Google က သူတို့ရဲ့ Gemini AI assistant ဟာ တခြား App တွေထဲမှာ အဆင့်ဆင့်လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကို လူကိုယ်တိုင်လုပ်စရာမလိုဘဲ အလိုအလျောက် (autonomously) လုပ်ဆောင်ပေးနိုင်ပြီဖြစ်ကြောင်း ပြီးခဲ့တဲ့ ရက်က ကြေညာလိုက်ပါတယ်။ Gemini ကို သာမန် Chatbot အဆင့်ကနေ "AI Agent" အဆင့်ကို မြှင့်တင်လိုက်တာဖြစ်ပြီး ဆန်ဖရန်စစ္စကိုမှာပြုလုပ်တဲ့ Samsung ပွဲမှာ စတင်မိတ်ဆက်ခဲ့ကာ Galaxy S26 နဲ့ Pixel 10 ဖုန်းတွေမှာ စမ်းသပ်ဗားရှင်း (Beta) အနေနဲ့ အသုံးပြုနိုင်တော့မှာပါ။
အသုံးပြုသူတွေအနေနဲ့ "အိမ်ပြန်ဖို့ ကားခေါ်ပေးပါ" ဒါမှမဟုတ် "အရင်တစ်ခါမှာထားတဲ့ အစားအသောက်ကို ပြန်မှာပေးပါ" လို့ Gemini ကို အသံနဲ့ ခိုင်းလိုက်ရုံနဲ့ AI က Uber ဒါမှမဟုတ် DoorDash App ကို ဖုန်းရဲ့ သီးခြား virtual window တစ်ခုထဲမှာ ဖွင့်ပေးမှာ ဖြစ်ပါတယ်။ အဲဒီနောက် AI ဟာ App ထဲမှာ လိုအပ်တဲ့ စာရိုက်တာ၊ နေရာရွေးတာတွေကို ကိုယ်တိုင်လုပ်ဆောင်သွားမှာဖြစ်ပြီး ဖုန်းပိုင်ရှင်ကတော့ တခြားအလုပ်တွေကို ဆက်လုပ်နေနိုင်ပါတယ်။ လုံခြုံရေးအရ ဒီလုပ်ဆောင်ချက်တွေကို သီးခြား sandbox ထဲမှာပဲ လုပ်ဆောင်တာဖြစ်ပြီး၊ အမှားအယွင်းမရှိစေဖို့အတွက် နောက်ဆုံး ငွေပေးချေမှု (Buy/Order) ခလုတ်ကိုတော့ အသုံးပြုသူကိုယ်တိုင် နှိပ်ရမှာ ဖြစ်ပါတယ်။
လေ့လာ၊ ချိတ်ဆက်၊ တိုးတက် - TalentOS
ဘယ်လောက်ပဲ ကြိုးစားနေနေ အခွင့်အရေးတွေ ရှားပါးလာတယ်လို့ လူငယ်အများစု ခံစားနေကြရမှာပါ။
ဒီပြဿနာတွေကို ဖြေရှင်းပေးဖို့ TalentOS ရောက်ရှိလာပါပြီ။
TalentOS ဆိုတာ ဒေါ်လာနဲ့ရမယ့် အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ ချိတ်ဆက်ပေးတဲ့ Platform တစ်ခုဖြစ်ပြီး CV form တွေ၊ Resume တွေ မလိုအပ်ပါဘူး။ TalentOS မှာရှိတဲ့ Mission တွေထဲက ကိုယ်ကြိုက်တာကို ရွေးလုပ်၊ ပြီးသွားတဲ့အခါ ကိုယ်လုပ်ခဲ့တဲ့ Result ကို ပြန်တင်လိုက်ရုံနဲ့ သင့် Profile မှာ လက်တွေ့လုပ်ပြထားတဲ့ သက်သေအဖြစ် မှတ်တမ်းဝင်နေမှာပါ။
ဒီ Profile ကို TalentOS ပေါ်က လုပ်ငန်းရှင်တွေ၊ Employer တွေကလည်း တိုက်ရိုက်မြင်နိုင်ပါတယ်။ နိုင်ငံတကာကုမ္ပဏီတွေက Bounty လို့ခေါ်တဲ့ ဒေါ်လာနဲ့ရမယ့် အလုပ်တွေကိုလည်း ဝင်ပြိုင်ပြီး ကိုယ့်ရဲ့ အရည်အသွေးကို လက်တွေ့ချပြနိုင်တယ်။ နိုင်ရင် ဆုကြေးရမယ်။ ရိုးရှင်းပါတယ်။
TalentOS နဲ့အတူ ကိုယ့်ရဲ့လုပ်နိုင်စွမ်းတွေကို ဖော်ထုတ်ဖို့ အခုပဲ Play Store/ App Store မှာ Download ရယူလိုက်ပါ။
ဒီဝန်ဆောင်မှုကို မတ်လ ၁၁ ရက်နေ့မှာ အရောင်းဆိုင်တွေဆီ ရောက်ရှိလာမယ့် Galaxy S26 ဖုန်းတွေမှာ စတင်အသုံးပြုနိုင်မှာဖြစ်ပြီး၊ မတ်လနှောင်းပိုင်းမှာတော့ Pixel 10 စီးရီးတွေမှာ ပါဝင်လာမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အစားအသောက်၊ ကုန်စုံဆိုင်နဲ့ ကားခေါ်တဲ့ App အချို့မှာပဲ စတင်ရရှိဦးမှာဖြစ်ပြီး Gemini 3 series model တွေက နောက်ကွယ်ကနေ မောင်းနှင်ပေးထားတာ ဖြစ်ပါတယ်။ သို့သော်လည်း App ဖန်တီးသူ (Developers) ဘယ်နှယောက်က သူတို့ရဲ့ App တွေကို AI က ဝင်ရောက်ခိုင်းစေဖို့ ခွင့်ပြုမလဲဆိုတာကတော့ စောင့်ကြည့်ရဦးမယ်လို့ နည်းပညာလေ့လာသူတွေက သုံးသပ်ထားကြပါတယ်။
Reference: Perplexity. (n.d.). Perplexity AI. https://www.perplexity.ai/discover/you/google-s-gemini-ai-can-now-boo-7uTYL7ciTfihakro2D9PXg
ဆက်စပ်သတင်းကို
Build Myanmar - MediaMin Z
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Build Myanmar Media: Daily News - Sharing Myanmar's Important News Daily
Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:
Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: [email protected]
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia