Google ဟာ သူ့ရဲ့ Gemini AI ကို တစ်လမှာ ပုံမှန်အသုံးပြုသူ အရေအတွက် သန်း ၆၅၀ အထိ ရောက်ရှိသွားပြီလို့ ပြီးခဲ့တဲ့ အင်္ဂါနေ့ကပဲ ကြေညာခဲ့ပါတယ်။ လွန်ခဲ့တဲ့ သုံးလ (ဇူလိုင်လ) က အသုံးပြုသူ သန်း ၄၅၀ ရှိခဲ့ရာကနေ ၄၄% အထိ တဟုန်ထိုးတက်သွားတာဖြစ်လို့ အံ့မခမ်းပါပဲ။ ဒီအောင်မြင်မှုက Google ရဲ့ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် သုံးလဖြတ်ဝင်ငွေ ဒေါ်လာ ဘီလျံ ၁၀၀ ကို ရရှိချိန်နဲ့ တိုက်ဆိုင်နေသလို နည်းပညာနယ်ပယ်တစ်ခုလုံးမှာ AI ဟာ စီးပွားရေးတိုးတက်မှုအတွက် ဘယ်လောက် အရေးပါလဲဆိုတာကိုလဲ ပြသနေပါတယ်။
Gemini ရဲ့ အသုံးပြုသူ မြင့်တက်လာမှုဟာ လက်ရှိမှာ ဈေးကွက်ထဲ ဗိုလ်လုပ်နေတဲ့ ChatGPT နဲ့ ကြားထဲက ကွာဟချက်ကိုလဲ သိသိသာသာလျော့သွားစေပါတယ်။ ChatGPT က စက်တင်ဘာလမှာ တစ်ပတ်အတွင်း အသုံးပြုသူ သန်း ၈၀၀ ရှိတယ်လို့ အစီရင်ခံထားပေမဲ့ Google ရဲ့ ဒီလို လျင်မြန်တဲ့ တိုးတက်မှုက အမြတ်အစွန်းများတဲ့ AI Assistant ဈေးကွက်မှာ ပြိုင်ဆိုင်မှု ဘယ်လောက် ပြင်းထန်လာပြီလဲဆိုတာ ပြသနေပါတယ်။ ကုမ္ပဏီနှစ်ခုလုံးဟာ သုံးစွဲသူနဲ့ လုပ်ငန်းကြီး ဖောက်သည်တွေကို ရရှိဖို့ အပြိုင်အဆိုင် ကြိုးစားနေကြတာပါ။
ဒီလို သုံးစွဲသူတွေ အလုံးအရင်း တိုးလာရခြင်းရဲ့ အဓိက အကြောင်းအရင်းကတော့ Google ရဲ့ Nano Banana လို့ခေါ်တဲ့ ပုံထုတ်ပေးတဲ့ AI tool ကြောင့်ပါ။ သြဂုတ်လမှာ စတင်မိတ်ဆက်ခဲ့တဲ့ ဒီ tool ဟာ အခုဆိုရင် ပုံပေါင်း ၅ ဘီလျံကျော် ဖန်တီးပေးခဲ့ပြီးပြီ။ Gemini app မှာပဲ အရင်ရခဲ့တဲ့ ဒီစွမ်းရည်ဟာ အခုတော့ Google Search၊ NotebookLM တို့ဆီပါ ချဲ့ထွင်ခဲ့ပြီး မကြာခင်မှာ Google Photos မှာပါ ရတော့မှာ ဖြစ်ပါတယ်။ လုပ်ငန်းဆိုင်ရာ လေ့လာသူတွေရဲ့ အဆိုအရ Nano Banana ဟာ စက်တင်ဘာလ တစ်လတည်းမှာတင် Gemini app ကို သုံးစွဲသူသစ် ၂၃ သန်း ဆွဲခေါ်ပေးခဲ့တယ်လို့ သိရပါတယ်။
လေ့လာ၊ ချိတ်ဆက်၊ တိုးတက် - TalentOS
ဘယ်လောက်ပဲ ကြိုးစားနေနေ အခွင့်အရေးတွေ ရှားပါးလာတယ်လို့ လူငယ်အများစု ခံစားနေကြရမှာပါ။
ဒီပြဿနာတွေကို ဖြေရှင်းပေးဖို့ TalentOS ရောက်ရှိလာပါပြီ။
TalentOS ဆိုတာ ဒေါ်လာနဲ့ရမယ့် အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ ချိတ်ဆက်ပေးတဲ့ Platform တစ်ခုဖြစ်ပြီး CV form တွေ၊ Resume တွေ မလိုအပ်ပါဘူး။ TalentOS မှာရှိတဲ့ Mission တွေထဲက ကိုယ်ကြိုက်တာကို ရွေးလုပ်၊ ပြီးသွားတဲ့အခါ ကိုယ်လုပ်ခဲ့တဲ့ Result ကို ပြန်တင်လိုက်ရုံနဲ့ သင့် Profile မှာ လက်တွေ့လုပ်ပြထားတဲ့ သက်သေအဖြစ် မှတ်တမ်းဝင်နေမှာပါ။
ဒီ Profile ကို TalentOS ပေါ်က လုပ်ငန်းရှင်တွေ၊ Employer တွေကလည်း တိုက်ရိုက်မြင်နိုင်ပါတယ်။ နိုင်ငံတကာကုမ္ပဏီတွေက Bounty လို့ခေါ်တဲ့ ဒေါ်လာနဲ့ရမယ့် အလုပ်တွေကိုလည်း ဝင်ပြိုင်ပြီး ကိုယ့်ရဲ့ အရည်အသွေးကို လက်တွေ့ချပြနိုင်တယ်။ နိုင်ရင် ဆုကြေးရမယ်။ ရိုးရှင်းပါတယ်။
