
Facebook ပိုင်ရှင် Meta ကုမ္ပဏီက ဉာဏ်ရည်တု (AI) ဒေတာကုမ္ပဏီ Scale AI မှာ ၄၉ ရာခိုင်နှုန်း ရှယ်ယာ ဝယ်ယူဖို့ ၁၄.၈ ဘီလီယံ ဒေါ်လာ ပေးဆောင်မယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဒါဟာ Meta ရဲ့ ၂၀၁၄ ခုနှစ် WhatsApp ဝယ်ယူမှုပြီးနောက် အကြီးဆုံး ရင်းနှီးမြှုပ်နှံမှု ဖြစ်သလို ပုဂ္ဂလိကကုမ္ပဏီတွေထဲမှာ စံချိန်တင်တဲ့ အခြေအနေထဲက တစ်ခု ဖြစ်လာမှာပါ။
အဆိုပါ သဘောတူညီချက်အရ Meta က Scale AI ရဲ့ စတော့ခ်တွေကို ငွေသားနဲ့ ပေးချေဝယ်ယူမှာ ဖြစ်ပြီး Scale AI ရဲ့ တည်ထောင်သူ ၂၈ နှစ်သား CEO အလက်ဇန္ဒားဝမ် (Alexandr Wang) ကို Meta ရဲ့ ရာထူးအကြီးပိုင်းမှာ ခန့်အပ်မှာဖြစ်ပါတယ်။ Meta ရဲ့ ပြောကြားချက်အရ "ကျွန်တော်တို့ AI မော်ဒယ်တွေရဲ့ ဒေတာအရည်အသွေးပိုင်းမှာ သေချာ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပြီး Alexandr Wang က Meta ရဲ့ အဆင့်မြင့် AI ပရောဂျက်တွေမှာ ပါဝင်လုပ်ကိုင်မှာ ဖြစ်ပါတယ်" လို့ ဆိုတာပါ။
Scale AI ကုမ္ပဏီဟာ AI စနစ်တွေကို လေ့ကျင့်ပေးဖို့ လိုအပ်တဲ့ ဒေတာတွေကို အညွှန်းတပ်ပေးတဲ့ အလုပ်လုပ်ပါတယ်။ အရိုးရှင်းဆုံး ပြောရရင် AI ရဲ့ ဦးနှောက်ကို ပိုထက်မြက်အောင် သွေးပေးတာမျိုးပါ။ ဒီကုမ္ပဏီရဲ့ ဝန်ဆောင်မှုတွေက OpenAI ရဲ့ ChatGPT, Google ရဲ့ Bard, Gemini . . . စတဲ့ နာမည်ကြီးအေအိုင်စနစ်တွေကို ပိုကောင်းအောင် ကူညီပေးနေလို့ ဉာဏ်ရည်တုနည်းပညာလောကမှာ Scale AI ကို နောက်ပိုင်းမှီခိုလာရပါတယ်။ ဒါကြောင့် Meta ကလဲ Scale AI ကို ဝယ်ယူပြီး သူတို့ရဲ့ အေအိုင်ပြိုင်ပွဲမှာ အသာစီးရအောင် ကြိုးပမ်းတာဖြစ်တယ်လို့ သိရတာပါ။

တီထွင်ဖန်တီးမှုတို့ ပြည့်နှက်ရာ Community Center
မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် အလိုအပ်ဆုံးက အလုပ်လုပ်ဖို့၊ စာကြည့်ဖို့၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆုံဖို့ 'သီးသန့်ဆန်တဲ့ နေရာတစ်ခု' ဖြစ်ပါလိမ့်မယ်။ ဒီပြဿနာအတွက် ဖြေရှင်းနည်းက Build Myanmar Community Center မှာ ရှိပါတယ်
Community Center . . .? ဘယ်လိုမျိုးလဲ . . .?
- ရေမီးအစုံ၊ အင်တာနက်လိုင်းကောင်းကောင်းနဲ့ ကျယ်ကျယ်ဝန်းဝန်းနေရာ
- အလုပ်လုပ်နိုင်မဲ့ Co-working Space
- Networking Session တွေ
- နယ်ပယ်ပေါင်းစုံက ပညာရှင်တွေရဲ့ Workshop တွေ
- အသိပညာရေသောက်မြစ်အတွက် Library နဲ့
- တီထွင်ဖန်တီးနိုင်ဖို့ Maker Space တွေ ပါဝင်ပါတယ်။
စိတ်ဝင်စားတယ်ဆိုရင် အောက်ကလင့်ခ်က တစ်ဆင့် အခုပဲ ဝင်လေ့လာကြည့်ပါ။
မာ့ခ်ဇူကာဘက်ဂ်ဟာ OpenAI နဲ့ Google လို သူ့ရဲ့ပြိုင်ဘက်ကုမ္ပဏီတွေဟာ Meta နဲ့ ယှဉ်လိုက်ရင် AI နယ်ပယ်မှာ ရှေ့ပိုရောက်နေလို့ စိတ်ပျက်အားလျော့ဖြစ်နေခဲ့တယ်လို့လဲ ဆိုပါတယ်။ ဒါကြောင့် ဒီရင်းနှီးမြှုပ်နှံမှုကနေ Meta ဟာ အေအိုင်ခရီးစဉ်မှာ ဘယ်လိုအရှိန်မြှင့်သွားနိုင်မလဲဆိုတာကို နည်းပညာလောကက စိတ်ဝင်တစား စောင့်ကြည့်နေကြပါပြီ။ Scale AI နဲ့ ပေါင်းစပ်လိုက်ရင် Meta ရဲ့ ကိုယ်ပိုင် AI စနစ်တွေ ဖြစ်တဲ့ Llama မော်ဒယ်တွေဟာ သေချာပေါက် ပိုအားကောင်းလာမယ်လို့လဲ ထင်ကြေးတွေ ပေးနေပါတယ်။
ဒီသဘောတူညီချက်က နည်းပညာလောကမှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့ပြီး AI ပြိုင်ပွဲမှာ နောက်ကောက်ကျနေတဲ့ ကုမ္ပဏီတွေအဖို့ အရှိန်အဟုန်ပြန်ရဖို့ရာ ဘယ်လောက်ထိ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ရမလဲဆိုတဲ့ မေးခွန်းကို မီးမောင်းထိုး မေးမြန်းနေတာလဲ ဖြစ်ပါတယ်။ အနာဂတ်မှာလဲ အေအိုင်နည်းပညာက လူတွေရဲ့ နေ့စဉ်ဘဝကို သေချာပေါက် လွှမ်းမိုးကြီးစိုး-သက်ရောက်လာမဲ့အပြင် အခုလို ရင်းနှီးမြှုပ်နှံမှုတွေကလဲ ဒီခရီးရှည်ကို မြန်မြန်ဆန်ဆန် ရောက်ရှိစေမဲ့ လောင်စာတွန်းအားဖြစ်တယ်လို့ မှတ်ချက်ပြုကြပါတယ်။
Reference: Meta buys 49% stake in Scale AI for $14.8B, hires founder Alexandr Wang. (n.d.). Perplexity AI. https://www.perplexity.ai/discover/tech/meta-buys-49-stake-in-scale-ai-cIj3GBXaQWOxzgHnI1R20Q
ဆက်လက်ဖတ်ရှုဖို့


Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Build Myanmar Media: Daily News - Sharing Myanmar's Important News Daily
Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:
Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia