
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံမှာ လှုပ်ခတ်သွားတဲ့ သမိုင်းဝင်အင်အားပြင်းငလျင်ကြောင့် ကမ္ဘာ့မြေထု ကွဲအက်ပက်ကြားလိုက်သွားတာကို အချိန်နဲ့တပြေးညီ မှတ်တမ်းတင်နိုင်တဲ့ ဗီဒီယိုတွေ အမြောက်အမြားရှိခဲ့ပြီး အဲဒီဗီဒီယိုတွေကနေ တစ်ဆင့် ငလျင်ကြောင့် မြေမျက်နှာပြင် ရွေ့လျားပြောင်းလဲသွားမှုကို ပထမဆုံးအကြိမ် မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ ဘူမိဗေဒသုတေသနတွေက ထုတ်ပြန်လာပါပြီ။ တိုတောင်းလှတဲ့ အချိန် ၁.၃ စက္ကန့်အတွင်းမှာတင် ကျောက်ချပ်မြေထုလွှာဟာ အလျား ၂.၅ မီတာအထိ ကွဲအက်လှုပ်ခါသွားတာကို သိပ္ပံပညာရှင်တွေက အသေးစိတ်လေ့လာနိုင်ခဲ့ပြီး အဲဒီလို ရွေ့လျားမှုဖြစ်စဉ်ဟာ သီအိုရီအရသာ ရှိခဲ့ပြီး တိုက်ရိုက်ဖမ်းယူနိုင်ဖို့ အင်မတန်ရှားပါးခဲယဉ်းတယ်လို့ ဆိုပါတယ်။

တီထွင်ဖန်တီးမှုတို့ ပြည့်နှက်ရာ Community Center
မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် အလိုအပ်ဆုံးက အလုပ်လုပ်ဖို့၊ စာကြည့်ဖို့၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆုံဖို့ 'သီးသန့်ဆန်တဲ့ နေရာတစ်ခု' ဖြစ်ပါလိမ့်မယ်။ ဒီပြဿနာအတွက် ဖြေရှင်းနည်းက Build Myanmar Community Center မှာ ရှိပါတယ်
Community Center . . .? ဘယ်လိုမျိုးလဲ . . .?
- ရေမီးအစုံ၊ အင်တာနက်လိုင်းကောင်းကောင်းနဲ့ ကျယ်ကျယ်ဝန်းဝန်းနေရာ
- အလုပ်လုပ်နိုင်မဲ့ Co-working Space
- Networking Session တွေ
- နယ်ပယ်ပေါင်းစုံက ပညာရှင်တွေရဲ့ Workshop တွေ
- အသိပညာရေသောက်မြစ်အတွက် Library နဲ့
- တီထွင်ဖန်တီးနိုင်ဖို့ Maker Space တွေ ပါဝင်ပါတယ်။
စိတ်ဝင်စားတယ်ဆိုရင် အောက်ကလင့်ခ်က တစ်ဆင့် အခုပဲ ဝင်လေ့လာကြည့်ပါ။
ဒီဗီဒီယိုဖိုင်တွေထဲမှာ ငလျင်လှုပ်နေတုန်း မြေပြင်ကြီး ဖြည်းဖြည်းချင်း ကွဲအက်လာပြီး နက်ရှိုင်းကျယ်ပြန့်တဲ့ အက်ကြောင်းကြီး ဖြစ်လာပုံကို အသေးစိတ် မြင်ရသလို ဒီလိုမြင်ကွင်းမျိုးဟာ ကုန်းတွင်းငလျင်ဗဟိုချက်နဲ့ အင်မတန်နီးတဲ့နေရာမှာပဲ ဖြစ်ပွားတယ်လို့ သိရတာပါ။ ဒီလိုမျိုး မြေမျက်နှာပြင် ကွဲအက်သွားတာကို ၁.၃ စက္ကန့်လေးအတွင်းမှာပဲ ဖြစ်ပျက်သွားခဲ့တာ ဖြစ်လို့ ဒီဖြစ်စဉ်က pulse-like rupture theory (လှိုင်းတွန်းကွဲအက်မှု သီအိုရီ) ကို တိုက်ရိုက် သက်သေပြလိုက်တာပါပဲ။ ပညာရှင်တွေက ဒါကို ဆယ်စုနှစ်ချီပြီး ဝေးလံတဲ့ ငလျင်လှိုင်း မှတ်တမ်းတွေကနေ ခန့်မှန်းခဲ့ကြတာပေါ့။ မြေကြီးအက်ကြောင်းတစ်လျှောက် လှိုင်းလုံးတစ်ခု လှုပ်ခတ်သွားသလိုမျိုး မြေသားတွေ တစ်ရှိန်ထိုး လျှောကျသွားတာကို မြင်ရတာဟာ ငလျင်ဖြစ်စဉ်ရဲ့ မက္ကင်းနစ်ကို နားလည်ရာမှာ တကယ့်ကို ကြီးမားတဲ့ တိုးတက်မှုတစ်ခု ဖြစ်ပါတယ်။
မတ် ၂၈ ငလျင်ဖြစ်စဉ်ကို နေအိမ်တွေနဲ့ ငလျင်ဒေသတွေမှာ တပ်ဆင်ထားတဲ့ CCTV တွေကနေ ပြန်လည်ဆယ်ယူထားတဲ့ မှတ်တမ်းဗီဒီယိုတွေဟာ ငလျင်ဖြစ်စဉ်တွေကို ပိုနားလည်နိုင်ဖို့ အများကြီးအထောက်အကူပြုခဲ့တယ်လို့ ဘူမိဗေဒဌာနတွေက သုတေသနတွေထဲ ထည့်သွင်းဖော်ပြပါတယ်။ ငလျင်တွေ ဘယ်လိုစဖြစ်လဲ၊ ဘယ်လိုပြုမူအဆုံးသတ်လဲဆိုတာကို ပိုနားလည်လာနိုင်ရင် အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ ငလျင်တွေရဲ့ သဘောသဘာဝကို ပိုခန့်မှန်းနိုင်ပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်နိုင်ဖို့ရာ အထောက်အကူပြုနိုင်မှာပါ။ ဒါ့အပြင် ဆူနာမီလို ရေအောက်ငလျင်တွေရဲ့ နောက်ဆက်တွဲ သဘာဝဘေးတွေကိုလဲ ပိုတိတိကျကျလေ့လာနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။
Reference: Perplexity. (n.d.). Perplexity AI. https://www.perplexity.ai/discover/you/scientists-capture-a-fault-lin-kINHMu4LRXiRqB1sagd4Dg
ဆက်စပ်ဖတ်ရှုဖို့


Build Myanmar Media: Daily News - Sharing Myanmar's Important News Daily
Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:
Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia