အိန္ဒိယနိုင်ငံက အာကာသနဲ့ နည်းပညာလောကထဲကို ဖြည်းဖြည်းချင်းစီ နေရာယူစိုးမိုးလာရာကနေ အခုတစ်ခါတော့ နှစ်ပေါင်း ၄၀ ကျော်အကြာမှာ ပထမဆုံးအကြိမ်အဖြစ် အိန္ဒိယနိုင်ငံသားတွေကို အာကာသထဲ ပြန်စေလွှတ်ဖို့ စီစဉ်နေပြီဖြစ်ကြောင်း သိရပါတယ်။ "Gaganyaan" လို့ ခေါ်တဲ့ ဒီစီမံကိန်းက လက်ရှိမှာ နောက်ဆုံး အဆင့်ကို ရောက်နေပြီလို့ အိန္ဒိယအာကာသသုတေသနအဖွဲ့ ISRO က ကြေညာလိုက်ပါပြီ။

ဒီပရော့ဂျက်အတွက် အိန္ဒိယလေကြောင်းအာကာသဌာနကနေ လိုက်ပါစီးနင်းမဲ့ အာကာသယာဉ်မှူးတွေ စရွေးချယ်ထားပြီး ဖြစ်တယ်လို့လဲ ဆိုပါတယ်။ အဲဒီ အာကာသယာဉ်မှူးတွေဟာ အခုဆိုရင် NASA နဲ့ ပူးပေါင်းပြီး နိုင်ငံတကာအာကာသဌာန ISS ကို သွားဖို့ အပတ်စဉ်လေ့ကျင့်ခန်းတွေ ဝင်နေကြပြီ ဖြစ်ပါတယ်။

စီမံကိန်းတစ်ခုလုံးရဲ့ အဓိကရည်ရွယ်ချက်က အိန္ဒိယနွယ်ဖွား ၃ ယောက်ကို ကမ္ဘာ့ရေမျက်နှာပြင်အထက် ကီလိုမီတာ ၄၀၀ အမြင့်ကို ၃ ရက်ကြာ စေလွှတ်ဖို့ပါ။ သူတို့ကို HLVM3 လို့ ခေါ်တဲ့ အိန္ဒိယဒုံးပျံယာဉ်နဲ့ အာကာသထဲ လွှတ်တင်မှာ ဖြစ်သလို လိုက်ပါစီးနင်းသူတွေကလဲ လေယာဉ်ပျံသန်းချိန်တွေ နာရီထောင်ချီရှိကြတဲ့ အတွေ့အကြုံမြင့် အာကာသယာဉ်မှူးတွေပါ။

တီထွင်ဖန်တီးမှုတို့ ပြည့်နှက်ရာ Community Center

မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် အလိုအပ်ဆုံးက အလုပ်လုပ်ဖို့၊ စာကြည့်ဖို့၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆုံဖို့ 'သီးသန့်ဆန်တဲ့ နေရာတစ်ခု' ဖြစ်ပါလိမ့်မယ်။ ဒီပြဿနာအတွက် ဖြေရှင်းနည်းက Build Myanmar Community Center မှာ ရှိပါတယ်

Community Center . . .? ဘယ်လိုမျိုးလဲ . . .?

  • ရေမီးအစုံ၊ အင်တာနက်လိုင်းကောင်းကောင်းနဲ့ ကျယ်ကျယ်ဝန်းဝန်းနေရာ
  • အလုပ်လုပ်နိုင်မဲ့ Co-working Space
  • Networking Session တွေ
  • နယ်ပယ်ပေါင်းစုံက ပညာရှင်တွေရဲ့ Workshop တွေ
  • အသိပညာရေသောက်မြစ်အတွက် Library နဲ့
  • တီထွင်ဖန်တီးနိုင်ဖို့ Maker Space တွေ ပါဝင်ပါတယ်။

