
Samsung ကုမ္ပဏီဟာ သူတို့ထုတ်လုပ်တဲ့ ဖုန်းတွေထဲမှာ Google ရဲ့ Gemini အေအိုင်အစား Perplexity ကို ထည့်အသုံးပြုဖို့ စိတ်ဝင်စားနေတယ်လို့ နည်းပညာသတင်းဌာနတွေရဲ့ အဆိုအရ သိရပါတယ်။ လာမဲ့ ၂၀၂၆ ခုနှစ်၊ ပထမနှစ်ဝက်မှာ ထွက်မဲ့ Galaxy S26 စီးရီးမှာ Perplexity AI ကို ဖုန်းမော်ဒယ်တွေရဲ့ default assistant အဖြစ် ထည့်ဖို့ ကုမ္ပဏီနှစ်ခု အကြိတ်အနယ်ဆွေးနွေးနေကြောင်း ဆိုတာပါ။
Samsung ဟာ Perplexity ရဲ့ app နဲ့ assistant ကို အနာဂတ် Galaxy ဖုန်းတွေ ကြိုထည့်ဖို့ စီစဉ်နေပြီး Samsung ရဲ့ အင်တာနက် browser မှာလဲ Perplexity ရဲ့ Search Features တွေကို ပေါင်းစပ်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Samsung ရဲ့ Bixby virtual assistant ထဲကိုလဲ Perplexity ရဲ့ နည်းပညာ ထည့်ဖို့ ဆွေးနွေးနေကြတာပါ။ ပြီးတော့ ကုမ္ပဏီနှစ်ခုပေါင်းပြီး AI-powered OS တစ်ခု တီထွင်ဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

ငလျင်ဘေးကို Build Myanmar နဲ့ အတူကူပါ
မြန်မာနိုင်ငံသားတွေ ကြုံတွေ့ခံစားနေရတဲ့ ငလျင်ဘေးကို Build Myanmar နဲ့အတူ နိုင်ငံတကာမှာ ရှိနေသူတွေ ပါဝင်ကူညီဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။ လောလောဆယ် ရန်ပုံငွေတစ်ရပ် ထူထောင်ထားတာကို ပါဝင်ဖို့ ပုံမှာပါတဲ့ QR code ကို စကင်န်ဖတ်ပါ
Perplexity ကုမ္ပဏီဟာ လက်ရှိမှာ ဒေါ်လာ ၁၄ ဘီလျံတန်ဖိုးရှိပြီး နောက်ထပ်ရန်ပုံငွေရှယ်ယာ ဒေါ်လာသန်း ၅၀၀ ကို ရှာဖွေနေတာပါ။ ဒါကြောင့် Perplexity ရဲ့ နောက်ထပ် funding round မှာ Samsung ဟာ ပမာဏများများ ထည့်ဝင်မြှုပ်နှံနိုင်တယ်လို့ စီးပွားရေးသမားတွေကလဲ ခန့်မှန်းနေကြပါတယ်။ Samsung ကုမ္ပဏီဟာ Perplexity ထဲကို ၂၀၂၄ ခုနှစ်ကလဲ တစ်ခါ ရင်းနှီးမြှုပ်နှံထားခဲ့ဖူးတာပါ။
တကယ်လို့ ပူးပေါင်းဖြစ်ရင်တော့ Samsung ဟာ Google Gemini အပေါ် မှီခိုနေရမှုကို လျှော့ချလိုက်နိုင်ပါပြီ။ လက်ရှိမှာ Samsung က Galaxy AI Suite ရဲ့ အေအိုင်စွမ်းရည်အများစုအတွက် Gemini ကို အဓိက သုံးနေရပါတယ်။ Perplexity သာ ပါလာရင်တော့ Gemini ဟာ ဒုတိယနေရာကို ရောက်သွားနိုင်ပေမဲ့ လုံးဝဖယ်ရှားခံလိုက်ရမှာမျိုးတော့ မဟုတ်သေးပါဘူး။
Reference: Samsung eyes Perplexity to replace Google on Galaxy phones. (n.d.). Perplexity AI. https://www.perplexity.ai/page/samsung-eyes-perplexity-to-rep-ArMwQ3GDQ4Of2e0UrfULpQ
ဆက်လက်ဖတ်ရှုဖို့


Build Myanmar Media: Daily News - Sharing Myanmar's Important News Daily
Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:
Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia