
မြန်မာနိုင်ငံမှာ လူသုံးအများဆုံး စာပို့ပလက်ဖောင်း တယ်လီဂရမ်ဟာ အီလွန်မက်စ်ခ်ရဲ့ xAI ကုမ္ပဏီနဲ့ ပူးပေါင်းပြီး Grok AI chatbot ကို အက်ပလီကေးရှင်းထဲ တိုက်ရိုက်ထည့်သွားမယ်လို့ ဒီနေ့ပဲ ကြေညာသွားပါတယ်။ ဒီသဘောတူညီချက်အရ တယ်လီဂရမ်က xAI ဆီက ငွေသားနဲ့ ရှယ်ယာပေါင်း သန်း ၃၀၀ ကို ရမှာ ဖြစ်သလို တယ်လီဂရမ်က တစ်ဆင့် ရောင်းရတဲ့ xAI subscription ဝန်ဆောင်မှုထဲက ဝင်ငွေ ၅၀ ရာခိုင်နှုန်းကိုလဲ ရယူနိုင်မှာပါ။
Grok AI ကို တယ်လီဂရမ် ပရီမီယံ သုံးသူတွေအတွက် ဦးဆုံးစမ်းသပ်ခွင့် ပေးထားပြီး မကြာခင်မှာပဲ တယ်လီဂရမ် အသုံးပြုသူအားလုံးအတွက် ဖြန့်ချိသွားမယ် ဆိုပါတယ်။ အသုံးပြုသူတွေက တယ်လီဂရမ်အက်ပ်ထဲမှာတင် Grok ကို တိုက်ရိုက်မေးမြန်းနိုင်သလို Search Bar က တစ်ဆင့် မေးခွန်းထည့်တာ၊ Group Chat, Private Chat နဲ့ ချန်နယ်တွေမှာလဲ သုံးနိုင်တယ်လို့ သိရတာပါ။

ငလျင်ဘေးကို Build Myanmar နဲ့ အတူကူပါ
မြန်မာနိုင်ငံသားတွေ ကြုံတွေ့ခံစားနေရတဲ့ ငလျင်ဘေးကို Build Myanmar နဲ့အတူ နိုင်ငံတကာမှာ ရှိနေသူတွေ ပါဝင်ကူညီဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။ လောလောဆယ် ရန်ပုံငွေတစ်ရပ် ထူထောင်ထားတာကို ပါဝင်ဖို့ ပုံမှာပါတဲ့ QR code ကို စကင်န်ဖတ်ပါ
Grok AI ရဲ့ အဓိကအင်္ဂါရပ်တွေထဲမှာ အချိန်နဲ့ တပြေးညီတဲ့ အဖြေတွေ၊ သဘာဝကျကျ တုံ့ပြန်တာ၊ Chat တွေကို အတိုချုံးပေးတာ၊ Document တွေကို စိစစ်ပေးတာ၊ စာအဝင်တွေကို ဖြေပေးတာနဲ့ ဂရုချက်တွေ ကူထိန်းပေးတာလို အလုပ်တွေကို တစ်နေရာတည်းမှာ လုပ်နိုင်တယ် ဆိုပါတယ်။ ဒါ့အပြင် အေအိုင်သုံးပြီး စတေကာဖန်တီးတာနဲ့ အထွေထွေမေးခွန်းတွေကိုလဲ ဖြေနိုင်တာပါ။
တယ်လီဂရမ်ရဲ့ စီအီးအို ဒူရော့ဗ်ကတော့ ‘Together, we win’ လို့ ကြွေးကြော်ထားပြီး အခုလို ပူးပေါင်းလိုက်တာကြောင့် တယ်လီဂရမ်ဟာ AI နယ်ပယ်မှာ ရှေ့ရောက်တဲ့ Messaging Platform တစ်ရပ် ဖြစ်လာမယ်လို့ ယူဆနေပါတယ်။
Reference: Singleton, T. (2025, May 28). Telegram announces partnership with Musk’s xAI. BBC News. https://www.bbc.co.uk/news/articles/cdxvr3n7wlxo
ဆက်လက်ဖတ်ရှုဖို့


Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Build Myanmar Media: Daily News - Sharing Myanmar's Important News Daily
Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:
Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia