Steve ဆိုတဲ့ AI ဟာ လာမယ့် လမှာပြုလုပ်မယ့် ဗြိတိန်နိုင်ငံ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာပါ။ AI Steve က သူကြီးပဲ သီးသန့် လုပ်ကိုင်မှာ မဟုတ်ပဲ Sussex မြို့က စီးပွားရေးသမား Steve Endacott က ကိုယ်စားပြုပြီး Brighton နယ်မြေကနေ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
AI Steve ကို Endacott ရဲ့ Neural Voice ကုမ္ပဏီက ဖန်တီးထားပြီး မဲဆန္ဒရှင်တွေနဲ့ ဆက်သွယ်ပြီး သတင်းအချက်အလက်ပေးခြင်းနဲ့ မဲဆန္ဒရှင်တွေရဲ့ ရည်မှန်းချက်တွေ သိရှိရန် အတွက် AI အလိုအလျောက်စီမံခန့်ခွဲမှု လုပ်ဆောင်နိုင်ပါတယ်။Steve Endacott က သူဟာ နိုင်ငံရေးသမားအနေနဲ့ ပါလီမန်ထဲ ဝင်ရောက်မယ့်သူဖြစ်ပြီး AI Steve ဟာ မဲဆန္ဒရှင်တွေနဲ့ တွေ့ဆုံဆက်သွယ်ပြီး မဲဆန္ဒရှင်တွေရဲ့ မျှော်မှန်းချက်တွေကို အခြေခံပြီး နိုင်ငံရေးမူဝါဒတွေ ထုတ်ပြန်ဖို့ အရေးကြီးသော အခန်းကဏ္ဍတစ်ခု ကနေ ပါဝင်မယ် လို့ ပြောကြားပါတယ်။
Endacott ရဲ့ ရွေးကောက်ပွဲကြိုးပမ်းမှုဟာ AI ကို အသုံးပြုပြီး မဲဆန္ဒရှင်တွေနဲ့ အမြဲတမ်း ဆက်သွယ်ထားနိုင်အောင်လုပ်တာဖြစ်သလို မဲဆန္ဒရှင်တွေက AI Steve ရဲ့ website ကနေ မေးမြန်းနိုင်ပြီး သူတို့ရဲ့ အမြင်တွေကို ဖော်ပြနိုင်ပါတယ်။ AI Steve ဟာ LLM ကို အသုံးပြုပြီး မေးခွန်းတွေကို ဖြေရှင်းပေးရုံမက လိုအပ်ချိန်မှာ အင်တာနက် ကနေ ရှာဖွေပြီး တုန့်ပြန်မှုတွေ ပေးနိုင်ပါတယ်။Steve ဟာ Brexit ကနေ စတင်ပြီး စက်ဘီးလမ်းကြောင်းလို ကိစ္စတွေ အထိ ဒေသခံတွေ စိတ်ဝင်စားရာကိစ္စတွေကိုပါ ဝေမျှနိုင်တာကြောင့် လူသိများလာခဲ့ပါတယ်။
Endacott ဟာသူ့ကိုယ် သူ အလယ် အလတ် လမ်းစဉ်သမား အဖြစ် အဖြစ်ကိုယ်စားပြုပြီး Green Party နဲ့ ပူးပေါင်းကာ ကာဗွန်ထုတ်လွှတ်မှု လျော့ချရေးအတွက် အပြင်းအထန် ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။ ယခင် ရွေးကောက်ပွဲမှာ အောင်မြင်မှုမရရှိခဲ့ပေမယ့် AI အသုံးပြုပြီး ကြိုးပမ်းမှုဟာ မဲဆန္ဒရှင်တွေကို ပိုပြီး ကိုယ်စားပြုနိုင်မယ့် နည်းလမ်းအသစ်အဖြစ် အသိအမှတ် ပြုလာကြပါတယ်။ AI Steve ရဲ့ ရွေးကောက်ပွဲ ဝင်ရောက်မှုဟာ နိုင်ငံရေးမှာ AI ကို ပေါင်းစပ်သွားဖို့ ဦးတည်ချက်ဖြစ်ပြီး မဲဆန္ဒရှင်တွေနဲ့ ပိုမိုအကျိုးရှိစွာ ဆက်ဆံရေးကို တိုးတက်အောင်လုပ်ဆောင်မှာ ဖြစ်ကြောင်းလည်း ထပ်မံကြေညာလိုက်ပါတယ်။
Reference:
(1) https://www.nbcnews.com/.../ai-candidate-running...
Build Myanmar Media ရဲ့ နောက်ဆုံးရ အချက်အလက်များကို သိရှိနိုင်ရန် ...
Facebook https://www.facebook.com/buildmyanmar
YouTube https://youtube.com/@buildmyanmarmedia?si=pdavs8BA4OUVAs9c
LinkedIn https://www.linkedin.com/showcase/build-myanmar/
နည်းပညာ၊ Startup နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Groupထဲမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။
https://t.me/+6_0G6CLwrwMwZTIx
လူမှုအဖွဲ့အစည်းအတွက် အပြုသဘောဆောင်သောအကြံပြုချက်များကို အောက်ပါ Mail ကနေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။
Inquiry - [email protected]
#TechNews #BuildMyanmar #tech #myanmar #weeklynews #media #BuildMyanmarMedia