Meta ရဲ့ ဉာဏ်ရည်တု (AI) နည်းပညာကို အတင်းအကျပ် တွန်းအားပေးပြီး ရှေ့ပြေးအောင် လုပ်ဆောင်နေမှုတွေဟာ ကုမ္ပဏီရဲ့ အသစ်ဖွဲ့စည်းထားတဲ့ ထိပ်တန်းသုတေသနအဖွဲ့နဲ့ ဝါရင့်အမှုဆောင်အရာရှိတွေကြား တင်းမာမှုတွေ မြင့်တက်လာစေနေတယ်လို့ နည်းပညာသတင်းတွေက ပြောပါတယ်။ ‘ရှေ့ဆက် ဘာလုပ်ကြမလဲ၊ ဘာကို ဦးစားပေးကြမလဲ’ ဆိုတာပေါ် အမြင်တွေနဲ့ ရည်မှန်းချက်တွေ ကွဲပြားနေလို့ ဇူကာဘက်ရဲ့ Superintelligence (လူသားထက် သာလွန်တဲ့ ဉာဏ်ရည်တု) အိပ်မက် လမ်းချော်သွားမလားဆိုတဲ့ စိုးရိမ်မှုတွေ တစ်ဆက်တည်း ပေါ်လာနေတာပါ။

ဒီပဋိပက္ခရဲ့ အဓိကဗဟိုချက်က ScaleAI ထဲ Meta ဒေါ်လာ ၁၄.၃ ဘီလျံ ရင်းနှီးပြီး အဲဒီက စီအီးအိုကို အဖွဲ့ထဲခေါ်ရင်း တည်ထောင်ထားတဲ့ TBD Lab အမည်ရ Meta အေအိုင်သုတေသနအဖွဲ့ကပါ။ အသက် ၂၈ နှစ်အရွယ် အေအိုင်သုတေသနခေါင်းဆောင် အလက်စန္ဒားဝမ် ဦးဆောင်တဲ့ ဒီအဖွဲ့ဟာ ကုမ္ပဏီရဲ့ ဝါရင့်အမှုဆောင်တွေဖြစ်တဲ့ Chris Cox နဲ့ Andrew Bosworth တို့နဲ့ ဉာဏ်ရည်တုနည်းပညာ ဦးစားပေးရေးတွေနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲနေတာပါ။ သူတို့အချင်းချင်း ခေတ်ရှေ့ပြေးတဲ့ AI model တွေကို ဦးစားပေးဖန်တီးမလား၊ ဒါမှမဟုတ် ကုမ္ပဏီရဲ့ အဓိက ဆိုရှယ်မီဒီယာလုပ်ငန်းကိုပဲ အာရုံစိုက်ပြီး တိုးတက်အောင် လုပ်မလား ဆိုတဲ့အပေါ် မတူညီတဲ့ အမြင်တွေ ရှိနေကြတာပါ။

ဆွေးနွေးမှုတွေနဲ့ နီးစပ်သူတွေရဲ့ အဆိုအရ Meta ရဲ့ Chief Product Officer ဖြစ်သူ Cox နဲ့ Chief Technology Officer ဖြစ်သူ Bosworth တို့က Wang ရဲ့အဖွဲ့ကို Instagram နဲ့ Facebook ရဲ့ ဒေတာတွေကို အသုံးပြုပြီး Avocado လို့ အမည်ပေးထားတဲ့ နောက်ထပ် frontier model ကို လေ့ကျင့်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒါမှသာ ကုမ္ပဏီရဲ့ ကြော်ငြာနဲ့ content အကြံပြုတဲ့ စနစ်တွေကို ပိုမိုကောင်းမွန်အောင် လုပ်နိုင်မှာပါ။ ဒါပေမဲ့ Wang ကတော့ ဒီလို ထုတ်ကုန်အပေါ် အာရုံစိုက်တဲ့ ရည်မှန်းချက်တွေက Superintelligence ကို ရောက်ရှိဖို့အတွက် အဟန့်အတားဖြစ်စေနိုင်တယ်လို့ ငြင်းဆိုခဲ့ပါတယ်။ စီးပွားဖြစ် အသုံးပြုဖို့ကို ဦးစားမပေးခင် OpenAI နဲ့ Google လို ပြိုင်ဘက်တွေနဲ့ အရင်ဆုံး ယှဉ်နိုင်အောင် လိုက်မီဖို့ လိုတယ်လို့ သူက အခိုင်အမာ ပြောခဲ့ပါတယ်။

လေ့လာ၊ ချိတ်ဆက်၊ တိုးတက် - TalentOS

ဘယ်လောက်ပဲ ကြိုးစားနေနေ အခွင့်အရေးတွေ ရှားပါးလာတယ်လို့ လူငယ်အများစု ခံစားနေကြရမှာပါ။

ဒီပြဿနာတွေကို ဖြေရှင်းပေးဖို့ TalentOS ရောက်ရှိလာပါပြီ။

TalentOS ဆိုတာ ဒေါ်လာနဲ့ရမယ့် အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ ချိတ်ဆက်ပေးတဲ့ Platform တစ်ခုဖြစ်ပြီး CV form တွေ၊ Resume တွေ မလိုအပ်ပါဘူး။ TalentOS မှာရှိတဲ့ Mission တွေထဲက ကိုယ်ကြိုက်တာကို ရွေးလုပ်၊ ပြီးသွားတဲ့အခါ ကိုယ်လုပ်ခဲ့တဲ့ Result ကို ပြန်တင်လိုက်ရုံနဲ့ သင့် Profile မှာ လက်တွေ့လုပ်ပြထားတဲ့ သက်သေအဖြစ် မှတ်တမ်းဝင်နေမှာပါ။

ဒီ Profile ကို TalentOS ပေါ်က လုပ်ငန်းရှင်တွေ၊ Employer တွေကလည်း တိုက်ရိုက်မြင်နိုင်ပါတယ်။ နိုင်ငံတကာကုမ္ပဏီတွေက Bounty လို့ခေါ်တဲ့ ဒေါ်လာနဲ့ရမယ့် အလုပ်တွေကိုလည်း ဝင်ပြိုင်ပြီး ကိုယ့်ရဲ့ အရည်အသွေးကို လက်တွေ့ချပြနိုင်တယ်။ နိုင်ရင် ဆုကြေးရမယ်။ ရိုးရှင်းပါတယ်။

TalentOS နဲ့အတူ ကိုယ့်ရဲ့လုပ်နိုင်စွမ်းတွေကို ဖော်ထုတ်ဖို့ အခုပဲ Play Store/ App Store မှာ Download ရယူလိုက်ပါ။

ခုပဲ ဒေါင်းလိုက်ပါ

အတွင်းပဋိပက္ခဟာ ရန်ပုံငွေ ခွဲဝေမှုအထိ ရောက်ရှိခဲ့ပါတယ်။ Bosworth က ကြီးကြပ်တဲ့ Meta ရဲ့ VR/AR Reality Labs ဌာနဟာ ဘတ်ဂျက် ၃၀% အထိ လျှော့ချဖို့ အဆိုပြုခံထားရပြီး ဒီရန်ပုံငွေတွေကို AI ဖွံ့ဖြိုးတိုးတက်ရေးဘက်ကို လမ်းကြောင်းပြောင်းဖို့ စီစဉ်နေပါတယ်။ Metaverse unit ဟာ ၂၀၂၀ ပြည့်နှစ်ကတည်းက ဒေါ်လာ ၆၀ ဘီလျံကျော် ဆုံးရှုံးမှုတွေ ရှိနေခဲ့တာပါ။

