အေအိုင်မှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ Apple ကုမ္ပဏီဟာ ChatGPT နဲ့ ယှဉ်ပြိုင်နိုင်တဲ့ ကိုယ်ပိုင်အေအိုင်မော်ဒယ်တစ်ခုကို ချောချောမွေ့မွေ့ တီထွင်နေနိုင်ပြီး Siri ကိုလဲ သေချာပြန်တည်ဆောက်နေတယ်လို့ Bloomberg သတင်းဌာနနဲ့ တခြားနည်းပညာရင်းမြစ်တွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ဒီအေအိုင်မော်ဒယ်တွေထဲမှာ ပါရာမီတာပမာဏကွဲတွေ အများကြီးပါဝင်တဲ့ ဗားရှင်းပေါင်းစုံကို စမ်းသပ်နေပြီး နောက်ဆုံးစမ်းနေတဲ့ မော်ဒယ်ကတော့ ChatGPT ရဲ့ မော်ဒယ်တွေနဲ့ တန်းတူပဲလို့ သိရပါတယ်။

Siri ကိုလဲ ‘LLM Siri’ လို့ နာမည်ပေးထားတဲ့ နည်းပညာသစ်ကို သုံးပြီး အပြည့်အဝ ပြန်ပြင်တည်ဆောက်နေပါတယ်။ ဒီစီမံကိန်းကို ဇူးရစ်ချ်မှာ ရှိတဲ့ Apple ရဲ့ AI ရုံးမှာ ဦးစီးဆောင်ရွက်နေပြီး အသံကို ပိုနားလည်လာအောင်ပြန်ဖြေနိုင်အောင်၊ နောက်ဆက်တွဲမေးခွန်းတွေ ကိုင်တွယ်နိုင်အောင်နဲ့ တခြား app တွေနဲ့ ပေါင်းစပ်လုပ်ဆောင်နိုင်အောင် ဖန်တီးနေတာလို့ ဆိုပါတယ်။

ငလျင်ဘေးကို Build Myanmar နဲ့ အတူကူပါ

မြန်မာနိုင်ငံသားတွေ ကြုံတွေ့ခံစားနေရတဲ့ ငလျင်ဘေးကို Build Myanmar နဲ့အတူ နိုင်ငံတကာမှာ ရှိနေသူတွေ ပါဝင်ကူညီဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။ လောလောဆယ် ရန်ပုံငွေတစ်ရပ် ထူထောင်ထားတာကို ပါဝင်ဖို့ ပုံမှာပါတဲ့ QR code ကို စကင်န်ဖတ်ပါ

ဒါ့အပြင် Apple က ‘Knowledge’ အမည်ရ ချက်ဘော့အသစ်တစ်ခုကိုလဲ တီထွင်နေတာပါ။ ဒီချက်ဘော့က အင်တာနက်ကနေ သတင်းအချက်အလက်အမျိုးမျိုးကို စုဆောင်းပြီး ပြန်သုံးသပ်နိုင်စွမ်းရှိတယ်လို့ သိရပါတယ်။ ဒီစီမံကိန်းကိုတော့ Apple ရဲ့ Siri စီနီယာဒါရိုက်တာ ရော်ဘီဝေါ်ကာနဲ့ သူဦးဆောင်တဲ့ အဖွဲ့က လုံးပန်းနေပြီး Siri ကို ChatGPT လို အနေအထားမျိုးဖြစ်အောင် ပြောင်းနိုင်ဖို့ အားတက်သရော ကြိုးစားနေတယ် ဆိုပါတယ်။

ဒီနည်းပညာသစ်တွေကို ၂၀၂၅ မှာ ထုတ်ပြနိုင်ဖို့ ရည်ရွယ်ထားပေမဲ့ နည်းပညာပိုင်းအခက်အခဲတွေနဲ့ သဘောထားကွဲလွဲမှုတချို့ကြောင့် ၂၀၂၆ ခုနှစ် နောက်ဆုံးရွှေ့ဆိုင်းထားရတယ်လို့ သိရတာပါ။ Siri နဲ့ ပတ်သက်တဲ့ AI feature အသစ်တွေကိုတော့ iOS 19 ထဲမှာ မကြာခင်မြင်ရနိုင်မယ်လို့ ခန့်မှန်းနေကြပါတယ်။

Reference:

https://www.perplexity.ai/page/apple-s-chatgpt-rival-deemed-o-Bmc_0tvqTXGmVwqT0Ad1wg

ဆက်လက်ဖတ်ရှုဖို့

Apple ဖုန်းတွေ ၂၀၂၆ မတိုင်ခင် ခေါက်လို့ ရတော့မယ် . . .
iPhone အသုံးပြုသူတွေအတွက် မကြာခင် လာဖို့ရှိတဲ့ အကြီးမားဆုံးပြောင်းလဲမှုက ဖြစ်ပါလိမ့်မယ်။ Bloomberg နဲ့ Wall Street ဂျာနယ်တို့ရဲ့ အစီရင်ခံမှုတွေအရ Apple က ၂၀၂၆ မတိုင်ခင်မှာ ခေါက်လိ

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

📍
Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!