နာမည်ကျော် AI ကုမ္ပဏီ OpenAI ဟာ AI နည်းပညာရဲ့ ရှေ့အနာဂတ်အတွက် အရေးပါတဲ့ ပရော့ဂျက်အသစ်နှစ်ခုကို စဖို့ စီစဉ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ အဲဒါတွေက AI အလုပ်အကိုင် ရှာဖွေရေး platform နဲ့ AI အသိအမှတ်ပြု လက်မှတ်ပေးတဲ့ အစီအစဉ်တွေပါ။ ဒီလှုပ်ရှားမှုတွေဟာ OpenAI ရဲ့ အေအိုင်မော်ဒယ်တွေတင်မကဘဲ AI လောကတစ်ခုလုံးရဲ့ အခြေခံအုတ်မြစ်ကိုပါ တည်ဆောက်ဖို့ ရည်ရွယ်နေတယ်ဆိုတာ ပြသနေပါတယ်။

OpenAI ရဲ့ အလုပ်အကိုင်ရှာဖွေရေးပလက်ဖောင်းဟာ ကုမ္ပဏီတွေက အေအိုင်နဲ့ ပတ်သက်တဲ့ ကျွမ်းကျင်ဝန်ထမ်းတွေ ရှာတဲ့နေရာမှာ ပိုလွယ်ကူစေဖို့ ရည်ရွယ်တာပါ။ ဒီ platform ပေါ်မှာ AI developer တွေ၊ AI အင်ဂျင်နီယာတွေ၊ ဒေတာသိပ္ပံပညာရှင်တွေနဲ့ prompt engineer တွေလိုမျိုး AI နဲ့ တိုက်ရိုက်ပတ်သက်တဲ့ အလုပ်အကိုင်တွေကို အဓိကထားပြီး ဖော်ပြပေးသွားမှာပါ။ ဒါဟာ AI အလုပ်အကိုင်ဈေးကွက်အတွက် ဗဟိုချက်မတစ်ခု ဖြစ်လာနိုင်ပါတယ်။

တီထွင်ဖန်တီးမှုတို့ ပြည့်နှက်ရာ Community Center

မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် အလိုအပ်ဆုံးက အလုပ်လုပ်ဖို့၊ စာကြည့်ဖို့၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆုံဖို့ 'သီးသန့်ဆန်တဲ့ နေရာတစ်ခု' ဖြစ်ပါလိမ့်မယ်။ ဒီပြဿနာအတွက် ဖြေရှင်းနည်းက Build Myanmar Community Center မှာ ရှိပါတယ်

Community Center . . .? ဘယ်လိုမျိုးလဲ . . .?

  • ရေမီးအစုံ၊ အင်တာနက်လိုင်းကောင်းကောင်းနဲ့ ကျယ်ကျယ်ဝန်းဝန်းနေရာ
  • အလုပ်လုပ်နိုင်မဲ့ Co-working Space
  • Networking Session တွေ
  • နယ်ပယ်ပေါင်းစုံက ပညာရှင်တွေရဲ့ Workshop တွေ
  • အသိပညာရေသောက်မြစ်အတွက် Library နဲ့
  • တီထွင်ဖန်တီးနိုင်ဖို့ Maker Space တွေ ပါဝင်ပါတယ်။

စိတ်ဝင်စားတယ်ဆိုရင် အောက်ကလင့်ခ်က တစ်ဆင့် အခုပဲ ဝင်လေ့လာကြည့်ပါ။

ဒီကိုနှိပ်ပါ

ဒုတိယကတော့ AI အသိအမှတ်ပြု လက်မှတ်ပေးတဲ့ အစီအစဉ် ပါ။ ဒီအစီအစဉ်ဟာ OpenAI ရဲ့ နည်းပညာတွေကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်ကြောင်းကို အသိအမှတ်ပြုတဲ့ လက်မှတ်တွေ ထုတ်ပေးမှာ ဖြစ်ပါတယ်။ ဒီလက်မှတ်တွေက Developer တွေ၊ ဒေတာသိပ္ပံပညာရှင်တွေနဲ့ လုပ်ငန်းသုံး AI ကိရိယာတွေ အသုံးပြုတဲ့ ပရော်ဖက်ရှင်နယ်တွေအတွက် သူတို့ရဲ့ အရည်အချင်းကို အလုပ်ရှင်တွေဆီမှာ ခိုင်မာစွာ သက်သေပြနိုင်မယ့် နည်းလမ်းတစ်ခု ဖြစ်လာမှာပါ။

ဒီလို စီမံကိန်းသစ်တွေဟာ OpenAI ရဲ့ ရေရှည်ရည်မှန်းချက်ကို ပြသနေပါတယ်။ သူတို့ဟာ AI model တွေ ထုတ်လုပ်ရုံသာမကဘဲ၊ AI နည်းပညာကို အားကောင်းစေမယ့် ဂေဟစနစ် (ecosystem) တစ်ခုလုံးကိုပါ ပိုင်ဆိုင်ဖို့ ကြိုးပမ်းနေတာပါ။ ဒီလှုပ်ရှားမှုတွေက AI နယ်ပယ်ရဲ့ ကျွမ်းကျင်လုပ်သားလိုအပ်ချက်ကို ဖြည့်ဆည်းပေးမယ့်အပြင်၊ OpenAI ကို AI လောကရဲ့ မရှိမဖြစ်လိုအပ်တဲ့ ဗဟိုအဖွဲ့အစည်းတစ်ခုအဖြစ် ပိုမိုခိုင်မာစေမှာ ဖြစ်ပါတယ်။

Reference: Perplexity. (n.d.). Perplexity AI. https://www.perplexity.ai/discover/you/openai-plans-to-launch-jobs-pl-tLOhcbA1T5G7Ha.YzP_uig

ဆက်စပ်ဖတ်ရှုဖို့

OpenAI နဲ့ Canvas ပိုင်ရှင် Instructure တို့ ပူးပေါင်း
OpenAI and Instructure have partnered to embed artificial intelligence tools into Canvas, a learning management system.

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

📍
Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!