ဂျက်စ်တင်ဆမ် အမည်ရတဲ့ ခရစ်ပ်တိုလုပ်ငန်းရှင်တစ်ဦးက အင်တာနက်ပေါ်မှာ ရေပန်းစားနေတဲ့ နံရံတိတ်ကပ်ထားတဲ့ ပြပွဲငှက်ပျောသီးကို ပြီးခဲ့တဲ့ရက်ကပဲ ဟောင်ကောင် ပင်နီဆူလာဟိုတယ်မှာ စားပြသွားတယ် ဆိုပါတယ်။ ဒီနံရံမှာ တိတ်ကပ်ထားတဲ့ ငှက်ပျောသီးကို အနုပညာရှင် မောင်ရီဇိုရီက ဖန်တီးထားတာ ဖြစ်ပြီး မကြာခင်သေးခင်ကမှ ဒေါ်လာ ၆.၂ သန်းနဲ့ ဆမ်က လေလံအောင်ထားတာပါ။

ဆမ်က ငှက်ပျောသီး မစားခင်မှာ ခရစ်ပ်တိုငွေကြေးတွေ၊ ဘလော့ခ်ချိန်းနည်းပညာတွေနဲ့ ဒီငှက်ပျောသီးအနုပညာအကြောင်းကို ဟိုတယ်ခန်းမထဲ ဆက်စပ်ရှင်းပြသွားပါသေးတယ်။

စားပြီးချိန်မှာလဲ ဒီငှက်ပျောသီးက တခြားငှက်ပျောသီးတွေထက် ပိုကောင်းတယ်လို့ မှတ်ချက်ပြုသွားသေးတာပါ။

နံရံမှာ တိတ်ကပ်ခံထားရတဲ့ အဲဒီငှက်ပျောသီးက အနုပညာတစ်ရပ် ဖြစ်ပြီး "Comedian" လို့ ခေါ်ပါတယ်။ တကယ်တော့ ဒီအနုပညာမှာ ငှက်ပျောသီးရဲ့ တန်ဖိုးက ဒေါ်လာ ၆ သန်းကျော် တန်တာ မဟုတ်ဘဲ 'နံရံမှာ ငှက်ပျောသီးကို တိတ်ကပ်တဲ့ အနုပညာ' က အဲဒီလောက်တန်တာပါ။ လတ်တလော ကပ်ထားတဲ့ ငှက်ပျောသီး အမှည့်လွန်ပြီး ပျက်စီးသွားရင် နောက်ထပ်အသစ်တစ်လုံး ထပ်ကပ်နိုင်ပါမယ်။ အရာဝတ္ထုတစ်ခုလို့ မမြင်ဘဲ အနုပညာလက်မှတ် (Certificate of Art) အဖြစ် 'Idea' တစ်ရပ်ကို ဝယ်တဲ့ သဘောပေါ့။ ဒါပေမဲ့ ဝယ်ယူထားသူကတော့ ငှက်ပျောသီးတစ်လုံးကို နံရံမှာ တိတ်နဲ့ ကပ်ထားနိုင်မှု မူပိုင်ခွင့်က ကမ္ဘာပေါ်မှာ သူ့တစ်ယောက်ဆီပဲ ရှိပါလိမ့်မယ်။

ဒါပေမဲ့ ဆမ်က အဲဒီငှက်ပျောသီးကို လေလံအောင်ပြီး ပထမဆုံးစားတဲ့သူ မဟုတ်ပါဘူး။ ဟိုးအရင်တုန်းကလဲ ငှက်ပျောသီးကို ဗိုက်ဆာလို့ နံရံကနေ ဖြုတ်စားတဲ့ ကျောင်းသားတစ်ဦးရှိခဲ့သလို ဒေါ်လာသောင်းချီလေလံစွဲပြီး ကျေကျေနပ်နပ်စားသူတွေလဲ ရှိခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အနုပညာနဲ့ နီးနီးစပ်စပ်မရှိသူတွေအဖို့တော့ နံရံမှာ တိတ်ကပ်ထားတဲ့ ငှက်ပျောသီးတစ်လုံးဟာ အနုပညာလက်ရာမမြောက်နေသလို တန်ကြေးတစ်စုံတစ်ရာလဲ မရှိနေဘူးလို့ အသံကျယ်ကျယ်လောင်လောင် ပေါ်ထွက်နေတာပါ။

Reference: Crypto entrepreneur eats banana. (n.d.). Perplexity AI. https://www.perplexity.ai/page/crypto-entrepreneur-eats-banan-SvGvhn0jRQ2C9RTLTLCCAw

Crypto ဈေးကွက်တန်ဖိုး ဒေါ်လာ ၃ ထရီလီယမ်ကို ရောက်ရှိ
The global cryptocurrency market’s value has topped $3 trillion as the election of Donald Trump as U.S. president spurred bets that friendlier U.S. regulation could usher in a new boom for all corners of the asset class.

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. 📅 New updates every day before 9:00 pm, MMT. 📰 Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

💡
📈 Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!