တရုတ်နိုင်ငံက သူတို့မြို့တော်ဘေဂျင်းမှာ ကမ္ဘာ့သမိုင်းတစ်လျှောက် တစ်ခါမှ မရှိခဲ့ဖူးပဲ စက်ရုပ်တွေနဲ့ချည်း ကျင်းပတဲ့ ပထမဆုံးစက်ရုပ်ဘောလုံးပွဲကို ပြီးခဲ့တဲ့ စနေနေ့ကပဲ ကျင်းပခဲ့ပါတယ်။ RoBoLeague လို့ နာမည်ပေးထားတဲ့ ဒီပြိုင်ပွဲမှာ လူနဲ့အသွင်တူတဲ့ ရိုဘော့အဖွဲ့ ၄ ဖွဲ့က တစ်ဖွဲ့ကို ၃ ယောက်စီနဲ့ စုစုပေါင်း ၁၂ ယောက် ပါဝင်ကစားခဲ့ကြတာပါ။ ပြိုင်ပွဲမှာ ပါတဲ့ ရိုဘော့တွေဟာ သူတို့ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေပေါ်ပဲ ၁၀၀ ရာခိုင်နှုန်း မူတည်ပြီး ဘောလုံးနောက်လိုက်တာ၊ လူပေးတာနဲ့ ဂိုးသွင်းတာတွေကို လုပ်ဆောင်နိုင်ခဲ့တယ် ဆိုပါတယ်။ ပရိသတ်တွေကတော့ ရိုဘော့တွေ ဘောလုံးကန်တာက မွေးကာစကလေးတွေ ကစားသလို ယိုင်တိယိုင်တိုင်ဖြစ်နေပေမဲ့ အင်မတန်စိတ်ဝင်စားဖို့ကောင်းပြီး ရယ်မောဖွယ်ရာကောင်းတယ်လို့လဲ ပြောကြတာပါ။

ပြိုင်ပွဲရဲ့ နောက်ဆုံးဖိုင်နယ်မှာ တရုတ်ဆင်ဟွာတက္ကသိုလ်ရဲ့ ရိုဘော့အဖွဲ့က တရုတ်စိုက်ပျိုးရေးတက္ကသိုလ်ရဲ့ အဖွဲ့ကို ၅ ဂိုး၊ ၃ ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယမ်ဖြစ်ခဲ့ပါတယ်။ ပြိုင်ပွဲတစ်လျှောက်လုံးမှာ ရိုဘော့တွေက လူအကူအညီ လုံးဝမပါဘဲ ဉာဏ်ရည်တုနည်းပညာကိုပဲ အခြေခံအလုပ်လုပ်ခဲ့တာပါ။ တခြားရိုဘော့ဘောပွဲတွေနဲ့ မတူတာက ဒီပြိုင်ပွဲမှာ ဘီးပါတဲ့ စက်ရုပ်တွေကို ခွင့်မပြုဘဲ လူလို လမ်းလျှောက်နိုင်တဲ့၊ လူဖွဲ့စည်းပုံနဲ့ တူတဲ့ Humanoid Robot တွေပဲ ပါဝင်ခွင့်ရှိတာမို့ နည်းပညာပိုင်းအရလဲ ခဲယဉ်းခဲ့တယ် ဆိုပါတယ်။

တီထွင်ဖန်တီးမှုတို့ ပြည့်နှက်ရာ Community Center

မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် အလိုအပ်ဆုံးက အလုပ်လုပ်ဖို့၊ စာကြည့်ဖို့၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆုံဖို့ 'သီးသန့်ဆန်တဲ့ နေရာတစ်ခု' ဖြစ်ပါလိမ့်မယ်။ ဒီပြဿနာအတွက် ဖြေရှင်းနည်းက Build Myanmar Community Center မှာ ရှိပါတယ်

Community Center . . .? ဘယ်လိုမျိုးလဲ . . .?

  • ရေမီးအစုံ၊ အင်တာနက်လိုင်းကောင်းကောင်းနဲ့ ကျယ်ကျယ်ဝန်းဝန်းနေရာ
  • အလုပ်လုပ်နိုင်မဲ့ Co-working Space
  • Networking Session တွေ
  • နယ်ပယ်ပေါင်းစုံက ပညာရှင်တွေရဲ့ Workshop တွေ
  • အသိပညာရေသောက်မြစ်အတွက် Library နဲ့
  • တီထွင်ဖန်တီးနိုင်ဖို့ Maker Space တွေ ပါဝင်ပါတယ်။

စိတ်ဝင်စားတယ်ဆိုရင် အောက်ကလင့်ခ်က တစ်ဆင့် အခုပဲ ဝင်လေ့လာကြည့်ပါ။

ဒီကိုနှိပ်ပါ

ဒီပြိုင်ပွဲက ဉာဏ်ရည်တုစက်ရုပ်နယ်ပယ်မှာတော့ ဟိုးလေးတကျော်ဖြစ်ခဲ့တာပါ။ လူဆန်ဆန်စက်ရုပ်တွေ ဘောလုံးကစားနေကြတာကို Sci-fi ရုပ်ရှင်တွေထဲ မဟုတ်ဘဲ မျက်မြင်တွေ့ခဲ့ရတာမို့ အနာဂတ်မှာ ဘယ်လောက်အတိုင်းအတာထိ ဖွံ့ဖြိုးတိုးတက်လာမလဲဆိုတာ စိတ်လှုပ်ရှားစရာဖြစ်တယ်လို့လဲ မှတ်ချက်ပြုကြပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံက ဒီနည်းပညာမှာ ကမ္ဘာကို ဦးဆောင်နိုင်နေတာကလဲ စိတ်ဝင်စားစရာပါပဲ။  

ဒီပြိုင်ပွဲက လာမဲ့ ဩဂုတ်လ ၁၅ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ဘေဂျင်းမှာ ကျင်းပမဲ့ ကမ္ဘာ့လူပုံစံရိုဘော့အားကစားပွဲတွေရဲ့ အကြိုပွဲစဉ်တွေက တစ်ခုဖြစ်တယ်လို့လဲ သိရပါတယ်။ အဲဒီပွဲကြီးမှာ ဘောလုံး၊ ပြေးခုန်ပစ်အပါအဝင် အားကစားအမျိုးအစား ၁၁ ခုထိ ပါဝင်မယ် ဆိုပါတယ်။

တရုတ်နိုင်ငံအပြင် ကမ္ဘာ့အနောက်ဘက်ခြမ်းက စက်ရုပ်နဲ့ နည်းပညာနယ်ပယ် ကျွမ်းကျင်သူတွေကလဲ လူဆန်တဲ့ ဉာဏ်ရည်တုစက်ရုပ်တွေ ထုတ်လုပ်နိုင်ရေးမှာ ဦးဆောင်နိုင်ဖို့ အပြင်းအထန်ကြိုးစားနေကြရပါတယ်။

Reference: China hosts first fully autonomous robot soccer tournament. (n.d.). Perplexity AI. https://www.perplexity.ai/page/china-hosts-first-fully-autono-wGpciOAqR5KT_HsmeIMgtQ

ဆက်စပ်ဖတ်ရှုဖို့

ငလျင်ဘေး လာကူတဲ့ စက်ရုပ်ပိုးဟပ် ၁၀ ကောင်
Singapore has sent 10 cyborg cockroaches to assist with search-and-rescue efforts following a 7.7-magnitude earthquake in Myanmar.

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

📍
Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!