
Google I/O 2025 Developer Conference ကို မေလ ၂၀ နဲ့ ၂၁ ရက်နေ့တွေမှာ အမေရိကန်၊ ကယ်လီဖိုးနီးယားမှာ ကျင်းပခဲ့ပြီး ဒီနှစ်တော့ ဉာဏ်ရည်တုနည်းပညာသစ်တွေကို ဦးစားပေး ပြခဲ့ပါတယ်။ Android, Pixel, Chrome စတဲ့ Google ရဲ့ ရိုးရာထုတ်ကုန်တွေထက် Gemini, Veo, Flow, Beam, Astra, Imagen တို့လို AI နည်းပညာသစ်တွေကို အဓိကပြသခဲ့တာက ဒီနှစ် I/O ရဲ့ ထူးခြားချက်ပါ။

Gemini 2.5 Pro, Flash နဲ့ Deep Think
Gemini 2.5 Pro ဟာ Elo score နဲ့ LMArena leaderboard တို့လို အေအိုင်တိုင်းတာရေးတွေရဲ့ ထိပ်နားမှာ ဦးဆောင်နေပြီး အရင်မျိုးဆက် Gemini Pro ထက် Benchmark ၃၀၀ ကျော် တိုးလာတယ် ဆိုပါတယ်။ Gemini 2.5 Flash Preview ကိုလဲ မိတ်ဆက်ထားပြီး ကုဒ်ရေးတာနဲ့ ခပ်ရှုပ်ရှုပ် တွေးရခေါ်ရတဲ့ လုပ်ငန်းတွေမှာ ပိုမြန်မြန်နဲ့ တိတိကျကျ ဖြေရှင်းနိုင်တာပါ။ Developer တွေအတွက်တော့ Gemini 2.5 Pro နဲ့ Flash ကို Google AI Studio နဲ့ Vertex AI မှာ စမ်းသုံးခွင့်ပေးထားပါတယ်။ Deep Think လို့ ခေါ်တဲ့ ပိုအဆင့်မြင့်၊ ပိုကောင်းတဲ့ Reasoning Mode ကိုလဲ မကြာခင်ထည့်ပေးမယ်လို့ ကြေညာသွားတာပါ။

AI Mode for Search နဲ့ Workspace အတွက် Gemini
Google Search မှာ AI Mode ကို အမေရိကန်နိုင်ငံအတွက် စသုံးခွင့် ပေးထားပြီး ChatGPT နဲ့ ယှဉ်ပြိုင်နိုင်ဖို့ chat-like search experience အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ Gmail မှာတော့ အသုံးပြုသူတွေရဲ့ စာတွေ၊ Drive ဖိုင်တွေကို အခြေခံပြီး ကိုယ်ပိုင်လေသံ၊ ကိုယ်ပိုင်ဟန်အတိုင်း ရီပလိုင်းလုပ်ပေးနိုင်တဲ့ Gemini feature အသစ်တွေပါ ထည့်ပေးထားပါတယ်။ Google Meet မှာလဲ အချိန်နဲ့ တပြေးညီနီးပါးကို ဘာသာပြန်ပေးနိုင်တဲ့ စနစ်ကို စမ်းသုံးခွင့်ပေးထားပြီး Docs, Workspace တို့မှာလဲ Gemini နဲ့ တခြား AI Features တွေ ထည့်လာပါတယ်။

