ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့ နံနက်ပိုင်းက စလို့ ကမ္ဘာ့အင်တာနက်ဝန်ဆောင်မှုတချို့ ရုတ်တရက်ရပ်တန့်သွားခဲ့တယ်လို့ ကမ္ဘာ့သတင်းဌာနတွေနဲ့ အင်တာနက်စောင့်ကြည့်လေ့လာသူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။ Google Cloud Platform ကို အခြေခံထားတဲ့ ဝန်ဆောင်မှုတွေအပြင် ကမ္ဘာ့နေရာအနှံ့က သန်းနဲ့ချီတဲ့ အသုံးပြုသူတွေရဲ့ အင်တာနက်ချိတ်ဆက်မှုတွေ ရုတ်တရက်ပြတ်တောက်သွားခဲ့တာမျိုးပါ။

အဓိကထိခိုက်သွားတဲ့ ဝန်ဆောင်မှုတွေက YouTube, Gmail, Google Drive တို့အပြင် Spotify နဲ့ Discord တို့လဲ ပါပါတယ်။ ဒါ့အပြင် Google Workspace ကို မှီခိုပြီး လုပ်ငန်းတစ်ခုလုံး လည်ပတ်နေရတဲ့ ကုမ္ပဏီတွေလဲ ထိခိုက်တဲ့ထဲ ပါတာပါ။ အမေရိကားအပါအဝင် ဥရောပနဲ့ အာရှ-ပစိဖိတ်ဒေသက အသုံးပြုသူတွေ ၁၂ ရက်နေ့ မနက်ပိုင်း ရုံးရောက်ချိန် ကွန်ပြူတာတွေ ဖွင့်လိုက်တော့ Workspace တွေက အလုပ်မလုပ်နေတာကို တွေ့ကြရပါတယ်။

ဒီဂယက်ကြောင့်ပဲ လူတွေက ဒီဖြစ်ရပ်ကို ‘ကမ္ဘာ့အင်တာနက် လုံးဝရပ်သွားတဲ့နေ့’ ဆိုပြီး လူမှုကွန်ယက်ပေါ်မှာ တင်စားခေါ်ဝေါ်နေကြပါပြီ။

တီထွင်ဖန်တီးမှုတို့ ပြည့်နှက်ရာ Community Center

မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် အလိုအပ်ဆုံးက အလုပ်လုပ်ဖို့၊ စာကြည့်ဖို့၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆုံဖို့ 'သီးသန့်ဆန်တဲ့ နေရာတစ်ခု' ဖြစ်ပါလိမ့်မယ်။ ဒီပြဿနာအတွက် ဖြေရှင်းနည်းက Build Myanmar Community Center မှာ ရှိပါတယ်

Community Center . . .? ဘယ်လိုမျိုးလဲ . . .?

  • ရေမီးအစုံ၊ အင်တာနက်လိုင်းကောင်းကောင်းနဲ့ ကျယ်ကျယ်ဝန်းဝန်းနေရာ
  • အလုပ်လုပ်နိုင်မဲ့ Co-working Space
  • Networking Session တွေ
  • နယ်ပယ်ပေါင်းစုံက ပညာရှင်တွေရဲ့ Workshop တွေ
  • အသိပညာရေသောက်မြစ်အတွက် Library နဲ့
  • တီထွင်ဖန်တီးနိုင်ဖို့ Maker Space တွေ ပါဝင်ပါတယ်။

စိတ်ဝင်စားတယ်ဆိုရင် အောက်ကလင့်ခ်က တစ်ဆင့် အခုပဲ ဝင်လေ့လာကြည့်ပါ။

ဒီကိုနှိပ်ပါ။

အဲဒီပြတ်တောက်မှုကြောင့် စီးပွားရေးလုပ်ငန်းတွေ၊ ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုတွေ၊ ပညာရေးအဖွဲ့အစည်းတွေအပြင် Google Services တွေနဲ့ ချိတ်ဆက်နေတဲ့ နေရာတွေမှာ အခက်အခဲကြီးကြီးမားမား ရင်ဆိုင်ခဲ့ရတယ်လို့ သိရပါတယ်။

ဆေးရုံတွေမှာ လူနာတွေရဲ့ ဆေးမှတ်တမ်းတွေ ရှာမတွေ့တော့တာ၊ လေဆိပ်တွေမှာ လေယာဉ်ခရီးစဉ်တွေ နှောင့်နှေးကုန်တာ၊ ဘဏ်တွေမှာ အွန်လိုင်းငွေပေးချေမှု ရပ်သွားတာလို ကိစ္စကြီးကြီးတွေလဲ ဖြစ်ခဲ့တာပါ။ တချို့ကုမ္ပဏီတွေမှာဆိုရင် ဝန်ထမ်းတွေကို နေအိမ်ပြန်ခိုင်းရတဲ့အထိကို အခြေအနေဆိုးရွားခဲ့တယ် ဆိုပါတယ်။

IT နယ်ပယ်က ကျွမ်းကျင်သူတွေကတော့ ဒီဖြစ်ရပ်ဟာ ခေတ်သစ်လူ့အဖွဲ့အစည်းရဲ့ အင်တာနက်နဲ့ အင်တာနက်အခြေပြု နည်းပညာတွေကို ဘယ်လောက်အထိ မှီခိုနေရလဲဆိုတာ မီးမောင်းထိုးပြတာလို့ မှတ်ချက်ပြုပါတယ်။ အင်တာနက် မရှိတော့တဲ့အခါ နေ့စဉ်လုပ်ငန်းဆောင်တာတွေ ဘယ်လောက်ခက်ခဲလဲ ဒီတစ်ကြိမ် ကြုံပြီးမှ သဘောပေါက်လာကြတယ်လို့လဲ ဆိုပါတယ်။ ဒါပေမဲ့ အလားတူ ဖြစ်ရပ်မျိုးက ပြီးခဲ့တဲ့နှစ်ကလဲ တစ်ခေါက် ဖြစ်ပျက်ခဲ့ဖူးတာပါ။ ဒီအကြောင်းကိုတော့ အောက်မှာ ဖော်ပြထားပေးပါ့မယ်။ လက်ရှိဖြစ်ရပ်မှာတော့ နာရီပိုင်းအတွင်း ဝန်ဆောင်မှုတွေ ပြန်လည်ကောင်းမွန်လာခဲ့တယ် ဆိုပါတယ်။

Reference: Global internet outage on June 12, 2025 disrupts Google Cloud services. (n.d.). Perplexity AI. https://www.perplexity.ai/page/global-internet-outage-on-june-HaMmT49uRPi3yBdjrhuEHw

ဆက်စပ်ဖတ်ရှုဖို့

အမေရိကန် အပါအဝင် ကမ္ဘာနဲ့တစ်ဝှမ်းမှာ ဆိုက်ဘာကွန်ယက်တွေ ပြတ်တောက်မှုဖြစ်
ဇွန်လ ၁၉ ရက်နေ့၊ သောကြာနေ့ နေ့လယ်၊ မြန်မာစံတော်ချိန် နှစ်နာရီဝန်းကျင်က စလို့ အမေရိကန်က ပြည်နယ်အတော်များများ အပါအဝင် ကမ္ဘာတစ်ဝှမ်းမှာ ဆိုက်ဘာကွန်ယက်

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

📍
Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!