
ChatGPT ကို ဖန်တီးထားတဲ့ OpenAI ကုမ္ပဏီက နည်းပညာလောကကို လှုပ်လှုပ်ခတ်ခတ်ဖြစ်စေမဲ့ အပြောင်းအလဲတစ်ခုကို ဒီနေ့ မနက်ပဲ ကြေညာလိုက်ပါတယ်။ အဲဒါက ChatGPT ဟာ Google ရဲ့ TPU ခေါ် Tensor Processing Unit - ချစ်ပ်တွေကို Nvidia ကနေ ဝယ်ယူသုံးစွဲနေတဲ့ ချစ်ပ်တွေနေရာမှာ အစားထိုးဖို့ ပြင်ဆင်နေကြောင်း သိရတာပါ။ ပြီးခဲ့တဲ့ နှစ်တွေတောက်လျှောက်ကတည်းက OpenAI ဟာ မိုက်ခရိုဆော့ဖ်တ်ရဲ့ ဒေတာစင်တာတွေနဲ့ Nvidia ရဲ့ GPU Chip တွေကိုပဲ အေအိုင်ထရိန်နင်တွေနဲ့ လုပ်ငန်းမျိုးစုံအတွက် အဓိက အားထားအသုံးပြုခဲ့ပါတယ်။
ကုမ္ပဏီတွင်းက သတင်းရင်းမြစ်ရဲ့ ပြောကြားချက်အရ OpenAI ရဲ့ အခုလိုဆုံးဖြတ်ရတဲ့ အဓိက အကြောင်းပြချက်က မြင့်မားလွန်းနေတဲ့ ကုန်ကျစရိတ်တွေကို လျှော့ချဖို့ပါ။ ကုမ္ပဏီအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ AI Chip ဆာဗာတွေအတွက် ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၄ ဘီလျံကျော်ထိ ရှိခဲ့တယ် ဆိုပါတယ်။ လာမဲ့ ၂၀၂၅ ခုနှစ်အတွက်တော့ ကုန်ကျစရိတ်က ဒေါ်လာ ၁၄ ဘီလျံအထိ မြင့်တက်နိုင်တယ်လို့ ခန့်မှန်းနေကြတာပါ။ Google ရဲ့ TPU စနစ်တွေက Nvidia ရဲ့ GPU တွေထက် ဈေးကွက်ဈေးနှုန်း ပိုသက်သာပြီး တချို့ AI လုပ်ငန်းတွေအတွက်ဆိုရင် စွမ်းဆောင်ရည်ပိုကောင်းတယ်လို့ သုံးသပ်ကြပါတယ်။

တီထွင်ဖန်တီးမှုတို့ ပြည့်နှက်ရာ Community Center
မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် အလိုအပ်ဆုံးက အလုပ်လုပ်ဖို့၊ စာကြည့်ဖို့၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆုံဖို့ 'သီးသန့်ဆန်တဲ့ နေရာတစ်ခု' ဖြစ်ပါလိမ့်မယ်။ ဒီပြဿနာအတွက် ဖြေရှင်းနည်းက Build Myanmar Community Center မှာ ရှိပါတယ်
Community Center . . .? ဘယ်လိုမျိုးလဲ . . .?
- ရေမီးအစုံ၊ အင်တာနက်လိုင်းကောင်းကောင်းနဲ့ ကျယ်ကျယ်ဝန်းဝန်းနေရာ
- အလုပ်လုပ်နိုင်မဲ့ Co-working Space
- Networking Session တွေ
- နယ်ပယ်ပေါင်းစုံက ပညာရှင်တွေရဲ့ Workshop တွေ
- အသိပညာရေသောက်မြစ်အတွက် Library နဲ့
- တီထွင်ဖန်တီးနိုင်ဖို့ Maker Space တွေ ပါဝင်ပါတယ်။
စိတ်ဝင်စားတယ်ဆိုရင် အောက်ကလင့်ခ်က တစ်ဆင့် အခုပဲ ဝင်လေ့လာကြည့်ပါ။
အခုလို ပြောင်းလဲသွားတာက နည်းပညာလောကအတွက်တော့ သက်ရောက်မှု တစ်ခု ရှိပါတယ်။ Google ရဲ့ TPU ချစ်ပ်စနစ်တွေဟာ AI မော်ဒယ်တွေရဲ့ Deep Learning လုပ်ငန်းစဉ်တွေအတွက် သီးသန့်ဒီဇိုင်းထုတ်ထားတဲ့ နည်းပညာတွေပါ။ ဒီချစ်ပ်တွေက Nvidia ချစ်ပ်တွေနဲ့ ယှဉ်ရင် စွမ်းအင်သုံးစွဲမှု ပိုသက်သာပြီး တချို့အေအိုင်လုပ်ငန်းစဉ်တွေမှာ လုပ်ဆောင်နိုင်စွမ်း ပိုမြန်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။
ကမ္ဘာ့နည်းပညာပြိုင်ပွဲကာလရဲ့ အေအိုင်ခေတ်မှာ ချစ်ပ်ကိစ္စတွေ အပြိုင်အဆိုင်ဖြစ်နေကြချိန် OpenAI လို ထိပ်တန်းကုမ္ပဏီရဲ့ ဒီဆုံးဖြတ်ချက်က အတွေးလှိုင်းထစေတယ်လို့ နယ်ပယ်တွင်းက ပညာရှင်တွေက မှတ်ချက်ပြုကြပါတယ်။ OpenAI ဟာလဲ ၂၀၂၅ ခုနှစ်မှာ သူတို့ကိုယ်တိုင် ချစ်ပ်တွေ တီထွင်ထုတ်လုပ်နိုင်ဖို့ လုံးပန်းနေတယ်လို့ သိရတာပါ။ နောက်တော့ ဒီကိစ္စဟာ လက်ရှိ NVIDIA ကုမ္ပဏီရဲ့ AI chip စျေးကွက်မှာ လွှမ်းမိုးချုပ်ကိုင်မှုကို စိန်ခေါ်နေတဲ့ သင်္ကေတဖြစ်တယ်လို့လဲ ယူဆကြပါတယ်။
Reference: OpenAI shifts from Nvidia to Google tensor processing units for ChatGPT & more. (n.d.). Perplexity AI. https://www.perplexity.ai/discover/tech/openai-shifts-from-nvidia-to-g-CispgspUQESjg5fwSoQ5dA
ဆက်စပ်ဖတ်ရှုဖို့


Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Build Myanmar Media: Daily News - Sharing Myanmar's Important News Daily
Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:
Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia