Apple ကုမ္ပဏီရဲ့ လက်ရှိ အမှုဆောင်အရာရှိချုပ် (CEO) Tim Cook ရာထူးကနေ လာမဲ့နှစ်မှာ ခပ်စောစောနုတ်ထွက်နိုင်ရေးနဲ့ သူ့အရိုက်အရာ ဆက်ခံနိုင်ရေး စီမံကိန်းတွေကို Apple က အရှိန်မြှင့် စ,လုပ်ဆောင်နေပြီလို့ ကမ္ဘာ့သတင်းဌာနတွေက ဖော်ပြပါတယ်။ အသက် ၆၅ နှစ်ပြည့်ခဲ့ပြီး Apple ကို ၁၄ နှစ်ကျော်ကြာ ဦးဆောင်ခဲ့တဲ့ Cook ရဲ့ နေရာကို ဆက်ခံဖို့ Hardware အင်ဂျင်နီယာဌာန ရဲ့ အကြီးတန်း ဒုတိယဥက္ကဋ္ဌ John Ternus က ထင်ကြေးပေးခံနေရတာပါ။
ကုမ္ပဏီရဲ့ ဘုတ်အဖွဲ့ဝင်တွေနဲ့ အကြီးတန်းအရာရှိတွေဟာ အပြောင်းအလဲအတွက် ကြိုတင်ပြင်ဆင်မှုတွေကို အရှိန်မြှင့်ပြီး လုပ်ဆောင်နေပြီလို့ သတင်းရင်းမြစ်တွေက Financial Times ကို ပြောခဲ့ပါတယ်။ နောက်ဆုံးဆုံးဖြတ်ချက်မျိုး မချရသေးပေမဲ့ အတွင်းစည်းဆွေးနွေးမှုတွေက ခပ်စိတ်စိတ်ဖြစ်လာပြီး လာမဲ့နှစ်ဆန်းပိုင်းမှာ CEO သစ်ကို ကြေညာဖို့ အရိပ်အယောင်တွေ ခန့်မှန်းရတာပါ။
ဒီအရိုက်အရာ လွှဲပြောင်းဖို့ စီစဉ်နေတာဟာ Apple ရဲ့ လက်ရှိ စွမ်းဆောင်ရည်နဲ့ သက်ဆိုင်ခြင်း မရှိဘူးလို့ ဆွေးနွေးမှုတွေနဲ့ နီးစပ်သူတွေက သေချာပြောပါတယ်။ iPhone ရဲ့ ရောင်းအားက လာမဲ့ဒီဇင်ဘာမှာ စံချိန်တင်ကောင်းမွန်နိုင်ဖို့ မျှော်လင့်ထားကြလို့ ကုမ္ပဏီရဲ့ စွမ်းဆောင်ရည်ပိုင်း ကျဆင်းဖို့ မရှိသလို ဈေးကွက်တန်ဖိုးလဲ ဒေါ်လာ ၄ ထရီလီလျံကို ကျော်လွန်ခဲ့ပါပြီ။ Cook ၂၀၁၁ ခုနှစ် သြဂုတ်လမှာ Steve Jobs ဆီကနေ CEO ရာထူးကို စတင်တာဝန်ယူချိန်က Apple ရဲ့ တန်ဖိုးဟာ ဒေါ်လာ ၃၅၀ ဘီလျံပဲ ရှိခဲ့တာပါ။
လေ့လာ၊ ချိတ်ဆက်၊ တိုးတက် - TalentOS
ဘယ်လောက်ပဲ ကြိုးစားနေနေ အခွင့်အရေးတွေ ရှားပါးလာတယ်လို့ လူငယ်အများစု ခံစားနေကြရမှာပါ။
ဒီပြဿနာတွေကို ဖြေရှင်းပေးဖို့ TalentOS ရောက်ရှိလာပါပြီ။
TalentOS ဆိုတာ ဒေါ်လာနဲ့ရမယ့် အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ ချိတ်ဆက်ပေးတဲ့ Platform တစ်ခုဖြစ်ပြီး CV form တွေ၊ Resume တွေ မလိုအပ်ပါဘူး။ TalentOS မှာရှိတဲ့ Mission တွေထဲက ကိုယ်ကြိုက်တာကို ရွေးလုပ်၊ ပြီးသွားတဲ့အခါ ကိုယ်လုပ်ခဲ့တဲ့ Result ကို ပြန်တင်လိုက်ရုံနဲ့ သင့် Profile မှာ လက်တွေ့လုပ်ပြထားတဲ့ သက်သေအဖြစ် မှတ်တမ်းဝင်နေမှာပါ။