Veo 3, Imagen 4 နဲ့ Flow AI အပြင် . . .
Veo 3 ဟာ ဗီဒီယိုနဲ့ အသံကို တစ်ပြိုင်တည်း ဖန်တီးနိုင်တဲ့ AI video generator ဖြစ်ပြီး ကာရိုက်တာ ဒိုင်ယာလော့ဂ်နဲ့ တိရစ္ဆာန်သံတွေပါ ထည့်လာနိုင်ပါပြီ။ Imagen 4 ဟာတော့ ပုံတွေထဲ စာထည့်ရင် ကမောက်ကမဖြစ်တတ်တာကို ပြင်ဖို့ Text Rendering ပိုင်း အဆင့်မြှင့်ထားပြီး ထုတ်လုပ်မှုအရည်အသွေးကောင်းတဲ့ Image generator ဖြစ်လာပါတယ်။ Flow AI ကိုလဲ ရုပ်ရှင်ထုတ်လုပ်ရေးအေအိုင်အဖြစ် မိတ်ဆက်လာပြီး Gemini, Whisk, Vertex AI, Workspace တို့မှာ အသုံးပြုနိုင်တာပါ။ နောက်၊ Lyria 2 လို့ ခေါ်တဲ့ သီချင်းထုတ်လုပ်ရေး အေအိုင်ကိုလဲ မိတ်ဆက်သွားပြန်ပါတယ်။ အဲဒါပြီးတော့ Google Beam လို့ ခေါ်တဲ့ Video Conference တွေကို သုံးဘက်မြင်စနစ်နဲ့ ပရိုဂျက်လုပ်နိုင်တဲ့၊ အပြင်မှာ လူတွေ့ စကားပြောနေသလို ခံစားမှုပေးနိုင်တဲ့ ဆော့ဝဲကိုလဲ ပြသသွားတာပါ။
Veo 3, Flow, Gemini 2.5 Pro Deep Think . . . စတဲ့ features အစုံအလင်ကိုတော့ တစ်လ ဒေါ်လာ ၂၅၀ ပေးရတဲ့ AI Ultra subscription plan မှာ အမြန်ဆုံး စ,သုံးနိုင်လာတော့မယ်လို့ ကြေညာသွားပါတယ်။

Project Astra နဲ့ Universal AI Assistant
Project Astra ဟာ Google ရဲ့ အနာဂတ် Universal AI Assistant အဖြစ် စ,အသွင်ယူနေပြီး အသံထွက်တွေ၊ မှတ်ဉာဏ်ပိုင်းတွေနဲ့ ကွန်ပြူတာနဲ့ အပြန်အလှန် ထိတွေ့ဆက်ဆံနိုင်စွမ်းတွေကို Gemini အပြင် တခြား Google App တွေထဲပါ ဖြည်းဖြည်းချင်း ထည့်လာပါတယ်။ ဒီနှစ် I/O မှာ ကြေညာတာအရတော့ Astra ဟာ အသုံးပြုသူရဲ့ လှုပ်ရှားမှုတွေ၊ လုပ်ငန်းတွေကို နေ့စဉ်စောင့်ကြည့်ပြီး လိုတဲ့အချိန် အလိုအလျောက် အကြံပြုနိုင်တဲ့ Proactive AI လက်ထောက် ဖြစ်လာပါပြီ။ လက်ရှိကတော့ စမတ်ဖုန်းတွေနဲ့ Smart Glasses တွေအတွက် အဓိက စမ်းနေတယ်လို့ သိရတာပါ။

