နာမည်ကျော် Cloud ကုမ္ပဏီကြီးဖြစ်တဲ့ Salesforce ဟာ Customer Support ကဏ္ဍက ဝန်ထမ်း ၄,၀၀၀ ကို အလုပ်ထုတ်လိုက်ပြီး သူတို့ရဲ့နေရာမှာ အေအိုင်အေးဂျင့်တွေနဲ့ အစားထိုးလိုက်ပြီလို့ ကြေညာလိုက်ပါတယ်။ အဲဒီကြေညာချက်ကြောင့်ပဲ နည်းပညာလောကမှာ အေအိုင်နည်းပညာတွေဟာ အလုပ်အကိုင်တွေကို တိုက်ရိုက်အစားထိုးလာနိုင်ပြီဆိုတဲ့ မှတ်ချက်တွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာနေတာပါ။

အေအိုင်အေးဂျင့်တွေဆိုတာ Customer တွေရဲ့ မေးမြန်းသမျှတွေနဲ့ နည်းပညာဆိုင်ရာ ပြဿနာတွေကို အလိုအလျောက်ဖြေရှင်းပေးနိုင်ဖို့ လေ့ကျင့်ထားတဲ့ အေအိုင်စနစ်တွေပါ။ Salesforce က အေအိုင်ကို သူတို့ရဲ့ ဝန်ဆောင်မှုတွေထဲ ညှပ်အသုံးပြုရင်း ဝန်ထမ်းငှားရမ်းရတဲ့ စရိတ်စကကို သိသိသာသာလျှော့ချနိုင်ဖို့ ကြိုးပမ်းတာ ဖြစ်ပါတယ်။ ဒီကနေ လုပ်ငန်းလုပ်ဆောင်ရတာတွေမှာ ပိုပြီး မြန်ဆန်ထိရောက်လာလိမ့်မယ်လို့ သူတို့က ယူဆကြတာပါ။ လူသားဝန်ထမ်းတွေလို အချိန်နဲ့ ကန့်သတ်ထားတာမျိုး မရှိဘဲ ၂၄ နာရီပတ်လုံး ဝန်ဆောင်မှုပေးနိုင်တာကလဲ အဓိက အားသာချက်လို ဖြစ်နေပါတယ်။ 

တီထွင်ဖန်တီးမှုတို့ ပြည့်နှက်ရာ Community Center

မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် အလိုအပ်ဆုံးက အလုပ်လုပ်ဖို့၊ စာကြည့်ဖို့၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆုံဖို့ 'သီးသန့်ဆန်တဲ့ နေရာတစ်ခု' ဖြစ်ပါလိမ့်မယ်။ ဒီပြဿနာအတွက် ဖြေရှင်းနည်းက Build Myanmar Community Center မှာ ရှိပါတယ်

Community Center . . .? ဘယ်လိုမျိုးလဲ . . .?

  • ရေမီးအစုံ၊ အင်တာနက်လိုင်းကောင်းကောင်းနဲ့ ကျယ်ကျယ်ဝန်းဝန်းနေရာ
  • အလုပ်လုပ်နိုင်မဲ့ Co-working Space
  • Networking Session တွေ
  • နယ်ပယ်ပေါင်းစုံက ပညာရှင်တွေရဲ့ Workshop တွေ
  • အသိပညာရေသောက်မြစ်အတွက် Library နဲ့
  • တီထွင်ဖန်တီးနိုင်ဖို့ Maker Space တွေ ပါဝင်ပါတယ်။

စိတ်ဝင်စားတယ်ဆိုရင် အောက်ကလင့်ခ်က တစ်ဆင့် အခုပဲ ဝင်လေ့လာကြည့်ပါ။

ဒီကိုနှိပ်ပါ

ဒီဖြစ်ရပ်ဟာ နည်းပညာကုမ္ပဏီတွေဟာ AI ကို အသုံးချပြီး သူတို့ရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကို တိုးတက်အောင် လုပ်ဆောင်နေကြတဲ့ လက်တွေ့ဥပမာတစ်ခုပါပဲ။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ အခုလို AI နည်းပညာတွေကြောင့် လူသားတွေရဲ့ အလုပ်အကိုင်တွေ ပျောက်ကွယ်သွားနိုင်တဲ့ အန္တရာယ်ကိုလည်း မီးမောင်းထိုးပြလိုက်ပါတယ်။ အထူးသဖြင့် Customer Service လိုမျိုး ရိုးရှင်းတဲ့ လုပ်ငန်းဆောင်တာတွေကို အဓိကထားတဲ့ အလုပ်တွေဟာ AI တွေနဲ့ အစားထိုးခံရဖို့ အလားအလာ ပိုများလာနေတယ်လို့ သုံးသပ်ကြပါတယ်။

Salesforce ရဲ့ ဒီဆုံးဖြတ်ချက်ဟာ ကုမ္ပဏီတွေအနေနဲ့ အကျိုးအမြတ်နဲ့ ထိရောက်မှုကို ဦးတည်တဲ့အခါ လူသားဝန်ထမ်းတွေအတွက် ဘယ်လိုအနာဂတ်မျိုးကို ဖန်တီးပေးမလဲဆိုတဲ့ မေးခွန်းတွေလဲ ပေါ်ထွက်လာစေပါတယ်။

Reference: Perplexity. (n.d.). Perplexity AI. https://www.perplexity.ai/discover/you/salesforce-ceo-benioff-cuts-40-.lXmX3vbQ26R1joX34McFQ

ဆက်ဖတ်ဖို့

Neuralink က ‘အေအိုင်မျက်လုံးတု’ ဖန်တီးဖို့ လက်တွေ့စမ်းသပ်မှုတွေ စတင်
Neuralinkis partnering with the University of California to develop “Smart Bionic Eye” that could restore vision to blind individuals through AI.

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

📍
Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!