
Meta ကုမ္ပဏီဟာ အမေရိကန်ရဲ့ Startup AI လုပ်ငန်းဖြစ်တဲ့ Scale AI ကုမ္ပဏီထဲ ဒေါ်လာ ၁၀ ဘီလျံကျော် ရင်းနှီးမြှုပ်နှံဖို့ ဆွေးနွေးနေတယ်လို့ စီးပွားရေးသတင်းရင်းမြစ်တွေက ဖော်ပြပါတယ်။ ဒီငွေပမာဏက Meta ရဲ့ သမိုင်းတစ်လျှောက် ပြင်ပက ဉာဏ်ရည်တုကုမ္ပဏီထဲ အကြီးဆုံးပြုလုပ်တဲ့ ရင်းနှီးမြှုပ်နှံမှု ဖြစ်လာနိုင်သလို ပုဂ္ဂလိကကုမ္ပဏီတစ်ခုအအတွက်လဲ ကမ္ဘာ့အကြီးဆုံး ရင်းနှီးမြှုပ်နှံမှုတွေထဲက တစ်ခု ဖြစ်လာနိုင်တာပါ။
Scale AI ဟာ အေအိုင်မော်ဒယ်တွေ လေ့ကျင့်ရာမှာ လိုတဲ့ ဒေတာတွေကို တိတိကျကျ အညွှန်းတပ်/အမျိုးအစားခွဲပေးနိုင်တဲ့ Data Labeling နည်းပညာမှာ ဦးဆောင်နေတဲ့ လုပ်ငန်းငယ်ဖြစ်ပြီး Microsoft, OpenAI နဲ့ Meta တို့မှာ ဦးစားပေးသုံးနေကြရပါတယ်။ Scale AI ဟာ ၂၀၂၄ ခုနှစ်က ရင်းနှီးမြှုပ်နှံမှုပထမအသုတ်မှာ ၁၃.၈ ဘီလျံထိ ဈေးကွက်တန်ဖိုး ထိုးတက်ခဲ့ပြီး Meta က အဲတုန်းကတည်းက ရင်းနှီးမြှုပ်နှံခဲ့တာလို့ သိရတာပါ။

ငလျင်ဘေးကို Build Myanmar နဲ့ အတူကူပါ
မြန်မာနိုင်ငံသားတွေ ကြုံတွေ့ခံစားနေရတဲ့ ငလျင်ဘေးကို Build Myanmar နဲ့အတူ နိုင်ငံတကာမှာ ရှိနေသူတွေ ပါဝင်ကူညီဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။ လောလောဆယ် ရန်ပုံငွေတစ်ရပ် ထူထောင်ထားတာကို ပါဝင်ဖို့ ပုံမှာပါတဲ့ QR code ကို စကင်န်ဖတ်ပါ
Meta အနေနဲ့ အခုလို အကြီးစားရင်းနှီးမြှုပ်နှံမှု လုပ်ရတဲ့ နောက်ကွယ်မှာ သူတို့ရဲ့ အေအိုင်နည်းပညာအုတ်မြစ်ကို ပိုခိုင်မာအောင် ဆောင်ရွက်ဖို့၊ Microsoft, Amazon နဲ့ Google တို့လို ပြိုင်ဘက်တွေနဲ့ ရင်ဘောင်တန်းနိုင်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ Microsoft က OpenAI ကို ဒေါ်လာ ၁၃ ဘီလျံကျော် ရင်းနှီးပေးထားသလို Amazon နဲ့ Google တို့ဟာလဲ Claude AI ရဲ့ Anthropic ကို ဘီလျံချီ အသီးသီး ရင်းနှီးထားကြတာပါ။
Meta စီအီးအို မာ့ခ်ဇူကာဘက်ကတော့ ၂၀၂၅ ခုနှစ်ရဲ့ အေအိုင်ကဏ္ဍအဖို့ ဒေါ်လာ ၆၅ ဘီလျံထိ အသုံးစရိတ် ရည်ရွယ်ထားကြောင်း ကြေညာထားသလို Llama ချက်ဘော့ကိုလဲ Facebook, Instagram တို့ထဲမှာ တစ်လကို သုံးစွဲသူ ၁ ဘီလျံထိ ရှိနေအောင် ဆောင်ရွက်သွားမယ်လို့ ကြွေးကြော်ထားပါတယ်။
Reference: Carnevali, D., Ghaffary, S., Roof, K., & Wagner, K. (2025, June 8). Meta in talks for scale AI investment that could top $10 billion. Bloomberg.com. https://www.bloomberg.com/news/articles/2025-06-08/meta-in-talks-for-scale-ai-investment-that-could-top-10-billion
ဆက်စပ်ဖတ်ရှုဖို့
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Build Myanmar Media: Daily News - Sharing Myanmar's Important News Daily
Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:
Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia