ကမ္ဘာလုံးဆိုင်ရာ နည်းပညာရှယ်ယာတွေရဲ့ ရောင်းအား အရှိန်မြှင့်လာမှုကြောင့် ဥရောပစတော့ဈေးကွက်တွေ ဒီနေ့မှာ ရုတ်ချည်းထိုးကျနေတယ်လို့ စီးပွားရေးသတင်းဝဘ်ဆိုက်တွေက တညီတညွတ်တည်း ပြောပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေဟာ AI (ဉာဏ်ရည်တု) ရဲ့ တန်ဖိုးတွေဟာ အလွန်မြင့်မားနေပြီလားဆိုတာကို မေးခွန်းထုတ်လာကြပြီး၊ အမေရိကန် ဗဟိုဘဏ် (Federal Reserve) ရဲ့ နောက်ထပ် ဆုံးဖြတ်ချက်က ဘာဖြစ်မလဲဆိုတဲ့ စိုးရိမ်မှုတွေကြောင့် စျေးကွက် မရေရာမှုတွေလဲ ပိုဖြစ်နေတာပါ။
ဥရောပတစ်လွှားရှိ ရှယ်ယာတွေကို စောင့်ကြည့်တဲ့ STOXX 600 အညွှန်းကိန်းဟာ နေ့လယ်ပိုင်း အရောင်းအဝယ်မှာ ၁% ကျဆင်းခဲ့ပြီး အောက်တိုဘာလ အစောပိုင်းနောက်ပိုင်း အနိမ့်ဆုံးအဆင့်ကို ရောက်ခဲ့ပါတယ်။ ဂျာမနီရဲ့ DAX ဟာ ခြောက်လအတွင်း အနိမ့်ဆုံးဆီ ကျခဲ့ပြီး ပြင်သစ်ရဲ့ CAC 40 ကတော့ တစ်လအတွင်း အနိမ့်ဆုံးအဆင့်ကို ရောက်ရှိသွားခဲ့ပါတယ်။ ဒီ STOXX 600 ဟာ တစ်ပတ်အတွင်း ၃% နီးပါး ကျဆင်းဖို့ အလားအလာရှိနေပြီး ဒါဟာ ပြီးခဲ့တဲ့ မတ်လနှောင်းပိုင်းက ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်တွေ ထိခိုက်ခဲ့ပြီးနောက် အပြင်းထန်ဆုံး ကျဆင်းမှုလဲ ဖြစ်နေတာပါ။
ဒီစျေးကျမှုဟာ ကြာသပတေးနေ့က Wall Street မှာ ဖြစ်ခဲ့တဲ့ ရှယ်ယာဂယက်နဲ့လဲ ဆက်စပ်နေပါတယ်။ Nvidia ကုမ္ပဏီက သူတို့ရဲ့ နှစ်ချုပ်ဝင်ငွေကြေညာချက် ကောင်းမွန်ခဲ့ပေမဲ့ စျေးကွက်ဖွင့်ချိန် ၅% တက်ရာကနေ ၃.၂% ကျဆင်းပြီး ပိတ်ခဲ့ရပါတယ်။ Nvidia ရဲ့ ရှယ်ယာတွေ မတည်မငြိမ်ဖြစ်ခဲ့ပြီးနောက် AI bubble ဖြစ်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလဲ ပေါ်ပေါက်လာပြီး နည်းပညာရှယ်ယာတွေ ပြန်ရောင်းထုတ်မှု ဆက်တိုက်ဖြစ်ကုန်ပါတယ်။ အကျိုးဆက်အဖြစ် Nasdaq Composite ဟာ ကြာသပတေးနေ့မှာ ၂.၂% ကျဆင်းခဲ့ပြီး S&P 500 ကတော့ ၁.၆% ကျဆင်းခဲ့ပါတယ်။
လေ့လာ၊ ချိတ်ဆက်၊ တိုးတက် - TalentOS
ဘယ်လောက်ပဲ ကြိုးစားနေနေ အခွင့်အရေးတွေ ရှားပါးလာတယ်လို့ လူငယ်အများစု ခံစားနေကြရမှာပါ။
ဒီပြဿနာတွေကို ဖြေရှင်းပေးဖို့ TalentOS ရောက်ရှိလာပါပြီ။
TalentOS ဆိုတာ ဒေါ်လာနဲ့ရမယ့် အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ ချိတ်ဆက်ပေးတဲ့ Platform တစ်ခုဖြစ်ပြီး CV form တွေ၊ Resume တွေ မလိုအပ်ပါဘူး။ TalentOS မှာရှိတဲ့ Mission တွေထဲက ကိုယ်ကြိုက်တာကို ရွေးလုပ်၊ ပြီးသွားတဲ့အခါ ကိုယ်လုပ်ခဲ့တဲ့ Result ကို ပြန်တင်လိုက်ရုံနဲ့ သင့် Profile မှာ လက်တွေ့လုပ်ပြထားတဲ့ သက်သေအဖြစ် မှတ်တမ်းဝင်နေမှာပါ။
