ဥရောပသမဂ္ဂနဲ့ တရုတ်အစိုးရတို့ ဥရောပနိုင်ငံတွေထဲ တရုတ်ပြည်တွင်းမှာ ထုတ်လုပ်တဲ့ လျှပ်စစ်ကား (EV) တွေ တင်သွင်းချိန်မှာ ကောက်ခံတဲ့ စည်းကြပ်ခွန်နဲ့ ပတ်သက်လို့ အခုအချိန်ထိ အချင်းများငြင်းခုန်နေရဆဲဖြစ်ပြီး တိကျတဲ့ ဆုံးဖြတ်ချက် မရသေးဘူးလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

ဥရောပသမဂ္ဂဟာ တရုတ်နိုင်ငံက တင်သွင်းလာတဲ့ EV ကားတွေကို နိုင်ငံဖြတ်ကျော်စည်းကြပ်အခွန်အခ အနိမ့်ဆုံးထားပြီး ကောက်ခံချင်ပေမဲ့ တရုတ် EV ကားတွေဟာ နဂိုကတည်းက ပြည်တွင်းထုတ်လုပ်မှုနှုန်း အားကောင်းလို့ ဈေးသက်သာတာကြောင့် စည်းကြပ်ခွန်ကောက်ပြီး ဈေးကွက်တန်ဖိုးကို ထိန်းသိမ်းထားရတာပါ။ နမူနာ၊ အခုနောက်ပိုင်းမှာ ရေပန်းစားလာတဲ့ BYD နဲ့ NIO တို့ဆိုရင် ဥရောပထုတ် Volkswagen, Renault တို့ထက် ဈေးနှုန်းအများကြီး သက်သာပါတယ်။ လျှပ်စစ်ကားဈေးကွက် မျှမျှတတဖြစ်ဖို့ဆိုရင် စည်းကြပ်ခွန်နဲ့ပဲ တရုတ်ကားတွေရဲ့ တန်ဖိုးကို တင်ထားရတာပါ။

ဒါပေမဲ့ ပြီးခဲ့တဲ့ လက စပြီးတော့ ဥရောပက ဒေသတွင်းကို တင်သွင်းတဲ့ တရုတ်ထုတ် လျှပ်စစ်ကားတွေအားလုံး ပေးဆောင်ရမဲ့ စည်းကြပ်ခွန်တန်ဖိုးကို ၅၀ ရာခိုင်နှုန်းနီးပါး မြှင့်တင်လိုက်တာပါ။ ကုန်ထုတ်လုပ်မှုများပြီး အရေအတွက် များများဝင်ချိန်မှာ တစ်စီးချင်းစီအပေါ် ပေးရတဲ့ စည်းကြပ်တန်ဖိုးက ပမာဏလျော့သွားတာမို့ ဥရောပသမဂ္ဂက တိုးမြှင့်ဖို့ စီစဉ်ခဲ့တာပါ။ အဲဒီကနေ နှစ်ဖက်တင်းမာမှုတွေ ဖြစ်နေကြပါတယ်။

လောလောဆယ်တော့ ဒီဆုံးဖြတ်ချက်အရ ဥရောပမှာ တရုတ်က တင်သွင်းတဲ့ EV ကားတွေ ယူရိုသောင်းနဲ့ချီပြီး ဈေးနှုန်းမြင့်တက်ဖို့ အလားအလာများနေတာပါ။ ဥရောပ ပါလီမန်ရဲ့ ကုန်သွယ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူကတော့ ညှိနှိုင်းမှုက ပြီးမြောက်ခါနီးပြီလို့ ပြောလာပေမဲ့ တခြားတာဝန်ရှိသူတွေက ငြင်းဆိုထားပါတယ်။

Reference: Reuters. (2024, November 25). EU not close to deal with China on EV tariffs, officials say. Reuters. https://www.reuters.com/business/autos-transportation/eu-not-close-deal-with-china-ev-tariffs-officials-say-2024-11-25/

ဆက်လက်ဖတ်ရှုဖို့

တရုတ် လျှပ်စစ်ကားကုမ္ပဏီရဲ့ ရောင်းအား ကမ္ဘာကျော် Tesla ကို အမှီလိုက်နေ
အခုနှစ် ဒုတိယသုံးလပတ်အတွင်း တရုတ်အခြေစိုက် လျှပ်စစ်ကားကုမ္ပဏီ BYD ရောင်းအားဟာ ၂၁ ရာခိုင်နှုန်းအထိမြင့်တက်လာတယ်လို့ ကုမ္ပဏီတာဝန်ရှိအကြီးအကဲတစ်ဦးကပြောကြ

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. 📅 New updates every day before 9:00 pm, MMT. 📰 Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

💡
📈 Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!