
နာမည်ကြီး ဉာဏ်ရည်တုနည်းပညာကုမ္ပဏီ Anthropic ဟာ ၂၀၂၅ ခုနှစ်၊ မေလ ၂၂ ရက်နေ့ကပဲ ဆန်ဖရန်စစ်စကိုမှာ ကျင်းပတဲ့ သူတို့ရဲ့ Developer Conference မှာ Claude AI မော်ဒယ်ရဲ့ မျိုးဆက်သစ်တွေဖြစ်တဲ့ Claude Opus 4 နဲ့ Claude Sonnet 4 ကို တရားဝင်မိတ်ဆက်လိုက်ပါတယ်။ ဒီမော်ဒယ်တွေထဲက Claude Opus 4 ကို ‘ကမ္ဘာ့အကောင်းဆုံး Coding AI’ လို့ ကြေညာထားပြီး အချိန်ကြာကြာ အလုပ်လုပ်နိုင်စွမ်း ရှိတယ် ဆိုပါတယ်။ သဘောက AI ကို code တစ်ခု ၇ နာရီဆက်တိုက် ရေးခိုင်း၊ ပြုပြင်ခိုင်းတဲ့အခါ တခြားအေအိုင်မော်ဒယ်တွေဟာ တစ်နာရီ/နှစ်နာရီအကြာမှာ စွမ်းရည်ကျသွားနိုင်ပေမဲ့ Opus 4 ကတော့ အဲဒီလို မဖြစ်ဘဲ နာရီတွေအကြာကြီး တည်တည်ငြိမ်ငြိမ် အလုပ်လုပ်နိုင်တာပါ။ ဒါ့အပြင် အဆင့်မြင့်တဲ့ Reasoning စွမ်းရည်ကြောင့်လဲ အေအိုင်နည်းပညာနယ်ပယ်မှာ စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။
Claude Opus 4 ဟာ တခြားအေအိုင်မော်ဒယ်တွေထက် ကုဒ်တွေကို မြန်မြန်ဆန်ဆန်၊ တိတိကျကျ ရေးပေးနိုင်သလို AI Agent သဖွယ် အလိုအလျောက် လုပ်ကိုင်နိုင်ပြီး ဆန်းသစ်တဲ့ စွမ်းရည်တွေ ရှိတယ်လို့ သိရပါတယ်။ Rakuten Group က စမ်းတာအရ Opus 4 ဟာ Open-source Project တစ်ခုမှာ ၇ နာရီနီးပါး ဆက်တိုက်အလုပ်လုပ်နိုင်ခဲ့ပြီး အရင်မော်ဒယ်တွေကို နာရီဝက်၊ တစ်နာရီတည်းနဲ့ စွမ်းရည်ကျသွားတာမျိုး မရှိတော့ဘူး ဆိုပါတယ်။ ဒါကြောင့် developer တွေအနေနဲ့ ကြာမြင့်ပြီး ရှုပ်ထွေးတဲ့ Coding လုပ်ငန်းတွေကို Claude ဆီ အပြည့်အဝ အပ်နှံနိုင်ပြီဆိုတဲ့ သဘောပါ။
Claude ရဲ့ ဒီမော်ဒယ် ၂ မျိုးဟာ ကျိုးကြောင်းကျ တွေးခေါ်နိုင်စွမ်း၊ Coding နဲ့ Workflow ပိုင်းတွေမှာ OpenAI ရဲ့ GPT-4.1 နဲ့ Google Gemini 2.5 Pro တို့နဲ့ ယှဉ်နိုင်သလို ကုဒ်ရေးသားမှုပိုင်း တိုင်းတာတဲ့ စနစ်တွေမှာလဲ ထိပ်ဆုံးရောက်နေပါပြီ။


ပြီးတော့ ဒီမော်ဒယ်အသစ်တွေမှာ ‘Extended Thinking’ လို့ ခေါ်တဲ့ ဘောင်ချဲ့တွေးခေါ်နိုင်စွမ်း ရှိလာပြီး ပြင်ပက tools တွေကိုလဲ ဆွဲယူသုံးနိုင်စွမ်း ပါလာပါတယ်။ ဥပမာ Claude ဟာ အင်တာနက်ပေါ် အချက်အလက်တွေ ရှာတာနဲ့ ကုဒ်ရေးတာလို အဆင့်တွေကို တစ်ချိန်တည်း ပြိုင်တူလုပ်နိုင်တဲ့အပြင် developer တွေအတွက်လဲ Claude Code ကို VS Code, JetBrains, GitHub နဲ့ တိုက်ရိုက်ချိတ်ဆက်အသုံးပြုနိုင်အောင် ထုတ်လုပ်ထားတာပါ။
Claude Opus 4 နဲ့ Sonnet 4 ကို Anthropic API, Amazon Bedrock နဲ့Google Cloud Vertex AI တို့မှာ သုံးနိုင်ပြီ ဖြစ်ပြီး Pro, Max, Team နဲ့ Enterprise Plan ဆိုပြီး ခွဲခြားထားပါတယ်။ Sonnet 4 ကတော့ အခမဲ့သုံးလို့ ရမယ် ဆိုပါတယ်။ Claude Opus 4 ရဲ့ ဈေးနှုန်းကတော့ အသုံးပြုသူဘက်က အေအိုင်ဆီ ပို့တဲ့ မက်ဆေ့ချ်တုံကင် ၁ သန်းအတွက် ၁၅ ဒေါ်လာနဲ့ အေအိုင်ဘက်က ပြန်ထုတ်ပေးတဲ့ တုံကင် ၁ သန်းအတွက် ၇၅ ဒေါ်လာ ကျသင့်ပါမယ်။ (တုံကင် ၁ သန်းက စာမျက်နှာ ၇၀၀ နဲ့ ညီမျှပါတယ်။)
Citations:
1. Anthropic debuts new Claude Opus 4 and Sonnet 4 AI models. (n.d.). Perplexity AI. https://www.perplexity.ai/page/anthropic-debuts-new-claude-op-YMZMvD7TRlCfghRTm7EjeQ
2. Introducing Claude 4. (n.d.). https://www.anthropic.com/news/claude-4
ဆက်စပ်ဖတ်ရှုဖို့


Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Build Myanmar Media: Daily News - Sharing Myanmar's Important News Daily
Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:
Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia