Google ဟာ ဒီရက်ပိုင်းထဲမှာတင် Antigravity လို့ခေါ်တဲ့ AI အခြေပြု development platform ကို မိတ်ဆက်ခဲ့ပါတယ်။ ဒီစနစ်ဟာ autonomous agent တွေကတစ်ဆင့် ဆော့ဖ်ဝဲလ်ရေးသားတဲ့ နယ်ပယ်ကို တစ်ခေတ်ဆန်းစေဖို့ ကတိပေးထားပေမဲ့ အစောပိုင်းသုံးစွဲကြချိန်မှာ နည်းပညာအခက်အခဲတွေ ကြုံနေရသလို စိတ်ဝင်စားမှုလဲ ထင်သလောက် မရနေခဲ့တာပါ။

နိုဝင်ဘာ ၁၇ ရက်နေ့မှာ Gemini 3 AI model နဲ့အတူ ကြေညာခဲ့တဲ့ ဒီ platform ဟာ ခရက်ဒစ်တွေ လျင်လျင်မြန်မြန် ကုန်ဆုံးသွားတာက တစ်ကြောင်း၊ စနစ်ရဲ့ ယုံကြည်စိတ်ချရမှုပိုင်း ပြဿနာတွေကြောင့် တစ်ကြောင်း ဝေဖန်ခံနေရပါတယ်။  Developer တွေရဲ့ ပြောကြားချက်အရ အသုံးပြုတာ နာရီဝက်လောက် အကြာမှာပဲ credit တွေ ကုန်သွားပြီး ထပ်ဝယ်ဖို့ စနစ်လဲ မပါတာမို့ အခက်တွေ့နေရတယ် ဆိုပါတယ်။

တခြားအသုံးပြုသူတွေ စမ်းသပ်နေစဉ်မှာလဲ "Model provider ပေါ်မှာ အလုပ်ဝန်ပိနေတာကြောင့် Agent လုပ်ဆောင်ချက် ရပ်ဆိုင်းသွားပါပြီ။ နောက်မှ ထပ်ကြိုးစားပါ" ဆိုတဲ့ error သတင်းစကားကို တွေ့ခဲ့ရကြောင်း ပြောထားကြပါတယ်။ DevClass သတင်းစာမျက်နှာကလည်း အလားတူ ပြဿနာတွေ ကြုံခဲ့ရပြီး agent manager က အလုပ်များနေကြောင်း ပြနေတာကနေ ဘာမှမလုပ်ဆောင်ဘဲ ရပ်သွားခဲ့တာမျိုးတွေ ဖြစ်ခဲ့တယ်လို့ ဖော်ပြခဲ့တာပါ။

လေ့လာ၊ ချိတ်ဆက်၊ တိုးတက် - TalentOS

ဘယ်လောက်ပဲ ကြိုးစားနေနေ အခွင့်အရေးတွေ ရှားပါးလာတယ်လို့ လူငယ်အများစု ခံစားနေကြရမှာပါ။

ဒီပြဿနာတွေကို ဖြေရှင်းပေးဖို့ TalentOS ရောက်ရှိလာပါပြီ။

TalentOS ဆိုတာ ဒေါ်လာနဲ့ရမယ့် အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ ချိတ်ဆက်ပေးတဲ့ Platform တစ်ခုဖြစ်ပြီး CV form တွေ၊ Resume တွေ မလိုအပ်ပါဘူး။ TalentOS မှာရှိတဲ့ Mission တွေထဲက ကိုယ်ကြိုက်တာကို ရွေးလုပ်၊ ပြီးသွားတဲ့အခါ ကိုယ်လုပ်ခဲ့တဲ့ Result ကို ပြန်တင်လိုက်ရုံနဲ့ သင့် Profile မှာ လက်တွေ့လုပ်ပြထားတဲ့ သက်သေအဖြစ် မှတ်တမ်းဝင်နေမှာပါ။

ဒီ Profile ကို TalentOS ပေါ်က လုပ်ငန်းရှင်တွေ၊ Employer တွေကလည်း တိုက်ရိုက်မြင်နိုင်ပါတယ်။ နိုင်ငံတကာကုမ္ပဏီတွေက Bounty လို့ခေါ်တဲ့ ဒေါ်လာနဲ့ရမယ့် အလုပ်တွေကိုလည်း ဝင်ပြိုင်ပြီး ကိုယ့်ရဲ့ အရည်အသွေးကို လက်တွေ့ချပြနိုင်တယ်။ နိုင်ရင် ဆုကြေးရမယ်။ ရိုးရှင်းပါတယ်။

TalentOS နဲ့အတူ ကိုယ့်ရဲ့လုပ်နိုင်စွမ်းတွေကို ဖော်ထုတ်ဖို့ အခုပဲ Play Store/ App Store မှာ Download ရယူလိုက်ပါ။

ဒီကိုနှိပ်ပါ

Visual Studio Code ရဲ့ ပုံစံခွဲတစ်ခုအဖြစ် တည်ဆောက်ထားတဲ့ Antigravity ဟာ "agent-first" development ပုံစံသစ်ကို မိတ်ဆက်ထားပါတယ်။ ဒီစနစ်မှာ AI agent တွေက code editorterminal နဲ့ Chrome browser တွေအနှံ့ကို လွတ်လွတ်လပ်လပ် ထိန်းချုပ်လုပ်ဆောင်တာ ဖြစ်ပါတယ်။ ဒီ platform မှာ Gemini 3 ProAnthropic ရဲ့ Claude Sonnet 4.5 နဲ့ OpenAI GPT-OSS အပါအဝင် AI model များစွာကို အထောက်အပံ့ပြု သုံးထားပါတယ်။

Google က ထုတ်ပြန်တဲ့ သုံးစွဲမှု စည်းကမ်းသတ်မှတ်ချက်တွေမှာ "Antigravity မှာ လုံခြုံရေး ကန့်သတ်ချက်တချို့ ရှိနေပါတယ်" လို့ ရှင်းရှင်းလင်းလင်း သတိပေးထားပြီး၊ ဒေတာပေါက်ကြားမှု နဲ့ ကုဒ်တွေ အပြင်မှာ run နိုင်တဲ့ အန္တရာယ် တွေ ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒီလို သတိပေးချက်တွေ ရှိနေပေမဲ့ မူရင်း default သတ်မှတ်ချက်က "agent-assisted development" mode ဖြစ်နေတာကြောင့် AI က လူရဲ့ ခွင့်ပြုချက်မလိုဘဲ ဘယ်လုပ်ဆောင်ချက်တွေကို လုပ်မယ်ဆိုတာကို အတားအဆီးမရှိ ဆုံးဖြတ်နေပါတယ်။ DevClass က "Google က လုံခြုံရေးကို တကယ် အလေးထားရင် agent ကို ဒီလောက် လွတ်လပ်ခွင့်ပေးထားတဲ့ default setting ကို ထားမှာ မဟုတ်ဘူး" လို့ ဝေဖန်ခဲ့ပါတယ်။

ဒါ့အပြင် Google Workspace အကောင့်တွေနဲ့ တွဲဖက် အသုံးပြုတဲ့အခါ ပြဿနာတွေရှိနေတာကြောင့် FAQ မှာ ကိုယ်ပိုင် Gmail အကောင့်ကို ပြောင်းသုံးဖို့ အကြံပေးထားပါတယ်။ platform ဟာ ပိုပြီးပြည့်စုံတဲ့ Visual Studio Code marketplace အစား Open VSX extension registry ကိုသာ အားကိုးနေရတာကလဲ နောက်ထပ် အခက်အခဲတစ်ခု ဖြစ်ပါတယ်။

ဒီလို အစောပိုင်းအခက်အခဲတွေ ရှိနေပေမဲ့ Google က Antigravity ကို "agent-first software development" ရဲ့ ရှေ့ပြေးအဖြစ် သတ်မှတ်ထားပြီး developer တွေဟာ ကုဒ်ကို ကိုယ်တိုင်ရေးမဲ့အစား AI agent တွေကို ညွှန်ကြားတဲ့ architect တွေအဖြစ်ပဲ လုပ်ဆောင်ရတော့မယ်လို့ ဆိုပါတယ်။ Team နဲ့ Enterprise အဆင့် စျေးနှုန်းတွေ မကြာခင် လာမယ်လို့ ကုမ္ပဏီက ပြောထားပေမဲ့ agent တွေ အလုပ်လုပ်ပုံဟာ ကွန်ပြူတာအား (Compute Power) အများကြီးသုံးရတာကြောင့် လက်ရှိ free-tier ကို ဘယ်လောက်ထိ ပေးနိုင်မလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေတာပါ။

Reference: Perplexity. (n.d.). Perplexity AI. https://www.perplexity.ai/discover/you/google-antigravity-ai-coding-p-hTNt33VvQI6khf737U5CIg

ဆက်စပ်ပြီး

OpenAI က Operator Agent ကို စမိတ်ဆက်
OpenAI has launched a research preview of its general-purpose AI agent, Operator, which can take control of a web browser and perform specific actions.

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

📍
Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia 

Share this article
The link has been copied!