ဒီ Profile ကို TalentOS ပေါ်က လုပ်ငန်းရှင်တွေ၊ Employer တွေကလည်း တိုက်ရိုက်မြင်နိုင်ပါတယ်။ နိုင်ငံတကာကုမ္ပဏီတွေက Bounty လို့ခေါ်တဲ့ ဒေါ်လာနဲ့ရမယ့် အလုပ်တွေကိုလည်း ဝင်ပြိုင်ပြီး ကိုယ့်ရဲ့ အရည်အသွေးကို လက်တွေ့ချပြနိုင်တယ်။ နိုင်ရင် ဆုကြေးရမယ်။ ရိုးရှင်းပါတယ်။
TalentOS နဲ့အတူ ကိုယ့်ရဲ့လုပ်နိုင်စွမ်းတွေကို ဖော်ထုတ်ဖို့ အခုပဲ Play Store/ App Store မှာ Download ရယူလိုက်ပါ။
သောကြာနေ့ ကျဆင်းမှုရဲ့ ဒဏ်ကို ဥရောပနည်းပညာရှယ်ယာတွေက အဓိကခံခဲ့ရပြီး ယေဘုယျအားဖြင့် ၂.၆% ကျဆင်းသွားပါတယ်။ AI ကနေ အကျိုးအမြတ်ရနိုင်တဲ့ Schneider Electric နဲ့ Siemens Energy တို့ဟာ ၂% နဲ့ ၉% အသီးသီး ကျဆင်းခဲ့ပါတယ်။ ဒတ်ချ် semiconductor (chip) ကုမ္ပဏီတွေဖြစ်တဲ့ BE Semiconductor နဲ့ ASM International တို့ဟာလဲ ၄% ခန့် ကျဆင်းခဲ့ပြီး ASML ကတော့ ၄.၅% ကျဆင်းခဲ့ပါတယ်။
ကာကွယ်ရေး ရှယ်ယာတွေလဲ ထိုးကျမှုထဲ ပါခဲ့တာပါ။ STOXX Europe Aerospace and Defense index ဟာ ၃.၁% ကျဆင်းပြီး သြဂုတ်လနှောင်းပိုင်းနောက်ပိုင်း အနိမ့်ဆုံးအဆင့်ကို ရောက်ရှိခဲ့ပါတယ်။ ယူကရိန်း ပဋိပက္ခကို အဆုံးသတ်ဖို့အတွက် အမေရိကန်က ထောက်ခံတဲ့ စီမံကိန်းအရ ယူကရိန်းကို နယ်မြေတချို့ စွန့်လွှတ်ခိုင်းပြီး စစ်တပ်ကို လျှော့ချခိုင်းမယ့် သတင်းတွေ ထွက်ပေါ်လာပြီးနောက် ဂျာမန် ကာကွယ်ရေးကန်ထရိုက်တာ Renk ဟာ ၁၁% အထိ ကျဆင်းခဲ့ပါတယ်။ Rheinmetall နဲ့ Hensoldt တို့လည်း ၇% ခန့်စီ ကျဆင်းသွားခဲ့ပါတယ်။
အမေရိကန်ရဲ့ စီးပွားရေးအချက်အလက်တွေ မတည်မငြိမ်ဖြစ်နေတာနဲ့ ဗဟိုဘဏ် က ဒီဇင်ဘာလ အစည်းအဝေးမှာ အတိုးနှုန်းကို လျှော့ချမလားဆိုတဲ့ သံသယတွေကြောင့် ဈေးကွက် မရေရာမှုတွေ ပိုမိုများပြားလာခဲ့တာပါ။ အမေရိကန်ရဲ့ အဓိက အညွှန်းကိန်း သုံးခုစလုံးဟာ မတ်လနောက်ပိုင်း အဆိုးဆုံး တစ်ပတ်တာ စွမ်းဆောင်ရည်ဆီ ဦးတည်နေပါတယ်။ အာရှဈေးကွက်တွေဖြစ်တဲ့ Nikkei 225 နဲ့ Hang Seng တို့က ၂% ကျော် ကျဆင်းခဲ့တာနဲ့ နှိုင်းယှဉ်ရင် ဥရောပဈေးကွက်တွေကတော့ အနည်းငယ် ခံနိုင်ရည်ရှိခဲ့ပါတယ်။
Reference: Perplexity. (n.d.). Perplexity AI. https://www.perplexity.ai/discover/you/european-stocks-drop-after-glo-RghNFCM.Seet69Gu9zqePQ
ဆက်စပ်ဖတ်ရှုဖို့
Build Myanmar - MediaMin Z
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Build Myanmar Media: Daily News - Sharing Myanmar's Important News Daily
Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:
Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia