ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကို အခြေစိုက် အလုပ်လုပ်နေတဲ့ အလိုအလျောက်မောင်းနှင်နိုင်စွမ်းရှိ ကားနည်းပညာကုမ္ပဏီ Applied Intuition Inc. က ဒီလ ရင်းနှီးမြှုပ်နှံမှုအသုတ်မှာ အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကို မ,တည်နိုင်ခဲ့တယ်လို့ ကုမ္ပဏီက ဒီနေ့ပဲ ပြောပါတယ်။ အဲဒီရင်းနှီးမြှုပ်နှံမှုကြောင့်ပဲ ကုမ္ပဏီရဲ့ တန်ဖိုးက အခုဆိုရင် ကန်ဒေါ်လာ ၁၅ ဘီလျံထိကို ထောင်တက်သွားပြီး ၂၀၂၃ က တန်ဖိုးထက် ၂ ဆနီးပါး မြင့်သွားတာပါ။ အမေရိကန်ရဲ့ အကြီးဆုံး ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီ BlackRock Inc. နဲ့ Silicon Valley ရဲ့ နာမည်ကြီး Kleiner Perkins တို့က ဒီ funding round ကို ဦးဆောင်ခဲ့ပြီး ကာတာ၊ အာဘူဒါဘီ နိုင်ငံတွေရဲ့ sovereign wealth fund တွေကပါ ပါဝင်ခဲ့ကြပါတယ်။

၂၀၁၇ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ Applied Intuition ဟာ ကမ္ဘာ့ကားကုမ္ပဏီကြီးတွေရဲ့ အလိုအလျောက်မောင်းနှင်နိုင်တဲ့ ယာဉ်တွေ ဖွံ့ဖြိုးတိုးတက်စေဖို့ လိုတဲ့ software simulation နဲ့ data management ကိရိယာတွေ ထုတ်လုပ်ပေးတဲ့ ကုမ္ပဏီပါ။ Fortune Global 500 စာရင်းမှာ ပါတဲ့ ကမ္ဘာ့အကြီးဆုံး ကားထုတ်လုပ်သူ ၂၀ ခုထဲက ၁၈ ခု — ဆိုလိုတာက ကားဈေးကွက်ရဲ့ ၉၀ ရာခိုင်နှုန်းက ဒီကုမ္ပဏီရဲ့ ဖောက်သည်တွေ ဖြစ်ကြပါတယ်။ Toyota Motor Corp.၊ BMW Group၊ Mercedes-Benz Group AG စတဲ့ ကမ္ဘာ့နာမည်ကြီး ကားထုတ်လုပ်သူတွေဟာ Applied Intuition ရဲ့ အေအိုင်အခြေပြု Simulation ပလက်ဖောင်းတွေကို သုံးပြီး သူတို့ရဲ့ အလိုအလျောင်မောင်းနှင်နိုင်စွမ်းရှိ ကားတွေကို စမ်းတာ၊ စစ်ဆေးတာနဲ့ လုံခြုံရေးပိုင်း အဆင့်မြှင့်ကြတာပါ။

တီထွင်ဖန်တီးမှုတို့ ပြည့်နှက်ရာ Community Center

မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် အလိုအပ်ဆုံးက အလုပ်လုပ်ဖို့၊ စာကြည့်ဖို့၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆုံဖို့ 'သီးသန့်ဆန်တဲ့ နေရာတစ်ခု' ဖြစ်ပါလိမ့်မယ်။ ဒီပြဿနာအတွက် ဖြေရှင်းနည်းက Build Myanmar Community Center မှာ ရှိပါတယ်

Community Center . . .? ဘယ်လိုမျိုးလဲ . . .?

  • ရေမီးအစုံ၊ အင်တာနက်လိုင်းကောင်းကောင်းနဲ့ ကျယ်ကျယ်ဝန်းဝန်းနေရာ
  • အလုပ်လုပ်နိုင်မဲ့ Co-working Space
  • Networking Session တွေ
  • နယ်ပယ်ပေါင်းစုံက ပညာရှင်တွေရဲ့ Workshop တွေ
  • အသိပညာရေသောက်မြစ်အတွက် Library နဲ့
  • တီထွင်ဖန်တီးနိုင်ဖို့ Maker Space တွေ ပါဝင်ပါတယ်။

စိတ်ဝင်စားတယ်ဆိုရင် အောက်ကလင့်ခ်က တစ်ဆင့် အခုပဲ ဝင်လေ့လာကြည့်ပါ။

ဒီကိုနှိပ်ပါ

လွန်ခဲ့တဲ့ သုံးနှစ်လောက်က စလို့ Applied Intuition ရဲ့ ဈေးကွက်က အရပ်ဘက်က‌နေ စစ်ဘက်ကိုပါ တိုးချဲ့ထွင်လာပြီး အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၊ ပင်တဂွန်၊ စစ်တပ်နဲ့ တခြား စစ်ဘက်နည်းပညာကုမ္ပဏီတွေဆီမှာပါ စာချုပ်အသီးသီး ချုပ်ဆိုရင်း လုပ်ငန်းတွေ လုပ်ကိုင်နေတယ်လို့ သိရပါတယ်။ အဲဒီထဲမှာ စစ်ကြောင်းထိုးယာဉ်တွေ၊ စစ်သည် မလိုတဲ့ မြေပြင်သုံးယာဉ်တွေ၊ စစ်ဘက်သုံးထရပ်ကားတွေကို အလိုအလျောက် ထိန်းချုပ်နိုင်အောင် AI software တွေ ထုတ်ပေးနေပါတယ်။

ဒီရင်းနှီးမြုပ်နှံမှု ရရှိပြီးနောက် Applied Intuition ဟာ ကမ္ဘာ့ autonomous vehicle technology ဈေးကွက်ရဲ့ ထိပ်တန်း ၅ ခုထဲမှာ ပါဝင်လာခဲ့ပါပြီ။ McKinsey & Company ရဲ့ လေ့လာမှုအရ ၂၀၃၀ ခုနှစ်မှာ ကမ္ဘာ့ autonomous vehicle ဈေးကွက်ဟာ ဒေါ်လာ ၁.၃ ထရီလီယံ အထိ ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ Applied Intuition က ရရှိလာတဲ့ ဒေါ်လာ ၆၀၀ သန်းကို သုံးပြီး R&D department ကို ၄၀ ရာခိုင်နှုန်း ချဲ့ထွင်ဖို့၊ ဥရောပ နဲ့ အာရှ-ပစိဖိတ် ဒေသတွေမှာ ရုံးခွဲတွေ ဖွင့်လှစ်ဖို့၊ အင်ဂျင်နီယာ နဲ့ AI specialist တွေကို ထပ်မံခန့်ထားဖို့ စီစဉ်ထားကြောင်း ကုမ္ပဏီ CFO က ပြောပါတယ်။

Reference: Applied Intuition $600M Series F boosts value to $15B. (n.d.). Perplexity AI. https://www.perplexity.ai/discover/tech/applied-intuition-600m-series-al.uWjsxQVmI5Nfzci02Aw

ဆက်စပ်ဖတ်ရှုဖို့

စကားပြောနိုင်တဲ့ ကားတွေ . . .
အခုနောက်ပိုင်း U.S အပါအဝင် ကမ္ဘာတစ်ဝှမ်းက ကားကုမ္ပဏီတွေ မော်တော်ကားနဲ့ လျှပ်စစ်ကားတွေ ထုတ်လုပ်ရာမှာ ထည့်သွင်းစဉ်းစားလာကြတာက Vehicle-to-Everything လို့ ခေါ်တဲ့ V2X -

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

📍
Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!