တရုတ်နိုင်ငံရဲ့ UBTech Robotics ကုမ္ပဏီကနေ ထုတ်လုပ်ထားတဲ့ Walker S2 လို့ခေါ်တဲ့ လူနဲ့တူတဲ့ စက်ရုပ်သစ်ဟာ နည်းပညာလောကမှာ နောက်ထပ် မှတ်တိုင်သစ်တစ်ရပ်ကို စိုက်လိုက်နိုင်ပြီလို့ သိရပါတယ်။ ဒီစက်ရုပ်ဟာ သူအလုပ်လုပ်နိုင်ဖို့ ထည့်သွင်းထားတဲ့ ဘက်ထရီ အားကုန်သွားရင် နောက်ထပ်ဘက်ထရီအသစ်ကို ကိုယ်တိုင်လဲလှယ်နိုင်တာကြောင့် ၂၄ နာရီပတ်လုံး လူသားတွေရဲ့ ကြီးကြပ်မှု သိပ်မလိုဘဲ ဆက်တိုက်အလုပ်လုပ်နိုင်တာပါ။

Walker S2 ဟာ အရပ် ၅ ပေ ၃ လက်မ (၁၆၂ စင်တီမီတာ) ရှိပြီး အလေးချိန် ၉၅ ပေါင် (၄၃ ကီလိုဂရမ်) လောက် ရှိတာကြောင့် လူပုတစ်ယောက်ရဲ့ အရွယ်အစားနဲ့ အလေးချိန်နဲ့ နီးစပ်ပါတယ်။ သူဟာ ၄၈ ဗို့ လစ်သီယမ် ဘက်ထရီစနစ်နှစ်ခုကို အသုံးပြုထားပြီး ဘက်ထရီအားပြည့်ရင် ၂ နာရီကြာ လမ်းလျှောက်နိုင်သလို ၄ နာရီကြာ မတ်တပ်ရပ်နိုင်ပါတယ်။ အားပြန်သွင်းဖို့လဲ မိနစ် ၉၀ ပဲ လိုတာပါ။

ဒီစက်ရုပ်ရဲ့ အဓိက အားသာချက်က ဘက်ထရီအားနည်းလာတာကို သူ့ဘာသာသူ သိရှိပြီး၊ အားသွင်းစခန်းကို သွားရင်း အားကုန်နေတဲ့ ဘက်ထရီကို ဖယ်ထုတ်၊ အဲဒီနောက် အားဖြည့်ထားတဲ့ ဘက်ထရီအသစ်ကို ကိုယ်တိုင် ပြန်တပ်ဆင်နိုင်တာပဲ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်တစ်ခုလုံးကိုလဲ ၃ မိနစ်တောင် မကြာဘဲ လူသားတွေရဲ့ အကူအညီမပါဘဲ လုပ်ဆောင်နိုင်တာပါ။ ဒီစွမ်းရည်ကြောင့် Walker S2 ဟာ ရပ်တန့်ခြင်းမရှိဘဲ စဉ်ဆက်မပြတ် အလုပ်လုပ်နိုင်တဲ့ ကမ္ဘာ့ပထမဆုံး လူသားဆန်တဲ့ စက်ရုပ် ဖြစ်လာပါတယ်။

တီထွင်ဖန်တီးမှုတို့ ပြည့်နှက်ရာ Community Center

မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် အလိုအပ်ဆုံးက အလုပ်လုပ်ဖို့၊ စာကြည့်ဖို့၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆုံဖို့ 'သီးသန့်ဆန်တဲ့ နေရာတစ်ခု' ဖြစ်ပါလိမ့်မယ်။ ဒီပြဿနာအတွက် ဖြေရှင်းနည်းက Build Myanmar Community Center မှာ ရှိပါတယ်

Community Center . . .? ဘယ်လိုမျိုးလဲ . . .?

  • ရေမီးအစုံ၊ အင်တာနက်လိုင်းကောင်းကောင်းနဲ့ ကျယ်ကျယ်ဝန်းဝန်းနေရာ
  • အလုပ်လုပ်နိုင်မဲ့ Co-working Space
  • Networking Session တွေ
  • နယ်ပယ်ပေါင်းစုံက ပညာရှင်တွေရဲ့ Workshop တွေ
  • အသိပညာရေသောက်မြစ်အတွက် Library နဲ့
  • တီထွင်ဖန်တီးနိုင်ဖို့ Maker Space တွေ ပါဝင်ပါတယ်။

စိတ်ဝင်စားတယ်ဆိုရင် အောက်ကလင့်ခ်က တစ်ဆင့် အခုပဲ ဝင်လေ့လာကြည့်ပါ။

ဒီကိုနှိပ်ပါ

Walker S2 ကို စက်ရုံတွေလို စက်မှုလုပ်ငန်းခွင်တွေမှာ အဓိကထား အသုံးပြုဖို့ ဒီဇိုင်းထုတ်ထားပါတယ်။ ဥပမာ BYD, Nio, Zeekr လိုမျိုး လျှပ်စစ်ကားထုတ်လုပ်ရေး ကုမ္ပဏီကြီးတွေရဲ့ ထုတ်လုပ်မှုလိုင်းတွေမှာ စမ်းသပ်အသုံးပြုနေပြီလို့လည်း သိရပါတယ်။ ဒါ့အပြင် သူတို့ဟာ ဧည့်သည်တွေကို နှုတ်ဆက်တာမျိုးလို လူနဲ့ထိတွေ့ရတဲ့ လုပ်ငန်းတွေမှာလည်း အသုံးဝင်နိုင်ပါတယ်။ ဒီစက်ရုပ်ဟာ AI စနစ်တွေ၊ အာရုံခံစနစ်တွေနဲ့ ပေါင်းစပ်ပြီး ပိုမိုရှုပ်ထွေးတဲ့ အလုပ်တွေကိုလည်း တိကျမြန်ဆန်စွာ လုပ်ဆောင်နိုင်စွမ်း ရှိတာပါ။

ဒီလို စက်ရုပ်နည်းပညာတွေ တိုးတက်လာတာဟာ အနာဂတ် စက်မှုလုပ်ငန်းတွေရဲ့ ပုံစံကို ပြောင်းလဲပစ်မှာ သေချာပါတယ်။ လူသားတွေ အနားယူနေချိန်မှာတောင် စက်ရုပ်တွေက မရပ်မနား အလုပ်လုပ်နိုင်တော့မှာဖြစ်လို့ ကုန်ထုတ်စွမ်းအားကို သိသိသာသာ မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။

Reference: Perplexity discover. (n.d.). Perplexity AI. https://www.perplexity.ai/discover/tech/china-s-walker-s2-robot-change-vxY9.ek2TqOU43FPZI.Rjg

ဆက်လက်ဖတ်ရှုဖို့

‘လူဆန်တဲ့ စက်ရုပ်တွေ’ ကို မကြာခင် ဈေးကွက်ထဲ ပမာဏများများနဲ့ ဝယ်ယူနိုင်တော့မယ်လို့ အီလွန်မက်စ်ခ် ပြော
အီလွန်မက်စ်ခ်က တက်ဆလာရဲ့ ဉာဏ်ရည်တုနည်းပညာကို အခြေခံထားတဲ့ . . . လူတွေနဲ့ ပိုဆင်ပြီး လူပိုဆန်တဲ့ စက်ရုပ်မော်ဒယ်တွေကို မကြာခင် နှစ်ပိုင်းထဲတင် ဈေးကွက်ပေ

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

📍
Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!