Developer Tools နဲ့ Infrastructure
Developer တွေအတွက် Gemini API, GenAI SDK, Model Context Protocol (MCP) စတဲ့ နည်းပညာအသစ်တွေကို မိတ်ဆက်ပြီး Gemini 2.5 Pro ကို code editor တွေထဲ တိုက်ရိုက် ထည့်သုံးနိုင်ဖို့ စီစဉ်ထားပါပြီ။ Google ရဲ့ ၇ ခုမြောက်မျိုးဆက် TPU - အေအိုင်ချစ်ပ် ဖြစ်တဲ့ Ironwood ဟာလဲ အရင်မျိုးဆက်ထက် ၁၀ ဆ မြန်ပြီး 42.5 exaflops/pod အထိ စွမ်းဆောင်ရည်ရှိလာတယ် ဆိုပါတယ်။
ရှင်းပြချက်။ ။ ကမ္ဘာ့အကောင်းဆုံး စူပါကွန်ပြူတာတွေရဲ့ စွမ်းဆောင်ရည်ကို Exaflops နဲ့ တိုင်းတာပါတယ်။ 42.5 exaflops/pod — exaflops ဆိုတာ ၁၀ နောက်မှာ သုည ၁၈ လုံးရှိတဲ့၊ တစ်နည်း ၁ ကွင့်တီလီယန် (1 quintillion) နဲ့ ညီတဲ့ တန်ဖိုးပါ။ ၄၂.၅ exaflops ဆိုတာက ၄၂.၅ နောက်မှာ သုည ၁၈ လုံးပါတဲ့ ၄၂.၅ ကွင့်တီလီယန် ဖြစ်ပြီး ဒီတန်ဖိုးဟာ Google ရဲ့ Ironwood ချစ်ပ် တစ်စက္ကန့်မှာ လုပ်ဆောင်နိုင်တဲ့ တွက်ချက်မှု အရေအတွက် ဖြစ်ပါတယ်။ အေအိုင်မော်ဒယ်ကြီးတွေကို လေ့ကျင့်ရာမှာ ဒီလိုစွမ်းဆောင်ရည်အမြင့်ဆုံးချစ်ပ်တွေကို သုံးရပါတယ်။ Google က ဒါကြောင့်ပဲ ပိုမြန်မြန်နဲ့ ဈေးသက်သာတဲ့ AI မော်ဒယ်တွေကို ဆက်တိုက်ထုတ်နေနိုင်တာပါ။ အလားတူ၊ OpenAI လို၊ Claude လို ကုမ္ပဏီတွေဟာလဲ သူတို့မော်ဒယ်တွေကို လေ့ကျင့်ဖို့ ဒီလိုချစ်ပ်တွေ အစဉ်အမြဲ သုံးနေရပါတယ်။

အနာဂတ်နည်းပညာနဲ့ Google ရဲ့ လားရာ
Google ဟာ AI နည်းပညာတွေနဲ့ ကိုယ်ပိုင်ထုတ်ကုန်တွေကို ပိုတိုးတက်အောင် ဘယ်လိုဆောင်ရွက်နေလဲဆိုတာ ဒီနှစ် I/O ပွဲက တစ်ဆင့် ထုတ်ဖော်ပြသသွားပါတယ်။ ပုံစံခွက်ထဲက ကွဲထွက်နေတဲ့ Gemini, Veo, Flow, Astra တို့လို နည်းပညာသစ်တွေဟာ သုံးစွဲသူတွေရဲ့ အတွေ့အကြုံကို အကောင်းဆုံးမြှင့်ပေးနိုင်ဖို့ ရည်ရွယ်တယ်လို့လဲ ပွဲမှာ ပြောသွားပါတယ်။ Search, Workspace, Developer Tools, Video/Audio Generation, Universal AI Assistant . . . စတဲ့ မတူကွဲပြားတဲ့ အေအိုင်နယ်ပယ်တွေမှာ Google က ဦးဆောင်နိုင်နေတာကိုလဲ ထင်ထင်ရှားရှား မြင်ခဲ့ရပါတယ်။ မိတ်ဆက်သွားတဲ့ထဲက ဘယ်လိုနည်းပညာတွေကိုတော့ Google တကယ်အကောင်အထည်ဖော်မလဲ၊ ဘယ်လိုဆန်းသစ်တီထွင်မှုတွေကတော့ အပယ်ခံဘဝရောက်သွားမလဲ ဆိုတာ အားလုံးစောင့်ကြည့်ရမှာပါ။
ဒါကလဲပဲ ခေတ်သစ်နည်းပညာတိုးတက်မှုတွေရဲ့ အနှစ်သာရ ဖြစ်ပါလိမ့်မယ်။
ဆက်ဖတ်ဖို့


Reference:
- Preston, D. (2025, May 21). Google I/O 2025: All the news and announcements. The Verge. https://www.theverge.com/google/670250/google-io-news-announcements-gemini-ai-android-xr
- Pichai, S. (2025, May 21). Google I/O 2025: From research to reality. Google. https://blog.google/technology/ai/io-2025-keynote/
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Build Myanmar Media: Daily News - Sharing Myanmar's Important News Daily
Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:
Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia