
Apple ကုမ္ပဏီဟာ Google နဲ့ လက်တွဲထားတဲ့ ရှာဖွေရေးအင်ဂျင်လုပ်ငန်း (search engine) သဘောတူညီမှု ရုတ်တရက် ရပ်ဆိုင်းသွားခဲ့မယ်ဆိုရင် ဒေါ်လာ ၁၂.၅ ဘီလျံအထိ ဝင်ငွေဆုံးရှုံးနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။ သဘောတူညီမှုအရ Google ဟာ Apple ရဲ့ Safari web browser မှာ အဓိက ရှာဖွေရေး အင်ဂျင်အဖြစ် ပါဝင်ခွင့်ရဖို့အတွက် နှစ်စဉ်ငွေကြေး ပမာဏများစွာကို Apple ကို ပေးဆောင်နေရတာ ဖြစ်ပါတယ်။ ဒါဟာ Apple ရဲ့ ဝင်ငွေအတွက် အဓိက အရင်းအမြစ်တွေထဲက တစ်ခုဖြစ်နေတာကြောင့် ဒီပူးပေါင်းမှု ပျက်သွားခဲ့ရင် Apple ရဲ့ ဘဏ္ဍာရေးအခြေအနေအပေါ် သိသာထင်ရှားတဲ့ သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။
ဒီသဘောတူညီမှု ပျက်ပြယ်သွားနိုင်ခြေတွေကလဲ တစ်ရက်ထက် တစ်ရက် ပိုမိုများပြားလာနေတာပါ။ Google ဟာ သူ့ရဲ့ Search Engine ဟာ Antitrust လို့ ခေါ်တဲ့ လုပ်ငန်းငယ်တွေ ယှဉ်ပြိုင်မလာနိုင်အောင် လက်ဝါးကြီးအုပ်ထားမှုနဲ့ အမေရိကန်တရားရေးဌာနအပြင် ဥရောပသမဂ္ဂရဲ့ တရားစွဲဆိုမှုတွေကြောင့် Apple နဲ့ သဘောတူညီချက် ပျက်သွားနိုင်ခြေ များနေပါပြီ။ တကယ်လို့သာ တရားရုံးက လာမဲ့ ဩဂုတ်လထဲ သဘောတူညီမှုကို ဖျက်သိမ်းဖို့ အမိန့်ချမှတ်ခဲ့ရင် Google နဲ့ Apple နှစ်ခုစလုံးအတွက် အလားအလာမကောင်းပါဘူး။

တီထွင်ဖန်တီးမှုတို့ ပြည့်နှက်ရာ Community Center
မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် အလိုအပ်ဆုံးက အလုပ်လုပ်ဖို့၊ စာကြည့်ဖို့၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆုံဖို့ 'သီးသန့်ဆန်တဲ့ နေရာတစ်ခု' ဖြစ်ပါလိမ့်မယ်။ ဒီပြဿနာအတွက် ဖြေရှင်းနည်းက Build Myanmar Community Center မှာ ရှိပါတယ်
Community Center . . .? ဘယ်လိုမျိုးလဲ . . .?
- ရေမီးအစုံ၊ အင်တာနက်လိုင်းကောင်းကောင်းနဲ့ ကျယ်ကျယ်ဝန်းဝန်းနေရာ
- အလုပ်လုပ်နိုင်မဲ့ Co-working Space
- Networking Session တွေ
- နယ်ပယ်ပေါင်းစုံက ပညာရှင်တွေရဲ့ Workshop တွေ
- အသိပညာရေသောက်မြစ်အတွက် Library နဲ့
- တီထွင်ဖန်တီးနိုင်ဖို့ Maker Space တွေ ပါဝင်ပါတယ်။
စိတ်ဝင်စားတယ်ဆိုရင် အောက်ကလင့်ခ်က တစ်ဆင့် အခုပဲ ဝင်လေ့လာကြည့်ပါ။
ဒီလိုအခြေအနေမျိုးမှာ Apple အနေနဲ့ကတော့ ကိုယ်ပိုင် search engine တစ်ခု ဖန်တီးဖို့ ဒါမှမဟုတ် တခြားပြိုင်ဘက်တွေနဲ့ ပူးပေါင်းဖို့ စဉ်းစားလာနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလိုလုပ်ဖို့က အချိန်နဲ့ ရင်းနှီးမြှုပ်နှံမှု အများကြီး လိုအပ်မှာပါ။ ဒါကြောင့် ဒီသဘောတူညီမှု ရလဒ်ဟာ နည်းပညာလောကတစ်ခုလုံးကို ဘယ်လိုမျိုး သက်ရောက်မှုရှိလာမလဲဆိုတာကို အားလုံးက စောင့်ကြည့်နေကြပါတယ်။
Reference: Perplexity. (n.d.). Perplexity AI. https://www.perplexity.ai/discover/you/apple-faces-12-5-billion-reven-ZYMplCIHROiyx9hT0Jd2yQ
ဆက်စပ်ဖတ်ရှုဖို့




Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Build Myanmar Media: Daily News - Sharing Myanmar's Important News Daily
Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:
Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia