AI (ဉာဏ်ရည်တု) နည်းပညာ လုပ်ငန်းသစ်တွေဟာ ၂၀၂၅ ခုနှစ်အတွင်း ရန်ပုံငွေ ဒေါ်လာ ၁၅၀ ဘီလျံကျော် ရန်ပုံငွေအဖြစ် စုဆောင်းမ,တည်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီပမာဏဟာ အရင် ၂၀၂၁ ခုနှစ်က တင်ခဲ့တဲ့စံချိန် ဒေါ်လာ ၉၂ ဘီလျံကို ကျော်လွန်ပြီး သမိုင်းတစ်လျှောက် အမြင့်ဆုံးဖြစ်ခဲ့တယ်လို့ PitchBook ရဲ့ အချက်အလက်တွေကို ကိုးကားပြီး Financial Times က ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။ ဒီလို ရန်ပုံငွေ အလုံးအရင်း တိုးလာတာဟာ AI နည်းပညာအပေါ် ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိတ်အားထက်သန်မှု ပြင်းထန်နေတာကို ထင်ဟပ်နေပေမဲ့ ဒီလုပ်ငန်းတွေရဲ့ ရေရှည်ငွေကြေး တည်ငြိမ်မှုနဲ့ ဈေးကွက်တန်ဖိုး လွန်ကဲနေခြင်း ဖြစ်နိုင်ချေတွေအပေါ် သတိပေးမှုတွေကလည်း တစ်ပြိုင်နက်တည်း ထွက်ပေါ်လာနေပါတယ်။

ဒီရန်ပုံငွေ တိုးမြင့်လာမှုဟာ ၂၀၂၅ ခုနှစ် ပထမသုံးလပတ်မှာ အရှိန်အဟုန်မြင့်ခဲ့ပြီး AI လုပ်ငန်းသစ်တွေဟာ အဲဒီကာလထဲ ကမ္ဘာ့စွန့်ဦးလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုစုစုပေါင်းရဲ့ ၅၈% နီးပါးဖြစ်တဲ့ ဒေါ်လာ ၇၃.၁ ဘီလျံကို စုဆောင်းနိုင်ခဲ့ပါတယ်။ SoftBank က ဦးဆောင်တဲ့ OpenAI ရဲ့ ဒေါ်လာ ဘီလျံ ၄၀ ရန်ပုံငွေ၊ Anthropic ရဲ့ ဒေါ်လာ ၁၃ ဘီလျံ ရရှိမှုနဲ့ Meta ရဲ့ Scale AI မှာ ဒေါ်လာ ၁၄ ဘီလျံကျော် ရင်းနှီးမြှုပ်နှံမှုတို့လို အကြီးစား ရင်းနှီးမြှုပ်နှံမှုတွေက ဒီစံချိန်တင် ပမာဏကို ဖြစ်ပေါ်စေခဲ့တာပါ။

AI ရဲ့ ရင်းနှီးမြှုပ်နှံမှု ပျံ့နှံ့မှုဟာ လုပ်ငန်းသစ်တွေသာမက AmazonMicrosoftAlphabet နဲ့ Meta လို နည်းပညာကုမ္ပဏီကြီးတွေရဲ့ အခြေခံအဆောက်အအုံ စရိတ်တွေအထိပါ ရောက်ရှိခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်မှာ ဒီကုမ္ပဏီကြီးတွေဟာ AI အခြေခံအဆောက်အအုံအတွက် ဒေါ်လာ ၃၆၄ ဘီလျံကနေ ၄၀၀ ဘီလျံကြား သုံးစွဲဖို့ ခန့်မှန်းထားပြီး၊ Goldman Sachs ကတော့ ၂၀၂၆ ခုနှစ်မှာ ဒီပမာဏဟာ ဒေါ်လာ ၅၂၇ ဘီလျံအထိ ရောက်ရှိသွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

လေ့လာ၊ ချိတ်ဆက်၊ တိုးတက် - TalentOS

ဘယ်လောက်ပဲ ကြိုးစားနေနေ အခွင့်အရေးတွေ ရှားပါးလာတယ်လို့ လူငယ်အများစု ခံစားနေကြရမှာပါ။

ဒီပြဿနာတွေကို ဖြေရှင်းပေးဖို့ TalentOS ရောက်ရှိလာပါပြီ။

TalentOS ဆိုတာ ဒေါ်လာနဲ့ရမယ့် အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ ချိတ်ဆက်ပေးတဲ့ Platform တစ်ခုဖြစ်ပြီး CV form တွေ၊ Resume တွေ မလိုအပ်ပါဘူး။ TalentOS မှာရှိတဲ့ Mission တွေထဲက ကိုယ်ကြိုက်တာကို ရွေးလုပ်၊ ပြီးသွားတဲ့အခါ ကိုယ်လုပ်ခဲ့တဲ့ Result ကို ပြန်တင်လိုက်ရုံနဲ့ သင့် Profile မှာ လက်တွေ့လုပ်ပြထားတဲ့ သက်သေအဖြစ် မှတ်တမ်းဝင်နေမှာပါ။

ဒီ Profile ကို TalentOS ပေါ်က လုပ်ငန်းရှင်တွေ၊ Employer တွေကလည်း တိုက်ရိုက်မြင်နိုင်ပါတယ်။ နိုင်ငံတကာကုမ္ပဏီတွေက Bounty လို့ခေါ်တဲ့ ဒေါ်လာနဲ့ရမယ့် အလုပ်တွေကိုလည်း ဝင်ပြိုင်ပြီး ကိုယ့်ရဲ့ အရည်အသွေးကို လက်တွေ့ချပြနိုင်တယ်။ နိုင်ရင် ဆုကြေးရမယ်။ ရိုးရှင်းပါတယ်။

TalentOS နဲ့အတူ ကိုယ့်ရဲ့လုပ်နိုင်စွမ်းတွေကို ဖော်ထုတ်ဖို့ အခုပဲ Play Store/ App Store မှာ Download ရယူလိုက်ပါ။

ခုပဲ ဒေါင်းလိုက်ပါ

ဒီလို ငွေကြေးအမြောက်အမြား ဝင်ရောက်နေပေမဲ့ AI bubble (AI ပူဖောင်း) အပေါ် စိုးရိမ်မှုတွေကလဲ တစ်စတစ်စ ပိုမိုပြင်းထန်လာပါတယ်။ Goldman Sachs ရဲ့ သုတေသနအရ AI နဲ့ ပတ်သက်တဲ့ ရင်းနှီးမြှုပ်နှံမှု ကြေညာချက်တွေဟာ ရှယ်ယာစျေးတွေကို ပျမ်းမျှ ၂% ကျဆင်းစေတာကို တွေ့ရှိခဲ့ရပြီး ဒါဟာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ အကျိုးအမြတ်အပေါ် သံသယဝင်လာမှုကို ပြသနေပါတယ်။ နောက်ပြီး Bain & Company ရဲ့ ခန့်မှန်းချက်အရ ၂၀၃၀ ပြည့်နှစ်မှာ AI ကုမ္ပဏီတွေဟာ computing power အတွက် နှစ်စဉ် ဝင်ငွေ စုစုပေါင်း ဒေါ်လာ ၂ ထရီလီယံ လိုအပ်မှာဖြစ်ပေမဲ့ အဲဒီပမာဏရဲ့ ဒေါ်လာ ၈၀၀ ဘီလျံအထိ လိုငွေပြနိုင်ခြေ ရှိနေပါတယ်။

ဒီလို စျေးကွက် မတည်မငြိမ်ဖြစ်နိုင်ခြေတွေကြောင့် ရင်းနှီးမြှုပ်နှံသူတွေက ကုမ္ပဏီတွေကို ငွေကြေးအခြေအနေကို ခိုင်မာအောင် လုပ်ထားဖို့ တိုက်တွန်းနေကြပါတယ်။ Thrive CapitalAndreessen Horowitz နဲ့ Tiger Global လို နာမည်ကြီး venture capital ကုမ္ပဏီကြီးတွေဟာလည်း သူတို့ရဲ့ ရန်ပုံငွေကို မျှော်မှန်းထားတာထက် ပိုမိုမြန်ဆန်စွာ အသုံးပြုကုန်ခဲ့တာကြောင့် ရန်ပုံငွေအသစ်တွေ ထပ်မံ ရှာဖွေနေကြပါတယ်။ AI ခေါင်းဆောင် လက်တစ်ဆုပ်စာ ကုမ္ပဏီတွေဆီကို ရန်ပုံငွေတွေ စုစည်းနေခြင်းကလည်း ကြီးမားတဲ့ ကွာဟမှုကို ဖန်တီးနေပါတယ်။ Franklin Templeton ရဲ့ venture investing ပူးတွဲအကြီးအကဲ Ryan Biggs က "လူတိုင်းက ရင်းနှီးမြှုပ်နှံချင်တဲ့ ကုမ္ပဏီတစ်ဒါဇင်လောက်ပဲ ရှိပြီး ကျန်တဲ့သူတွေအတွက်ကတော့ ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်က အလွန်စိန်ခေါ်မှုတွေ ရှိနေပါတယ်" လို့ မှတ်ချက်ပြုခဲ့ပါတယ်။

Reference: Perplexity. (n.d.). Perplexity AI. https://www.perplexity.ai/discover/you/ai-startups-raise-record-150-b-wp5F8jnIR7iwyZcdxMip_g

ဆက်စပ်သတင်းကို ဒီက ဖတ်ပါ

မှန်းချက်နဲ့ နှမ်းထွက်မကိုက်တဲ့ Meta ရဲ့ ၁၄ ဘီလျံတန် ရင်းနှီးမှု
Meta’s $14.3 billion investment in Scale AI is facing challenges due to quality concerns.

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

📍
Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia 

Share this article
The link has been copied!