်ဆနေပါတယ်။ အဲဒါက အမေရိကန်နိုင်ငံ၊ အရီဇိုးနားပြည်နယ်မှာ "Project Crystal Land" လို့ ခေါ်တဲ့ အေအိုင်နဲ့ စက်ရုပ်တွေ ထုတ်မဲ့ စက်မှုဇုံကြီးတစ်ခု တည်ဆောက်ဖို့ပါ။ ဒီစီမံကိန်းရဲ့ အရွယ်အစားက ဒေါ်လာ ၁ ထရီလီယံလောက် ကုန်ကျနိုင်ပြီး လူ့သမိုင်းတစ်ယောက် လုပ်ငန်းရှင်တစ်ယောက်တည်းက ရင်းနှီးမြှုပ်နှံတဲ့ အကြီးဆုံး စီမံကိန်းတွေထဲက တစ်ခု ဖြစ်လာနိုင်ပါတယ်။
ဆမ့်ရဲ့ ဒီအဆိုပြုချက်က လက်ရှိတော့ စိတ်ကူးယဉ်အဆင့်ပဲ ရှိသေးပေမဲ့ သူက အခုကတည်းက ထိုင်ဝမ်ရဲ့ TSMC ထိပ်တန်းချစ်ပ်ကုမ္ပဏီ၊ ကိုရီးယားရဲ့ Samsung နဲ့ ထရမ့်အစိုးရ တာဝန်ရှိသူတွေနဲ့ပါ ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။ TSMC ဆိုရင် ကမ္ဘာ့အကြီးဆုံး အီလက်ထရွန်းနစ်ချပ်စ် ထုတ်လုပ်ရေးကုမ္ပဏီဖြစ်သလို လက်ရှိမှာ Apple ရဲ့ iPhone ချစ်ပ်တွေ၊ NVIDIA ရဲ့ AI ချစ်ပ်တွေ အားလုံးကို ဒီကုမ္ပဏီမှာ ထုတ်လုပ်ကြပါတယ်။ Crystal Land စီမံကိန်းဟာ တရုတ်နိုင်ငံရဲ့ Shenzhen မြို့လို နည်းပညာစက်မှုမြို့ကြီး ဖြစ်လာဖို့ ရည်ရွယ်တာပါ။

တီထွင်ဖန်တီးမှုတို့ ပြည့်နှက်ရာ Community Center
မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် အလိုအပ်ဆုံးက အလုပ်လုပ်ဖို့၊ စာကြည့်ဖို့၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆုံဖို့ 'သီးသန့်ဆန်တဲ့ နေရာတစ်ခု' ဖြစ်ပါလိမ့်မယ်။ ဒီပြဿနာအတွက် ဖြေရှင်းနည်းက Build Myanmar Community Center မှာ ရှိပါတယ်
Community Center . . .? ဘယ်လိုမျိုးလဲ . . .?
- ရေမီးအစုံ၊ အင်တာနက်လိုင်းကောင်းကောင်းနဲ့ ကျယ်ကျယ်ဝန်းဝန်းနေရာ
- အလုပ်လုပ်နိုင်မဲ့ Co-working Space
- Networking Session တွေ
- နယ်ပယ်ပေါင်းစုံက ပညာရှင်တွေရဲ့ Workshop တွေ
- အသိပညာရေသောက်မြစ်အတွက် Library နဲ့
- တီထွင်ဖန်တီးနိုင်ဖို့ Maker Space တွေ ပါဝင်ပါတယ်။
စိတ်ဝင်စားတယ်ဆိုရင် အောက်ကလင့်ခ်က တစ်ဆင့် အခုပဲ ဝင်လေ့လာကြည့်ပါ။
သူ့ရဲ့ ဒီအိပ်မက်က အမေရိကန်ကို ကမ္ဘာ့ AI နည်းပညာမှာ အမြဲတမ်းနှာတစ်ဖျားသာနေနိုင်ဖို့လဲ ရည်ရွယ်ပါတယ်။ ဒါ့အပြင် အခုလက်ရှိ တရုတ်နိုင်ငံနဲ့ နည်းပညာစစ်ပွဲ ပြင်းထန်နေတုန်းမှာလဲ ဒီအဆိုပြုချက်က နိုင်ငံရေးအရ အတော် အရေးပါတာပါ။ ဆမ်က အရီဇိုးနားပြည်မှာ အေအိုင်နဲ့ စက်ရုပ်တွေ တည်ဆောက်ဖို့ စ,စီစဉ်နေပြီလို့လဲ Bloomberg ရဲ့ အစီရင်ခံချက်အရ သိရပါတယ်။
ဒါပေမဲ့ ဒီစီမံကိန်းက တကယ်ဖြစ်လာ၊ မဖြစ်လာဆိုတာတော့ အခုချိန်မှာ တပ်အပ်မပြောနိုင်သေးပါဘူး။ ဒေါ်လာ ၁ ထရီလီယံဆိုတာ သာမန်လူတွေအဖို့ စိတ်ကူးမရနိုင်လောက်တဲ့ ပမာဏဖြစ်တဲ့အပြင် လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့လဲ အလှမ်းနည်းနည်းဝေးသေးတယ်လို့ တချို့က ပြောပါတယ်။ ဒါပေမဲ့ တကယ်လို့သာ ဒီစီမံကိန်း အောင်မြင်ခဲ့ရင် အရီဇိုးနားပြည်နယ်ဟာ ကမ္ဘာ့ AI နဲ့ ချစ်ပ်နည်းပညာရဲ့ အသက်သွေးကြော ဖြစ်လာမှာပါ။ ထရမ့်အစိုးရရဲ့ ထောက်ပံ့မှုမရှိဘဲနဲ့လဲ ဒါတွေ မဖြစ်နိုင်ဘူးလို့ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။ ကမ္ဘာ့နည်းပညာလောကကတော့ ဆမ့်ရဲ့ ဒီအမြင်ကို စောင့်ကြည့်နေကြသလို ဒီကြီးကျယ်လွန်းတဲ့ အိပ်မက်သာ တကယ်လက်တွေ့ဖြစ်လာရင် အမေရိကန်တင် မဟုတ်ဘဲ ကမ္ဘာ့နည်းပညာနယ်ပယ်မှာ သမိုင်းမှတ်တမ်းသစ်တစ်ခု ရေးဖြစ်သွားမှာ သေချာသလောက်ပါ။
Reference: SoftBank’s Masayoshi Son proposes $1T Arizona AI megaproject. (n.d.). Perplexity AI. https://www.perplexity.ai/page/softbank-s-masayoshi-son-propo-ZmMNVuBJRgyGqY.qL3GISQ
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Build Myanmar Media: Daily News - Sharing Myanmar's Important News Daily
Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:
Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia