Google ဟာ Enterprise အဆင့်ရှိတဲ့ လုပ်ငန်းတွေအတွက် ရည်ရွယ်ပြီး VaultGemma လို့ခေါ်တဲ့ သူတို့ထုတ်ဖူးခဲ့သမျှထဲ အကြီးဆုံး Private AI Model ကို စ,မိတ်ဆက်လိုက်ပါတယ်။ AI ကို စီးပွားရေးလုပ်ငန်းအဆင့်တွေမှာ ထည့်အသုံးပြုတဲ့အခါ ကြုံရနိုင်တဲ့ အရေးကြီးဆုံးပြဿနာတွေဖြစ်တဲ့ ဒေတာလုံခြုံရေးနဲ့ ကိုယ်ရေးကိုယ်တာ ပြဿနာတွေကို ဖြေရှင်းပေးဖို့ ရည်ရွယ်တယ်လို့ Google ကတော့ ပြောတာပါ။

‘Private AI’ ဆိုတဲ့ သဘောက အဲဒီအေအိုင်မော်ဒယ်ဟာ သာမန်အေအိုင်တွေလို အများသုံး Cloud ပေါ်မှာ အလုပ်လုပ်တာမျိုး မဟုတ်ပါဘူး။ အဲဒီအစား ကုမ္ပဏီတွေရဲ့ ကိုယ်ပိုင်ကွန်ရက်တွေ (virtual private cloud) ဒါမှမဟုတ်လဲ သူတို့ရဲ့ ကိုယ်ပိုင်ဒေတာစင်တာတွေထဲမှာ တိုက်ရိုက် တပ်ဆင်အသုံးပြုနိုင်အောင် ဒီဇိုင်းထုတ်ထားတာပါ။ ဒါကြောင့် ကုမ္ပဏီတွေရဲ့ အရေးကြီးတဲ့ အချက်အလက်တွေ (ဥပမာ- ဘဏ်လုပ်ငန်းဆိုင်ရာ ဒေတာ၊ ကျန်းမာရေးဆိုင်ရာ မှတ်တမ်းများ) ဟာ အပြင်ဘက်ကို လုံးဝပေါက်ကြားတာမျိုး မရှိဘဲ လုံခြုံမှု အပြည့်အဝရှိနေမှာ ဖြစ်ပါတယ်။

တီထွင်ဖန်တီးမှုတို့ ပြည့်နှက်ရာ Community Center

မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် အလိုအပ်ဆုံးက အလုပ်လုပ်ဖို့၊ စာကြည့်ဖို့၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆုံဖို့ 'သီးသန့်ဆန်တဲ့ နေရာတစ်ခု' ဖြစ်ပါလိမ့်မယ်။ ဒီပြဿနာအတွက် ဖြေရှင်းနည်းက Build Myanmar Community Center မှာ ရှိပါတယ်

Community Center . . .? ဘယ်လိုမျိုးလဲ . . .?

  • ရေမီးအစုံ၊ အင်တာနက်လိုင်းကောင်းကောင်းနဲ့ ကျယ်ကျယ်ဝန်းဝန်းနေရာ
  • အလုပ်လုပ်နိုင်မဲ့ Co-working Space
  • Networking Session တွေ
  • နယ်ပယ်ပေါင်းစုံက ပညာရှင်တွေရဲ့ Workshop တွေ
  • အသိပညာရေသောက်မြစ်အတွက် Library နဲ့
  • တီထွင်ဖန်တီးနိုင်ဖို့ Maker Space တွေ ပါဝင်ပါတယ်။

စိတ်ဝင်စားတယ်ဆိုရင် အောက်ကလင့်ခ်က တစ်ဆင့် အခုပဲ ဝင်လေ့လာကြည့်ပါ။

ဒီကိုနှိပ်ပါ

VaultGemma ဟာ Google ရဲ့ Gemma AI model အမျိုးအစားထဲက အကြီးဆုံး model ဖြစ်တဲ့အတွက် ရှုပ်ထွေးတဲ့လုပ်ငန်းဆောင်တာတွေကို စွမ်းဆောင်နိုင်ပါတယ်။ ဥပမာ- ဥပဒေဆိုင်ရာ စာရွက်စာတမ်းတွေကို ခွဲခြမ်းစိတ်ဖြာတာ၊ ငွေကြေးဆိုင်ရာ အချက်အလက်တွေကို စီမံခန့်ခွဲတာနဲ့ ဖောက်သည်ဝန်ဆောင်မှုကို အလိုအလျောက် ဖြေရှင်းပေးတာမျိုးတွေ လုပ်ဆောင်နိုင်ပါတယ်။

Google ရဲ့ ဒီလှုပ်ရှားမှုဟာ AI နည်းပညာကို အလွန်အမင်း လိုအပ်နေပေမဲ့ လုံခြုံရေးအရ စိုးရိမ်ပူပန်မှုတွေရှိနေတဲ့ ဘဏ္ဍာရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလို နယ်ပယ်တွေမှာ ဦးဆောင်ဦးရွက်ပြု ထိုးဖောက်နိုင်ဖို့ ရည်ရွယ်တာပါ။ VaultGemma ကို မိတ်ဆက်လိုက်ခြင်းကနေ Google ဟာ လုံခြုံရေးနဲ့ ကိုယ်ရေးလုံခြုံမှုကို အလေးထားတဲ့ လုပ်ငန်းကြီးတွေရဲ့ ယုံကြည်မှုကို ရယူဖို့ ကြိုးစားနေတယ်ဆိုတာကိုလဲ မြင်သာစေပါတယ်။

Reference: VaultGemma: The world’s most capable differentially private LLM. (n.d.). https://research.google/blog/vaultgemma-the-worlds-most-capable-differentially-private-llm/

ဆက်စပ်ဖတ်ရှုဖို့

Google နဲ့ သဘောတူညီမှု ပျက်ရင် Apple ဒေါ်လာ ၁၂.၅ ဘီလျံ ဆုံးရှုံးနိုင်
Apple could lose up to $12.5 billion in revenue if federal courts prohibit Google from making payments to secure its default search engine status

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

📍
Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia 

Share this article
The link has been copied!