ဦးနှောက်နဲ့ ကွန်ပျူတာ ချိတ်ဆက်ပေးတဲ့ နည်းပညာ (BCI) ကို ဦးဆောင်နေတဲ့ Neuralink ကုမ္ပဏီဟာ 'Smart Bionic Eye' လို့ခေါ်တဲ့ အေအိုင်မျက်လုံးအတုတစ်မျိုး ဖန်တီးဖို့အတွက် လက်တွေ့စမ်းသပ်မှု (clinical trial) တွေကို စတင်လိုက်ပြီလို့ ကြေညာလိုက်ပါတယ်။ ဒီစီမံကိန်းဟာ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား တက္ကသိုလ် (UCSB) ရဲ့ ဦးဆောင်မှုနဲ့ ဆောင်ရွက်တာဖြစ်ပြီး မျက်စိအလင်း ကွယ်ပျောက်နေသူတွေကို အမြင်အာရုံ ပြန်လည်ရရှိအောင် ကူညီပေးဖို့ ရည်ရွယ်ထားပါတယ်။

ဒီ 'Smart Bionic Eye' ဆိုတာကတော့ ရိုးရိုးမျက်လုံးအတုမျိုး မဟုတ်ပါဘူး။ သူက အပြင်ဘက်မှာ တပ်ဆင်ထားတဲ့ ကင်မရာကနေ ရိုက်ယူထားတဲ့ ပုံရိပ်တွေကို AI နည်းပညာနဲ့ စီမံပြီး ဦးနှောက်ရဲ့ အမြင်အာရုံကို ထိန်းချုပ်တဲ့ အစိတ်အပိုင်း (visual cortex) ကို တိုက်ရိုက် လှုံ့ဆော်ပေးမယ့် စနစ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် မျက်စိနဲ့ အမြင်အာရုံကြောတွေ ပျက်စီးနေတဲ့သူတွေအတွက်တောင် အမြင်အာရုံကို ပြန်လည်ဖန်တီးပေးနိုင်မှာပါ။ ဒီနည်းပညာကို "Blindsight" လို့ နာမည်ပေးထားပြီး၊ လူမျက်စိနဲ့ သဘာဝအတိုင်း မြင်ရသလိုမျိုး ရည်ရွယ်တာထက် မျက်နှာတွေကို မှတ်မိနိုင်တာ၊ ပတ်ဝန်းကျင်မှာ လမ်းလျှောက်သွားလာနိုင်တာနဲ့ စာဖတ်နိုင်တာမျိုးလို အသုံးဝင်တဲ့ အမြင်အာရုံမျိုးကို ဖန်တီးပေးဖို့ ပညာရှင်တွေက ရည်ရွယ်ထားပါတယ်။

တီထွင်ဖန်တီးမှုတို့ ပြည့်နှက်ရာ Community Center

မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် အလိုအပ်ဆုံးက အလုပ်လုပ်ဖို့၊ စာကြည့်ဖို့၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆုံဖို့ 'သီးသန့်ဆန်တဲ့ နေရာတစ်ခု' ဖြစ်ပါလိမ့်မယ်။ ဒီပြဿနာအတွက် ဖြေရှင်းနည်းက Build Myanmar Community Center မှာ ရှိပါတယ်

Community Center . . .? ဘယ်လိုမျိုးလဲ . . .?

  • ရေမီးအစုံ၊ အင်တာနက်လိုင်းကောင်းကောင်းနဲ့ ကျယ်ကျယ်ဝန်းဝန်းနေရာ
  • အလုပ်လုပ်နိုင်မဲ့ Co-working Space
  • Networking Session တွေ
  • နယ်ပယ်ပေါင်းစုံက ပညာရှင်တွေရဲ့ Workshop တွေ
  • အသိပညာရေသောက်မြစ်အတွက် Library နဲ့
  • တီထွင်ဖန်တီးနိုင်ဖို့ Maker Space တွေ ပါဝင်ပါတယ်။

စိတ်ဝင်စားတယ်ဆိုရင် အောက်ကလင့်ခ်က တစ်ဆင့် အခုပဲ ဝင်လေ့လာကြည့်ပါ။

ဒီကိုနှိပ်ပါ

Neuralink ဟာ ဒီစမ်းသပ်မှုမှာ ဘယ်လိုအခန်းကဏ္ဍက ပါဝင်မယ်ဆိုတာကို တိတိကျကျ မဖော်ပြသေးပေမဲ့ Neuralink ရဲ့ လူနာတွေကို စမ်းသပ်မှုမှာ ပါဝင်စေဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ဒီနည်းပညာကို လူသားတွေမှာ တပ်ဆင်ဖို့ ၂၀၂၅ ခုနှစ်နောက်ပိုင်းလောက်မှာ စတင်ဖို့ မျှော်မှန်းထားပြီး ၂၀၃၀ ပြည့်နှစ်လောက်မှာတော့ Blindsight chip ကို အများအပြား ထုတ်လုပ်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။

ဒီပူးပေါင်းဆောင်ရွက်မှုဟာ ဦးနှောက်နဲ့ နည်းပညာ ပေါင်းစပ်တဲ့ နယ်ပယ်မှာ တကယ့်ကို ကြီးမားတဲ့ ခြေလှမ်းသစ်တစ်ခု ဖြစ်ပါတယ်။ AI နည်းပညာနဲ့ ဦးနှောက်တွင်း အာရုံခံကိရိယာတွေ (brain implants) ကို ပေါင်းစပ်ပြီး မျက်စိကွယ်နေသူ သန်းပေါင်းများစွာအတွက် မျှော်လင့်ချက်အသစ်တွေကို ဖော်ဆောင်ပေးနိုင်ဖို့ရာလဲ အရေးပါတဲ့ အပြောင်းအလဲတစ်ခု ဖြစ်လာမှာပါ။

Reference: Perplexity. (n.d.). Perplexity AI. https://www.perplexity.ai/discover/tech/elon-musks-neuralink-joins-stu-YIHqS5hzRmKMiXoRvE6N9g

ဆက်စပ်ဖတ်ရှုဖို့

နျူရာလင့်ခ်ကုမ္ပဏီက အမြင်အာရုံချို့တဲ့နေသူတွေကို ပြန်မြင်ရအောင် ကူညီပေးမဲ့ ‘Blindsight’ နည်းပညာ FDA ရဲ့ ထုတ်လုပ်မှုခွင့်ပြုချက် ရ
အီလွန်မက်စ်ခ်ရဲ့ ဦးနှောက်ထဲ ချစ်ပ်ထည့်တဲ့ နည်းပညာကုမ္ပဏီ နျူရာလင့်ခ်က ‘Blindsight’ ခေါ် အမြင်အာရုံပြန်ရနိုင်တဲ့ နည်းပညာကို စတင်စမ်းသပ်နေပြီး FDA ရဲ့ ထုတ်လု

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

📍
Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!