ဒီ Profile ကို TalentOS ပေါ်က လုပ်ငန်းရှင်တွေ၊ Employer တွေကလည်း တိုက်ရိုက်မြင်နိုင်ပါတယ်။ နိုင်ငံတကာကုမ္ပဏီတွေက Bounty လို့ခေါ်တဲ့ ဒေါ်လာနဲ့ရမယ့် အလုပ်တွေကိုလည်း ဝင်ပြိုင်ပြီး ကိုယ့်ရဲ့ အရည်အသွေးကို လက်တွေ့ချပြနိုင်တယ်။ နိုင်ရင် ဆုကြေးရမယ်။ ရိုးရှင်းပါတယ်။
TalentOS နဲ့အတူ ကိုယ့်ရဲ့လုပ်နိုင်စွမ်းတွေကို ဖော်ထုတ်ဖို့ အခုပဲ Play Store/ App Store မှာ Download ရယူလိုက်ပါ။
သူ့နေရာ ဆက်ခံမယ်လို့ ယူဆရတဲ့ အသက် ၅၀ အရွယ် Ternus ဟာ ၂၀၀၁ ခုနှစ်မှာ Apple ရဲ့ product design အဖွဲ့ကို စတင်ဝင်ရောက်ခဲ့ပြီး ကုမ္ပဏီရဲ့ hardware ထုတ်ကုန်တွေကို နှစ် ၂၀ ကျော်ကြာ ပုံဖော်ခဲ့သူပါ။ လက်ရှိမှာ သူဟာ iPhone၊ iPad၊ Mac၊ AirPods နဲ့ Apple ရဲ့ ကိုယ်တိုင်လုပ် chip တွေအပြင် hardware engineering အားလုံးကို ကြီးကြပ်နေသူ ဖြစ်ပါတယ်။ စက်မှုနယ်ပယ်က စောင့်ကြည့်သူတွေရဲ့ အဆိုအရ Ternus ဟာ Cook CEO ဖြစ်စဉ်က အသက်အရွယ်နဲ့ တူညီတာကြောင့် ဆယ်စုနှစ်တစ်ခုကြာအောင် ရာထူးကို ထမ်းဆောင်နိုင်သူအဖြစ် သတ်မှတ်ခံထားရပါတယ်။
Ternus ဟာ မကြာသေးမီလတွေအတွင်း Apple ရဲ့ ပွဲတွေမှာ ပိုထင်ထင်ပေါ်ပေါ်ဖြစ်လာပြီး အရေးကြီးထုတ်ကုန်မိတ်ဆက်မှုတွေနဲ့ စတိုးဆိုင် ဖွင့်ပွဲတွေမှာ သုံးစွဲသူတွေကို ကြိုဆိုတာမျိုး လုပ်ဆောင်ခဲ့ပါတယ်။ ဒါတွေဟာ ပုံမှန်အားဖြင့်တော့ CEO တွေက သီးသန့်လုပ်ရတဲ့ တာဝန်မျိုးပါ။ အခြား အရိုက်အရာ ဆက်ခံနိုင်ခြေရှိသူတွေထဲမှာ ဆော့ဖ်ဝဲ အင်ဂျင်နီယာဌာန ရဲ့ အကြီးတန်း ဒုတိယဥက္ကဋ္ဌ Craig Federighi နဲ့ ကမ္ဘာလုံးဆိုင်ရာ စျေးကွက်ရှာဖွေရေးဌာန အကြီးတန်း ဒုတိယဥက္ကဋ္ဌ Greg Joswiak တို့လဲ ပါဝင်ပါတယ်။
Reference: Perplexity. (n.d.). Perplexity AI. https://www.perplexity.ai/discover/you/apple-prepares-for-tim-cook-to-NIGF_6oRQEqsuNp.Zsh.ag
ဆက်စပ်ဖတ်ဖို့
Build Myanmar - MediaMin Z
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Build Myanmar Media: Daily News - Sharing Myanmar's Important News Daily
Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:
Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia