Google ရဲ့ AI နည်းပညာသုံး မှတ်စုရေးတာနဲ့ သုတေသနလုပ်ငန်းတွေထဲ ကူညီပေးနိုင်တဲ့ NotebookLM ကို မိုဘိုင်းအက်ပ်အဖြစ် Android နဲ့ iOS တွေမှာ လာမဲ့ မေလ ၂၀ ရက်နေ့က စပြီး အသုံးပြုနိုင်တော့မယ်လို့ သိရပါတယ်။ အရင်က ကွန်ပြူတာပေါ်မှာပဲ Browser ကို အခြေပြု သုံးနိုင်ခဲ့တဲ့ NotebookLM ကို မိုဘိုင်းဖုန်းတွေပေါ်မှာ ပထမဆုံးအကြိမ် သုံးနိုင်မှာ ဖြစ်ပြီး သုံးစွဲသူတွေဟာ သုတေသနလုပ်ငန်းတွေကို သွားလာရင်း ဖန်တီး၊ စီစဉ်၊ တုံ့ပြန်နိုင်မှာပါ။

ဒါ့အပြင် NotebookLM ရဲ့ ကိုယ်ထည့်လိုက်တဲ့ ရင်းမြစ်တွေကို Podcast ပုံစံ အသံဖိုင် ထုတ်လုပ်ပေးတဲ့ Audio Overview Feature ဟာ အရင်က အင်္ဂလိပ်ဘာသာနဲ့ပဲ ရရှိပေမဲ့ အခုတော့ မြန်မာဘာသာ အပါအဝင် နောက်ထပ်ဘာသာစကားပေါင်း ၅၀ ကျော်နဲ့ နားထောင်နိုင်ပြီလို့ သိရပါတယ်။ Gemini ရဲ့ Voice Assistant နည်းပညာကို အခြေခံထားပြီးတော့ အသုံးပြုသူတွေအနေနဲ့ သူတို့ရဲ့ မိခင်ဘာသာစကားကို "Output Language" မှာ ပြောင်းပြီး Source Summary တွေ၊ Conversation တွေကို မိနစ်ပိုင်းအတွင်း ဖန်တီးနိုင်ပါတယ်။

AI အခြေခံထားတဲ့ ဒီ feature မှာ ပါတဲ့ Podcast စကားပြောသူတွေဟာ Conversation တွေကို သဘာဝကျကျ တင်ဆက်နိုင်သလို ပုံမှန်လူတွေ စကားပြောနေသလို ထစ်ငေါ့တာတွေ၊ ဖိသံ/ဖော့သံတွေနဲ့ ရပ်နားမှုတွေ၊ ခက်ခဲတဲ့ အချက်အလက်တွေကိုတောင် စိတ်ဝင်စားဖို့ကောင်းအောင် ထုတ်လုပ်နိုင်စွမ်း ရှိတာပါ။

နမူနာ အသံဖိုင်ကို အောက်မှာ နားထောင်နိုင်ပါတယ်။

audio-thumbnail
Mobile Phones Is it Bad or Good 2
0:00
/365.784

Google’s NotebookLM mobile apps launch May 20 for Android and iOS. (n.d.). Perplexity AI. https://www.perplexity.ai/discover/tech/googles-notebooklm-mobile-apps-zw_DofvaRCCocZ.uyFymhQ

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

📍
Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!