တစ်ချိန်တည်းမှာပဲ Meta ရဲ့ Avocado model ဟာ ၂၀၂၅ နှစ်ကုန်ပိုင်းမှာ ထွက်ရှိဖို့ စီစဉ်ထားခဲ့ပေမဲ့ လေ့ကျင့်မှုနဲ့ စွမ်းဆောင်ရည် စမ်းသပ်တဲ့ နေရာမှာ အခက်အခဲတွေကြောင့် ၂၀၂၆ ခုနှစ် ပထမသုံးလပတ်အထိ နောက်ဆုတ်သွားခဲ့ပါတယ်။ ဒီလို အဟန့်အတားဖြစ်နေချိန်မှာ Meta ဟာ ပြီးခဲ့တဲ့ ဧပြီလက Llama 4 ကို ထုတ်ချိန် အားမရစရာ ရလဒ်တွေ ပေါ်လာခဲ့ပြီးနောက် open-source ပုံစံကို စွန့်လွှတ်ပြီး သီးခြားပိုင်ဆိုင်မှုမော်ဒယ် (proprietary model) ဆီ ပြောင်းလဲဖို့ စဉ်းစားနေကြပါတယ်။

ကုမ္ပဏီမှာ ဝန်ထမ်းအပြောင်းအလဲတွေလည်း ရှိနေပါတယ်။ နှစ်ပေါင်း ၁၂ နှစ်ကြာ ဦးဆောင်ခဲ့တဲ့ AI သိပ္ပံပညာရှင် Yann LeCun ဟာ နိုဝင်ဘာလမှာ နုတ်ထွက်သွားခဲ့ပြီး အောက်တိုဘာလကလည်း AI နဲ့ သုတေသနဌာနတွေက ဝန်ထမ်း ၆၀၀ ကို အလုပ်ထုတ်ပစ်ခဲ့ပါတယ်။ ဒါပေမဲ့ TBD Lab ရဲ့ သုတေသီ ၁၀၀ လောက်ကိုတော့ မထိခိုက်ခဲ့ပါဘူး။ Zuckerberg ကိုယ်တိုင် OpenAI ဝန်ထမ်းတွေရဲ့ အိမ်အထိ အိမ်လုပ်ဟင်းချိုတွေ သွားပို့ပြီး TBD ထဲ ဝင်ဖို့တွေ စည်းရုံးခဲ့တယ်လို့လဲ OpenAI ရဲ့ သုတေသနအကြီးအကဲ Mark Chen က ပြောပြခဲ့ဖူးပါတယ်။

Meta ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ Wang နဲ့ ဝါရင့်အမှုဆောင်တွေကြားမှာ ပဋိပက္ခရှိတယ်ဆိုတာကို ငြင်းဆိုခဲ့ပါတယ်။ သူတို့က "Meta ဦးဆောင်အဖွဲ့ဟာ အဓိကလုပ်ငန်းကို ချဲ့ထွင်ရင်း Superintelligence ကို ဖန်တီးဖို့ တညီတညွတ်တည်း ကတိကဝတ်ပြုထားပါတယ်" လို့ ပြောကြားခဲ့ပါတယ်။ AI ရင်းနှီးမြှုပ်နှံမှုတွေဟာ ကုမ္ပဏီရဲ့ ကြော်ငြာနဲ့ အကြံပြုတဲ့ စနစ်တွေကို အထူးကောင်းမွန်စေတယ်လို့လည်း Meta က အခိုင်အမာ ပြောခဲ့ပါတယ်။

Reference: Perplexity. (n.d.). Perplexity AI. https://www.perplexity.ai/discover/you/meta-s-ai-division-faces-inter-bh_Q4jQeQfyhXVeKwfepow

ဆက်စပ်ဖတ်ရှုဖို့

Meta က Connect ပွဲမှာ ဒေါ်လာ ၇၉၉ တန် အေအိုင်မျက်မှန်ကို မိတ်ဆက်
Mark Zuckerberg has unveiled the Meta Ray-Ban Display and Meta Neural Band, AI glasses designed to help users stay present and focused.

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

📍
Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!