အမေရိကန် အာကာသအေဂျင်စီ NASA ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်အတွင်း လကမ္ဘာဆီ လူသားတွေ ပထမဆုံးအကြိမ် သွားရောက်မဲ့ မစ်ရှင် - Artemis 2 ရဲ့ အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ နီးစပ်နေပါပြီ။ လွှတ်တင်မဲ့ ဒုံးပျံနဲ့ လိုအပ်တဲ့ ယန္တရားအကုန် ပါဝင်တဲ့ သူတို့ရဲ့ Space Launch System (SLS) ဟာ ရက်ပိုင်းအတွင်းမှာ လွှတ်တင်ရေးစင်ဆီကို စတင်ရွေ့လျားတော့မှာဖြစ်ပြီး လွှတ်တင်ဖို့ အချိန်သတ်မှတ်ချက်ကိုတော့ ဖေဖော်ဝါရီ ၆ ရက်နေ့ ကို လျာထားတယ် ဆိုပါတယ်။

Artemis II လို့ခေါ်တဲ့ ဒီမစ်ရှင်မှာ အာကာသယာဉ်မှူး လေးဦး လိုက်ပါသွားမှာဖြစ်ပြီး၊ Orion အာကာသယာဉ်ရဲ့ စနစ်တွေ အားလုံးကို စမ်းသပ်ဖို့အတွက် လပတ်လမ်းနားမှာ ၁၀ ရက်ကြာ ပျံသန်းမှာပါ။ ၁၉၇၂ ခုနှစ် ဒီဇင်ဘာက Apollo 17 မစ်ရှင်ပြီးတဲ့နောက် လူသားတွေ လရဲ့အနီးကို ပြန်ရောက်လာမယ့် သမိုင်းဝင် အခိုက်အတန့်တစ်ခုလည်း ဖြစ်ပါတယ်။ NASA ရဲ့ စီမံခန့်ခွဲသူ Jared Isaacman က နိုင်ငံတကာ အာကာသစခန်းမှာ ဆေးဘက်ဆိုင်ရာ အရေးပေါ် အခြေအနေကြောင့် အဖွဲ့သားတွေကို စောစောပြန်ခေါ်ခဲ့ရပေမဲ့၊ မစ်ရှင်ပြင်ဆင်မှုတွေက အစီအစဉ်အတိုင်း ဆက်လက်ရှိနေတယ်လို့ ဇန်နဝါရီ ၈ ရက်နေ့မှာ အတည်ပြုပြောပါတယ်။

အဖွဲ့ခေါင်းဆောင် Reid Wiseman၊ လေယာဉ်မှူး Victor Glover၊ မစ်ရှင်ကျွမ်းကျင်သူ Christina Koch နဲ့ ကနေဒါ အာကာသအေဂျင်စီက Jeremy Hansen တို့ လေးဦးဟာ နှစ်ပေါင်း ၅၀ ကျော်အတွင်း ကမ္ဘာ့ပတ်လမ်း အနိမ့်ပိုင်းကို ကျော်လွန်ပြီး အပြင်ထွက်မယ့် ပထမဆုံးလူတွေ ဖြစ်လာပါလိမ့်မယ်။ အထူးခြားဆုံးကတော့ Glover ဟာ လကမ္ဘာကို ခရီးသွားမယ့် ပထမဆုံး အရောင်အသွေးမတူညီသူ ဖြစ်လာမှာဖြစ်ပြီး၊ Koch ကတော့ လကမ္ဘာခရီးစဉ်ကို သွားမယ့် ပထမဆုံး အမျိုးသမီး ဖြစ်လာပါလိမ့်မယ်။

လေ့လာ၊ ချိတ်ဆက်၊ တိုးတက် - TalentOS

ဘယ်လောက်ပဲ ကြိုးစားနေနေ အခွင့်အရေးတွေ ရှားပါးလာတယ်လို့ လူငယ်အများစု ခံစားနေကြရမှာပါ။

ဒီပြဿနာတွေကို ဖြေရှင်းပေးဖို့ TalentOS ရောက်ရှိလာပါပြီ။

TalentOS ဆိုတာ ဒေါ်လာနဲ့ရမယ့် အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ ချိတ်ဆက်ပေးတဲ့ Platform တစ်ခုဖြစ်ပြီး CV form တွေ၊ Resume တွေ မလိုအပ်ပါဘူး။ TalentOS မှာရှိတဲ့ Mission တွေထဲက ကိုယ်ကြိုက်တာကို ရွေးလုပ်၊ ပြီးသွားတဲ့အခါ ကိုယ်လုပ်ခဲ့တဲ့ Result ကို ပြန်တင်လိုက်ရုံနဲ့ သင့် Profile မှာ လက်တွေ့လုပ်ပြထားတဲ့ သက်သေအဖြစ် မှတ်တမ်းဝင်နေမှာပါ။

ဒီ Profile ကို TalentOS ပေါ်က လုပ်ငန်းရှင်တွေ၊ Employer တွေကလည်း တိုက်ရိုက်မြင်နိုင်ပါတယ်။ နိုင်ငံတကာကုမ္ပဏီတွေက Bounty လို့ခေါ်တဲ့ ဒေါ်လာနဲ့ရမယ့် အလုပ်တွေကိုလည်း ဝင်ပြိုင်ပြီး ကိုယ့်ရဲ့ အရည်အသွေးကို လက်တွေ့ချပြနိုင်တယ်။ နိုင်ရင် ဆုကြေးရမယ်။ ရိုးရှင်းပါတယ်။

TalentOS နဲ့အတူ ကိုယ့်ရဲ့လုပ်နိုင်စွမ်းတွေကို ဖော်ထုတ်ဖို့ အခုပဲ Play Store/ App Store မှာ Download ရယူလိုက်ပါ။

ခုပဲ ဒေါင်းလိုက်ပါ

ဒီအဖွဲ့သားတွေဟာ လရဲ့ အဝေးဘက်ခြမ်းကို ကီလိုမီတာ ထောင်ပေါင်းများစွာ ကျော်လွန်ပျံသန်းပြီး Orion ယာဉ်ရဲ့ အသက်ရှင်သန်ရေး၊ မောင်းနှင်အား၊ လမ်းကြောင်းရှာဖွေမှုနဲ့ ဆက်သွယ်ရေး စနစ်တွေကို အဓိက စမ်းသပ်ကြမှာပါ။ နောက်ပိုင်း Artemis မစ်ရှင်တွေလို လပတ်လမ်းထဲကို ဝင်မှာမဟုတ်ဘဲ free-return trajectory လို့ခေါ်တဲ့ လမ်းကြောင်းအတိုင်း ပျံသန်းမှာဖြစ်လို့ မောင်းနှင်အားစနစ် ပျက်သွားရင်တောင် အဖွဲ့သားတွေ ဘေးကင်းစွာ ကမ္ဘာမြေကို ပြန်ရောက်လာနိုင်ပါတယ်။

SLS ဒုံးပျံကြီးနဲ့ Orion ယာဉ်ကို Kennedy Space Center မှာ ပြီးခဲ့တဲ့ အောက်တိုဘာကတည်းက ပေါင်းစပ်တပ်ဆင်ပြီးစီးခဲ့ပါတယ်။ NASA က ဇန်နဝါရီ ၂ ရက်နေ့မှာ "နှစ်ပတ်အတွင်း" လွှတ်တင်ရေးစင်ဆီကို ရွှေ့ပြောင်းမယ်လို့ ပြောခဲ့တာကြောင့် ဒုံးပျံကြီးဟာ ဇန်နဝါရီလလယ်လောက် မှာ Launch Complex 39B ဆီကို စတင်ရွေ့လျားလာနိုင်ပါတယ်။ စီမံခန့်ခွဲသူ Isaacman က ဒုံးပျံ စင်ဆီရောက်တာနဲ့ နည်းပညာပိုင်း အခြေအနေနဲ့ အချိန်ဇယားတွေကို ပွင့်ပွင့်လင်းလင်း ပြောပြသွားမယ် လို့ ကတိပြုခဲ့ပြီး၊ အဖွဲ့သားတွေရဲ့ ဘေးကင်းရေးကို အဓိကထားကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။

Reference: Perplexity. (n.d.). Perplexity AI. https://www.perplexity.ai/discover/you/nasa-prepares-artemis-ii-moon-I7iaaXaSQ9aob._8g8zNQA

ဆက်စပ်သတင်းတွေကို

NASA ရဲ့ ပါကာလေ့လာရေးယာဉ် နေနဲ့အနီးဆုံးကို ရောက်ရှိ
NASA က လွှတ်တင်ထားတဲ့ ပါကာနေလေ့လာရေးယာဉ်ဟာ နေမျက်နှာပြင်နဲ့ မိုင်ပေါင်း ၃.၈ သန်းအကွာကို ရောက်ရှိနိုင်ခဲ့တယ် ဆိုပါတယ်။ ပါကာယာဉ်ဟာ သမိုင်းတစ်လျှောက်

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

📍
Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!