စိတ်ဝင်စားတယ်ဆိုရင် အောက်ကလင့်ခ်က တစ်ဆင့် အခုပဲ ဝင်လေ့လာကြည့်ပါ။

ဒီကိုနှိပ်ပါ

ဒီ Gaganyaan စီမံကိန်းက အိန္ဒိယနိုင်ငံအတွက်တော့ တကယ့်ကို သမိုင်းမှတ်တမ်း တင်စရာပါပဲ။ ၁၉၈၄ ခုနှစ်က အိန္ဒိယလေယာဉ်မှူးတစ်ဦး ဆိုဗီယက်ပြည်ထောင်စုရဲ့ Soyuz ယာဉ်နဲ့ အာကာသကို သွားခဲ့ဖူးတာကလွဲရင် အိန္ဒိယနိုင်ငံဟာ သူတို့နိုင်ငံသားတွေကို အာကာသထဲ မစေလွှတ်ဖူးသေးပါဘူး။ ဒါကြောင့် ဒီစီမံကိန်းသာ အထမြောက်ခဲ့ရင် အိန္ဒိယဟာ အာကာသစူးစမ်းလေ့လာရေးရဲ့ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ပြီ ဖြစ်ပြီး နိုင်ငံသားတွေကို ကိုယ့်အစီအမံနဲ့ ကိုယ် အာကာသထဲ ပို့ဆောင်နိုင်တဲ့ ဂုဏ်ပုဒ်ကိုလဲ ပိုင်ဆိုင်သွားမှာပါ။ လက်ရှိမှာ အမေရိကန်၊ ရုရှားနဲ့ တရုတ် တို့လောက်ပဲ ဒီလိုစွမ်းကြပါတယ်။

ISRO ရဲ့ အစီအစဉ်အရ ၂၀၂၅ ခုနှစ်မှာ လူမပါတဲ့ စမ်းသပ်မစ်ရှင်စုစုပေါင်း ၃ ခု လုပ်ဖို့ ရှိပါတယ်။ အဲဒါတွေ အောင်မြင်ရင် ၂၀၂၇ ခုနှစ်မှာ လူသားတွေ ပါပြီး အာကာသထဲကို အမှန်တကယ် ခြေဆန့်ကြတော့မှာပါ။ အိန္ဒိယအစိုးရကလဲ ဒီစီမံကိန်းအတွက် ဒေါ်လာ ၂.၃၂ ဘီလီယံ တန်ဖိုး ဘတ်ဂျက် တိုးပေးထားပါတယ်။ မူလက ချထားတဲ့ ဘတ်ဂျပ်ထက် ပမာဏအများကြီး တိုးလာတာလဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ အိန္ဒိယက ကိုယ်ပိုင် အာကာသဌာန တစ်ခုကိုလဲ တည်ဆောက်ဖို့ အစီအစဉ်ရှိပါတယ်။ ၂၀၂၈ ခုနှစ်အတွင်းမှာ လူပါတဲ့ မစ်ရှင် ၂ ခုနဲ့ လူမပါတဲ့ မစ်ရှင် ၆ ခု ဆောင်ရွက်ဖို့ ရှိတယ်လို့လဲ လေ့လာရပါတယ်။

Reference: India returns to human spaceflight after 41-year gap. (n.d.). Perplexity AI. https://www.perplexity.ai/page/india-returns-to-human-spacefl-ipfWEdVNRyWK0fHxA1Omrg

ဆက်စပ်ဖတ်ရှုဖို့

သမိုင်းဝင် အာကာသလမ်းလျှောက်မှုကို ဘီလျံနာသူဌေး အိုင်ဇက်မန်းနဲ့ SpaceX အာကာသယာဉ်မှူးတို့ ဆောင်ရွက်နိုင်ခဲ့
″အိမ်ပြန်ရောက်ရင်တော့ လုပ်စရာတွေ တစ်ပုံတစ်ပင် ပြန်ရှိလာမှာပေမဲ့ ဒီကနေ ကြည့်တော့လဲ ကမ္ဘာကြီးက တယ်ပြီးပြည့်စုံလှပါလား . . .” ဂျာရက် အိုင်ဇက်မန်း စက်တင်ဘာ

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

📍
Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!