TalentOS နဲ့အတူ ကိုယ့်ရဲ့လုပ်နိုင်စွမ်းတွေကို ဖော်ထုတ်ဖို့ အခုပဲ Play Store/ App Store မှာ Download ရယူလိုက်ပါ။
Google CEO ဖြစ်သူ Sundar Pichai က ကုမ္ပဏီရဲ့ သုံးလဖြတ်ဝင်ငွေ ထုတ်ပြန်ချိန်မှာ "အခုဆိုရင် Gemini app ဟာ တစ်လကို အသုံးပြုသူ သန်း ၆၅၀ ကျော် ရှိနေပါပြီ၊ မေးမြန်းမှု အရေအတွက်ဟာလည်း ဒုတိယ သုံးလဖြတ်ကထက် သုံးဆ တိုးလာပါတယ်" လို့ ကြေညာခဲ့ပါတယ်။ ဒီလို မေးမြန်းမှု အဆမတန် တိုးလာတာက သုံးစွဲသူတွေဟာ Gemini ကို ရိုးရိုးသုံးရုံတင်မကဘဲ ရှုပ်ထွေးတဲ့ လုပ်ငန်းတွေအတွက်ပါ တကယ်တမ်း အသုံးပြုနေပြီဆိုတာ ပြသနေပါတယ်။
စကားပြောဆိုမှုပုံစံနဲ့ အပြန်အလှန်တုံ့ပြန်နိုင်တဲ့ Google ရဲ့ AI Mode ဟာလည်း ဘာသာစကား ၄၀ ကို ကမ္ဘာလုံးဆိုင်ရာ ထုတ်ပြန်လိုက်ပြီးနောက် နေ့စဉ် အသုံးပြုသူ သန်း ၇၅ သန်း အထိ ရရှိလာခဲ့ပါတယ်။ ဒါဟာ မိတ်ဆက်ချိန်ကထက် နှစ်ဆတိုးလာတာဖြစ်ပြီး Search လုပ်ငန်းရဲ့ ဝင်ငွေတိုးတက်မှုကိုပါ တွန်းအားပေးနေပါတယ်။
သုံးစွဲသူအများအပြား လက်ခံကျင့်သုံးလာမှုအပြင် Google Cloud ကလည်း AI ဝင်ငွေကြောင့် တိုးတက်မှုနှုန်း မြင့်တက်လာနေပါတယ်။ ကုမ္ပဏီဟာ ဒီနှစ်အတွင်း ဒေါ်လာ ၁ ဘီလျံကျော် တန်ဖိုးရှိတဲ့ စာချုပ်တွေကို အရင်နှစ်နှစ်ကထက် ပိုများစွာ ချုပ်ဆိုနိုင်ခဲ့ပါတယ်။ လက်ရှိ Google Cloud သုံးစွဲသူ ၇၀% ကျော် ဟာ Google ရဲ့ AI ထုတ်ကုန်တွေကို အသုံးပြုနေကြပြီး၊ generative AI models တွေကရတဲ့ ဝင်ငွေဟာလည်း တစ်နှစ်တာကာလအတွင်း ၂၀၀% ကျော် တိုးလာခဲ့ပါတယ်။
အခုအချိန်မှာ ChatGPT က ဈေးကွက်ဝေစု ၆၀% ခန့်နဲ့ ဦးဆောင်နေဆဲဖြစ်ပေမဲ့ Google Gemini က ၁၃.၅% အထိ ရောက်လာခဲ့ပါပြီ။ Google ရဲ့ Search ကနေ YouTube၊ Android အထိ သူ့ရဲ့ ထုတ်ကုန်စနစ်တွေကြား ပေါင်းစပ်ထားနိုင်မှုက သုံးစွဲသူတွေကို ဆွဲဆောင်ရာမှာ Google အတွက် အားသာချက်တစ်ခု ဖြစ်နေပါတယ်။ OpenAI က GPT-5 ကို ပြင်ဆင်နေချိန်နဲ့ Google ကလည်း Gemini 3 ကို ဒီနှစ်နှောင်းပိုင်းမှာ ထုတ်ဖို့ ကတိပေးထားချိန်မှာ၊ AI လွှမ်းမိုးရေးပြိုင်ပွဲဟာ ရိုးရိုး chatbot နယ်ပယ်ကို ကျော်လွန်ပြီး စက်မှုလုပ်ငန်းတစ်ခုလုံးကို ပြောင်းလဲမယ့် အဆင့်ကို ရောက်နေပါပြီ။
Reference: Perplexity. (n.d.). Perplexity AI. https://www.perplexity.ai/page/google-gemini-reaches-650-mill-ZeyZuzL3QeWQJrXbb0TpNA
ဆက်စပ်သတင်းတွေ
Build Myanmar - MediaMin Z
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Build Myanmar Media: Daily News - Sharing Myanmar's Important News Daily
Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:
Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia