အမေရိကန်တက္ကသိုလ်မှာဘွဲ့ရတဲ့ နိုင်ငံခြားသားတွေကို အလိုအလျောက် နိုင်ငံသား အသိအမှတ်ပြု ကဒ် Green Card ပေးဖို့ကို ဒေါ်နယ်ထရမ့်က ကမ်းလှမ်းလိုက်ပါတယ်။
ဒီအချက်ဟာ သမ္မတအဖြစ် သူအုပ်ချုပ်ခဲ့ချိန်တုန်းက နိုင်ငံခြားသားတွေ၊ ပြည်ပရွှေ့ပြောင်း အခြေချသူတွေ ဝင်ရောက်လာမှုအပေါ် ကန့်သတ်မှုတွေလုပ်ခဲ့တဲ့ မူဝါဒတွေနဲ့ ကွဲပြားနေတယ်။
ထရမ့်က "The All-In Podcast" မှာ ဒီကိစ္စကို ပြောခဲ့တာဖြစ်ပြီး ဘွဲ့ရတဲ့အခါ နိုင်ငံတွင်းမှာနေထိုင်ခွင့်ပြုတဲ့ အစီအစဉ်ကို စတင်ချင်ကြောင်းဆိုပါတယ်။
နိုင်ငံစီးပွားရေးမှာအထောက်အကူပြုမယ့် ဘွဲ့ရတွေ လိုအပ်ကြောင်း ပြောပါတယ်။ အထူးသဖြင့်တော့ STEM Major ကလူတွေကို ဦးစားပေမယ်လို့လည်း သူကဆိုပါတယ်။
ထရမ့်ဟာ 2024 ရွေးကောက်ပွဲမှာ လူဝင်မှုကြီးကြပ်ရေးကို အဓိကထားပြီး သမ္မတ Joe Biden ရဲ့ မူဝါဒတွေကို ဝေဖန်ခဲ့သလို တကြော့ပြန်ရွေးကောက်ပွဲမှာ သူအနိုင်ရဖို့အရေး ရွေ့ပြောင်းအခြေချသူတွေနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေကို ဦးစားပေးပြောဆိုနေတာဖြစ်ပါတယ်။
အပြောင်းအလဲများတဲ့ အမေရိကန်နိုင်ငံရေး ဇာတ်ခုံမှာ ဘာတွေ ဆက်ဖြစ်လာဦးမှာလဲ။
Reference:
(1) https://edition.cnn.com/2024/06/20/politics/trump-green-cards-gradutate-college/index.html
Build Myanmar Media ရဲ့ Update လုပ်ဆောင်ချက်တွေအတွက် 📌Facebook https://www.facebook.com/buildmyanmar
📌YouTube https://youtube.com/@buildmyanmarmedia?si=pdavs8BA4OUVAs9c
📌LinkedIn https://www.linkedin.com/showcase/build-myanmar/
📍နည်းပညာ၊ Startup နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Groupထဲမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ https://t.me/+6_0G6CLwrwMwZTIx
📍လူမှုအဖွဲ့အစည်းအတွက် အပြုသဘောဆောင်သောအကြံပြုချက်များကို အောက်ပါ Mail ကနေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။
Inquiry - [email protected]