
မြောက်ကိုရီးယားထဲမှာ ကာလအတန်ကြာ အသုံးပြုနေတဲ့ ဖုန်းတစ်လုံးကို နိုင်ငံခြားဆီ လျှို့ဝှက်ထုတ်ယူနိုင်ခဲ့ကြောင်း BBC သတင်းဌာနက ထုတ်ပြန်ပါတယ်။ ဒီဖုန်းဟာ အပေါ်ယံကြည့်ရင်တော့ သာမန် Andriod စမတ်ဖုန်းတစ်လုံးလို ထင်ရပေမဲ့ မြောက်ကိုရီးယားရဲ့ အာဏာပိုင်တွေ ပြည်သူတွေကို စောင့်ကြည့်ဖို့ အထူးဒီဇိုင်းထွင်ထားတဲ့ နည်းပညာပြင်ဆင်မှုပိုင်းတွေ အများကြီးပါဝင်နေတယ်လို့ ဆိုတာပါ။
ဥပမာ၊ ဖုန်းထဲကို တောင်ကိုရီးယားယဉ်ကျေးမှုနဲ့ နွယ်နေတဲ့ စကားလုံးတွေ ရိုက်ထည့်မိရင် ဖုန်းက အဲဒီဝေါဟာရတွေကို ခြေရာခံမိပြီး အလိုအလျောက်ပြောင်းသွားစေတယ်လို့ သိရပါတယ်။ ဥပမာ၊ ‘Oppa’ ဆိုတဲ့ စကားလုံးကို ‘Comrade - ရဲဘော်’လို့ ပြောင်းတာ၊ ‘South Korea’ ဆိုတာကို ‘Puppet State - ရုပ်သေးနိုင်ငံ’ လို့ ပြောင်းပေးတာမျိုးပါ။ တစ်ခါတလေကျရင် အဲလိုစကားလုံးတွေ ရိုက်ထည့်မိတာနဲ့ တပြိုင်နက် ဖုန်းထဲ သတိပေးချက် ပြတယ်လို့ ဆိုပါတယ်။
ပိုထူးခြားတာက ဖုန်းဟာ အသုံးပြုသူရဲ့ လှုပ်ရှားမှုအားလုံးကို ၅ မိနစ်တစ်ခါ လျှို့ဝှက် screenshot ယူပြီး သုံးစွဲသူမသိအောင် လျှို့ဝှက် folder တွေထဲ သိမ်းဆည်းထားတာပါ။ ဒီ folder ကို အသုံးပြုသူက မဝင်နိုင်ပေမဲ့ အစိုးရအာဏာပိုင်တွေကတော့ လွယ်လင့်တကူ ဝင်ရောက်နိုင်တယ် ဆိုပါတယ်။ တစ်နည်းပြောရရင် ဖုန်းပိုင်ရှင်အနေနဲ့ သူ့ရဲ့ ဖုန်းမျက်နှာပြင်ထက်မှာ လုပ်ဆောင်မှု မှန်သမျှကို ထောက်လှမ်းရေးဘက်က အချိန်မရွေးစောင့်ကြည့်နိုင်တဲ့ အဓိပ္ပါယ်ပါ။

ငလျင်ဘေးကို Build Myanmar နဲ့ အတူကူပါ
မြန်မာနိုင်ငံသားတွေ ကြုံတွေ့ခံစားနေရတဲ့ ငလျင်ဘေးကို Build Myanmar နဲ့အတူ နိုင်ငံတကာမှာ ရှိနေသူတွေ ပါဝင်ကူညီဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။ လောလောဆယ် ရန်ပုံငွေတစ်ရပ် ထူထောင်ထားတာကို ပါဝင်ဖို့ ပုံမှာပါတဲ့ QR code ကို စကင်န်ဖတ်ပါ
နောက် ထူးခြားတာ တစ်ခု ၂၀၂၃ ခုနှစ်က စလို့ တောင်ကိုရီးယားစကားလုံး သုံးတာ၊ K-pop သီချင်းတွေ၊ တောင်ကိုရီးယားဇာတ်လမ်းတွဲတွေ ကြည့်တာကို ပြည်နယ်ရာဇဝတ်မှုအဖြစ် သတ်မှတ်ပြီး ဒါတွေကို စောင့်ကြပ်စစ်ဆေးဖို့ အထူးအဖွဲ့တွေ ဖွဲ့စည်းထားပါတယ်။ မသင်္ကာရင် ဖုန်းတွေကို သိမ်းယူပြီး မက်ဆေ့ချ်တွေထဲ တရားမဝင်စကားလုံးတွေ ရှိ/မရှိ တစ်ခုချင်းစီ စစ်ဆေးကြတယ်လို့ BBC ရဲ့ သတင်းရင်းမြစ်က ပြောထားတာပါ။
မြောက်ကိုရီးယားဖုန်းတွေဟာ တရုတ်၊ ထိုင်ဝမ်က တစ်ပိုင်းလျှပ်ကူးပစ္စည်းတွေ၊ ဘက်ထရီတွေနဲ့ Andriod OS ကိုမှ ပြင်ဆင်ထားတဲ့ ဆော့ဝဲတွေ ထည့်သုံးထားတယ်လို့ သိရပါတယ်။ ဈေးနှုန်းကလဲ ဒေါ်လာ ၁၀၀ ကနေ ၄၀၀ ထိ ရှိပြီး နိုင်ငံသားတစ်ယောက် တစ်လကို ဒေါ်လာ ၁၀၀ လောက်ပဲ ရတဲ့အချိန်မှာ ဖုန်းရဲ့ ဈေးနှုန်းက မြင့်မားနေတာမျိုးပါ။
အခုလို နည်းပညာကို အသုံးချပြီး လူထုကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားတာဟာ မြောက်ကိုရီးယားအစိုးရရဲ့ ပြောင်းလဲလာတဲ့ ဒစ်ဂျစ်တယ်ခေတ်ရဲ့ သက်ရောက်မှုကို ကာကွယ်နိုင်ဖို့ ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။ ဖုန်းတစ်လုံးထဲမှာ ဖြစ်ပေါ်နေတဲ့ လူတစ်ယောက်ရဲ့ လုပ်ဆောင်မှု၊ စကားပြောမှု၊ သုံးစွဲမှုအသီးသီးကို အစိုးရက တိတိကျကျ ထိန်းချုပ်နိုင်ဖို့ နည်းလမ်းတွေ ထည့်သွင်းထားတာဟာ ထိတ်လန့်စရာကောင်းသလို လူ့အခွင့်အရေးကို တွင်တွင်ကျယ်ကျယ် ချိုးဖောက်နေတာလဲ ဖြစ်ပါတယ်။
Reference: Smuggled North Korean smartphone shows screenshots taken every 5 minutes for. . . (n.d.). Perplexity AI. https://www.perplexity.ai/page/smuggled-north-korean-smartpho-NgjIJo_RTW6Dx8TYfGWpZg
ဆက်လက်ဖတ်ရှုဖို့


Build Myanmar Media: Daily News - Sharing Myanmar's Important News Daily
Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:
Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia