
အမေရိကန်နိုင်ငံရဲ့ နည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ Microsoft၊ OpenAI နဲ့ Anthropic တို့က အမေရိကန်ဆရာ/မတွေအတွက် AI သင်တန်းကျောင်းတစ်ခု ဖွင့်လှစ်ဖို့ ဒေါ်လာသန်း ၂၃ ရင်းနှီးမြုပ်နှံလိုက်ပါပြီ။ ဒါဟာ ဒီကနေ့ကမ္ဘာပေါ်မှာ AI နည်းပညာက ပညာရေးကဏ္ဍကို ပြောင်းလဲစေနေတဲ့အချိန် ဆရာတွေကို AI သုံးတတ်အောင် သင်ကြားပေးမဲ့ အကြီးမားဆုံး အစီအစဉ်တွေထဲက တစ်ခုလဲ ဖြစ်လာတာပါ။
National Academy of AI Instruction လို့ခေါ်တဲ့ ဒီအစီအစဉ်ဟာ အမေရိကန်ဆရာများအသင်းချုပ်နဲ့ ကမ္ဘာ့ဆရာများသမဂ္ဂတို့ ပူးပေါင်းလုပ်ဆောင်တာ ဖြစ်ပါတယ်။ ကမ္ဘာ့ထိပ်တန်းနည်းပညာ ကုမ္ပဏီကြီးတွေရဲ့ ဒေါ်လာ ၂၃ သန်း ရင်းနှီးမြှုပ်နှံထားတဲ့ ဒီအစီအစဉ်မှာ AFT အဖွဲ့ဝင် ၁.၈ သန်းအတွက် အခမဲ့အေအိုင်သင်တန်းတွေ စီစဉ်ပေးမှာ ဖြစ်သလို ပထမဆုံးကတော့ KG ကနေ Grade 12 (K-12) ဆရာတွေက စမယ်လို့ သိရတာပါ။ မက်ဟန်တန်မြို့မှာ သင်တန်းရဲ့ ဗဟိုချုပ်ကိုလဲ တည်ဆောက်ပေးမဲ့ အစီအစဉ် ရှိပါတယ်။

တီထွင်ဖန်တီးမှုတို့ ပြည့်နှက်ရာ Community Center
မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် အလိုအပ်ဆုံးက အလုပ်လုပ်ဖို့၊ စာကြည့်ဖို့၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆုံဖို့ 'သီးသန့်ဆန်တဲ့ နေရာတစ်ခု' ဖြစ်ပါလိမ့်မယ်။ ဒီပြဿနာအတွက် ဖြေရှင်းနည်းက Build Myanmar Community Center မှာ ရှိပါတယ်
Community Center . . .? ဘယ်လိုမျိုးလဲ . . .?
- ရေမီးအစုံ၊ အင်တာနက်လိုင်းကောင်းကောင်းနဲ့ ကျယ်ကျယ်ဝန်းဝန်းနေရာ
- အလုပ်လုပ်နိုင်မဲ့ Co-working Space
- Networking Session တွေ
- နယ်ပယ်ပေါင်းစုံက ပညာရှင်တွေရဲ့ Workshop တွေ
- အသိပညာရေသောက်မြစ်အတွက် Library နဲ့
- တီထွင်ဖန်တီးနိုင်ဖို့ Maker Space တွေ ပါဝင်ပါတယ်။
စိတ်ဝင်စားတယ်ဆိုရင် အောက်ကလင့်ခ်က တစ်ဆင့် အခုပဲ ဝင်လေ့လာကြည့်ပါ။
Microsoft ကုမ္ပဏီက ဒေါ်လာ ၁၂.၅ သန်း ရင်းနှီးမြှုပ်နှံမယ်လို့ ပြောပြီး OpenAI ကတော့ ဒေါ်လာ ၁၀ သန်း၊ နောက် Anthropic က ပထမနှစ်အတွက် ဒေါ်လာ ၅ သိန်း ပေးမယ်လို့ သိရတာပါ။ အဲဒီအထဲမှာ OpenAI က သူတို့ပေးတဲ့ ဒေါ်လာ ၁၀ သန်းက ၅ နှစ်စာအတွက် ရည်ရွယ်တာ ဖြစ်ပြီး အဲဒီထဲ တိုက်ရိုက်ထောက်ပံ့တဲ့ ငွေကြေး ဒေါ်လာ ၈ သန်းနဲ့ နည်းပညာဆိုင်ရာ ပံ့ပိုးမှုတွေ၊ ကွန်ပြူတာတွေနဲ့ တခြားအကူအညီတွေအဖြစ် ဒေါ်လာ ၂ သန်း ပေးမှာဖြစ်ပါတယ်။
ဒီအစီအစဉ်ရဲ့ ပင်မရည်ရွယ်ချက်က ငါးနှစ်အတွင်းမှာ ဆရာ/ဆရာမပေါင်း ၄ သိန်းကျော်ကို အေအိုင်နဲ့ ပတ်သက်ပြီး ပိုမိုသိကျွမ်းနားလည်လာအောင် သင်ကြားပေးဖို့ ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုမှာ စတင်အကောင်အထည်ဖော်မယ် ဆိုပါတယ်။ AI ကုမ္ပဏီကြီးတွေက ပညာရေးကဏ္ဍထဲ စတင်ရင်းနှီးမြှုပ်နှံလာတာဟာ ပညာရေးမှာ AI က ဘယ်လိုအခန်းကဏ္ဍမှာ ပါဝင်လာမလဲဆိုတာကို ခန့်မှန်းလို့ရနိုင်တာပါ။
သင်ကြားရေးကျွမ်းကျင်သူတွေ၊ ဆရာ/ဆရာမတွေနဲ့ ပညာရေးနယ်ပယ်က သက်ဆိုင်သူတွေကို အေအိုင်အသိပညာ တိုးမြှင့်ပေးရင်း စာသင်ခန်းတွေမှာပါ အေအိုင်အခြေပြုနည်းစနစ်တွေ ထည့်သွင်းပေါင်းစပ်လာနိုင်ဖို့ ဒီအစီအစဉ်က ကူညီဖော်ဆောင်သွားမယ်လို့လဲ သိရပါတယ်။
Reference: Microsoft, OpenAI, Anthropic launch $23M AI teacher academy. (n.d.). Perplexity AI. https://www.perplexity.ai/page/microsoft-openai-anthropic-lau-zvFXKIZ8Q_iunhC.C7Vxiw
ဆက်စပ်ဖတ်ရှုဖို့


Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Build Myanmar Media: Daily News - Sharing Myanmar's Important News Daily
Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:
Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia