NASA ဟာ ၂၀၃၀ ခုနှစ်မှာ အပြည်ပြည်ဆိုင်ရာ အာကာသစခန်း (ISS)ကို အပြည့်အဝရပ်ဆိုင်းမယ်ဆိုတဲ့ သမိုင်းဝင် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်ပါတယ်။
အပြည်ပြည်ဆိုင်ရာ အာကာသစခန်းတစ်ခုလုံး လုံခြုံစွာကောင်းကင်မှဆင်းသက်နိုင်ဖို့နဲ့ ဖျက်ဆီးဖို့ SpaceX ကိုရွေးချယ်တာဝန်ပေးခဲ့ပါပြီး အဲဒါက အမေရိကန်ဒေါ်လာ ၈၄၃ သန်းခန့် တန်ဖိုးရှိတဲ့ ISS ရဲ့ သမိုင်းကြောင်းရှည်လျားတဲ့ ဝန်ဆောင်မှုကို အဆုံးသတ်ဖို့ ရည်ရွယ်ပါတယ်။
SpaceX ဟာ ISS ကို ကမ္ဘာ့လေထုနဲ့ ပွတ်တိုက်ပြီး သမုဒ္ဒရာထဲကို ဆင်းသက်နိုင်စေဖို့ လုပ်ဆောင်မှာဖြစ်ပါတယ်။ ဆင်းသက်စဉ်မှာလည်း တိကျတဲ့လမ်းကြောင်းကို အသုံးပြုမှာဖြစ်ပြီး လူနေထိုင်ရာဒေသတွေကို အန္တရာယ်အနည်းဆုံးဖြစ်အောင် ခြေရာခံဖို့လည်းလိုအပ်နေပါသေးတယ်။
NASA အနေနဲ့ ကမ္ဘာ့ပတ်လည်မှာ အာကာသစခန်းအသစ်တစ်ခု ထားရှိဖို့ ဆက်လက်လုပ်ဆောင်မှာဖြစ်ပြီး အဲဒါက SpaceX ရဲ့ Starship ဗားရှင်းတစ်ခု ဖြစ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။
NASA ဟာ SpaceX ကို ရွေးချယ်ခြင်းမပြုမီ ISS ရဲ့ အသုံးချမှုအတွက် တခြားရွေးချယ်မှုတွေကိုစူးစမ်းခဲ့ပါသေးတယ်။ အဲဒီရွေးချယ်မှုတွေမှာ တတိယအဖွဲ့အစည်းဆီရောင်းချတာ၊ အစိတ်အပိုင်းတွေကို နောက်ထပ်စခန်းတွေမှာ အသုံးပြုဖို့ ခွဲထုတ်တာ ဒီလိုမျိုးတွေလည်း ပါဝင်ပါတယ်။ ဒါပေမယ့် အဲဒါတွေက လက်တွေ့လုပ်ဆောင်ဖို အရမ်းခက်ခဲတာကြောင့် မရွေးချယ်ခဲ့သလို ISS ကို တာဝန်ရပ်ဆဲဖို့ ဆုံးဖြတ်ချက်က အာကာသကုန်သွယ်ရေးအပေါ်အလေးပေးတဲ့ အာကာသ စခန်းတွေကို မြင်ရဖို့ ပိုနီးစပ်လာပါပြီ။
NASA ဟာ Axiom Space ရဲ့ Hab One နဲ့ Blue Origin ရဲ့ Orbital Reef လိုမျိုး ကုန်သွယ်ရေးအာကာသစခန်းတွေဖွံ့ဖြိုးစေဖို့ ထောက်ပံ့သလို သူတို့က အာကာသမှာ လူသားတွေ ဆက်လက်နေထိုင်နိုင်ရေးကို စရိတ်သက်သာစွာ သုတေသနပြုနေပါတယ်။
ဆိုတော့ အာကာသနည်းပညာတွေ ဘာတွေဆက်ဖြစ်လာမလဲ စောင့်ကြည့်ကြတာပေါ့။
Reference:
(1) https://futurism.com/the-byte/nasa-hires-spacex-destroy-international-space-station
Build Myanmar Media ရဲ့ Update လုပ်ဆောင်ချက်တွေအတွက် 📌Facebook https://www.facebook.com/buildmyanmar
📌YouTube https://youtube.com/@buildmyanmarmedia?si=pdavs8BA4OUVAs9c
📌LinkedIn https://www.linkedin.com/showcase/build-myanmar/
📍နည်းပညာ၊ Startup နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Groupထဲမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ https://t.me/+6_0G6CLwrwMwZTIx
📍လူမှုအဖွဲ့အစည်းအတွက် အပြုသဘောဆောင်သောအကြံပြုချက်များကို အောက်ပါ Mail ကနေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။
Inquiry - [email protected]
#TechNews #BuildMyanmar #tech #myanmar #weeklynews #media #BuildMyanmarMedia