ရုရှားသမ္မတပူတင် နဲ့ မြောက်ကိုရီးယား ကင်ဂျုံအန်း တို့က တစ်နိုင်ငံကသာကျူးကျော်တိုက်ခိုက်ခံရရင် အပြန်အလှန်ကူညီပေးမယ်ဆိုတဲ့ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးလိုက်ကြပါတယ်။ ပူတင်က၂၀၀၀ခုနှစ်က စလို့ ၂၄နှစ်အတွင်းမှာအခုတော့ပထမဆုံးအကြိမ်အဖြစ်မြောက်ကိုရီးယားကိုပြန်လည်ရောက်ရှိနေချိန်မှာ ဒီသဘောတူစာချုပ်ကို ရေးထိုးလိုက်တာပါ။ ဒါကတော့ လောလောဆယ် အနောက် နိုင်ငံတွေကို စိုးရိမ်မှုတွေ မြင့်တက်လာ စေသလို အဆိုပါသဘောတူစာချုပ်ဟာ နောင်အချိန်တွေမှာ မြောက်ကိုရီးယားကိုနည်းပညာ အသစ်အဆန်းတွေပိုရနိုင်သွားပြီး ရုရှားကလည်း ယူကရိန်းစစ်ပွဲမှာ အကူအညီတွေ လက်ခံရရှိနိုင်ပါတယ်။

အပြန်အလှန်ကူညီမှုပါဝင်တဲ့ စာချုပ်ကို ဗုဒ္ဓဟူးနေ့မှာ လက်မှတ်ရေးထိုးခဲ့တာပါ။ ကင်ဂျုံအန်းက ရုရှားကို လက်နက်ပေးပို့နေတယ်လို့ စွပ်စွဲခံရပြီး ပူတင်ကလည်း မြောက်ကိုရီးယားရဲ့ ဒေါင်လိုက်လေယာဉ်အစီအစဉ်ကို မြှင့်တင်ဖို့ နည်းပညာပေးနေတယ်လို့ ယူဆထားကြသလို သူတို့နှစ်ဦးက စက်တင်ဘာလမှာ နောက်ဆုံးတွေ့ဆုံခဲ့ပြီး စစ်ရေးပူးပေါင်းမှုတွေကို ဆွေးနွေးခဲ့ကြပါသေးတယ်။

ပူတင်ရဲ့ ယခု ခရီးစဉ်က အလွန်ကြီးကျယ်ခမ်းနားပြီး ကြိုဆိုသူမြောက်များစွာ တွေနဲ့အတူ မြောက်ကိုရီးယားရဲ့ ပြုံးယမ်း မြို့ကို ရောက်ရှိသောအခါမှာ ရုရှားအလံများ လှုပ်ရှားပြီး ရှေးခေတ်စနစ်အတိုင်း ဆင်နွှဲထားတဲ့ အခမ်းအနားတွေမှာ စစ်သားတွေမှာ လက်ဆောင်များနဲ့အတူ ကြီးကျယ်ခမ်းနားစွာ ကြိုဆိုကြတာပါ ။ မြောက်ကိုရီးယား နိုင်ငံ တည်ထောင်သူ ကင်အီးဆွန်း ဓာတ်ပုံတွေကိုဖော်ပြထားတဲ့ပုံရိပ်တွေ လမ်းတစ်လျှောက်တွင် မြင်တွေ့ရပြီး ပူတင်ကို ကြိုဆိုတဲ့ အခမ်းအနားမှာ ကင်ဂျုံအန်းက ယူကရိန်းစစ်ပွဲမှာ ရုရှားကို ထောက်ခံကြောင်း ဖော်ပြခဲ့ပြီး ဒီသဘောတူစာချုပ်ကို သမိုင်းဝင် အခိုက်အတန့်တစ်ခုအဖြစ် မှတ်တမ်းတင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီပူးပေါင်းဆောင်ရွက်မှုဟာ နောက်ထပ် လက်နက်ကိုင် ပဋိပက္ခ တွေ ဖြစ်လာနိုင်ပြီး ဒေသတွင်း အငြင်းပွားမှုတွေကို ပိုမိုရင်ဆိုင်ရနိုင်ကြောင်း သုံးသပ်သူများက သတိပေးကြသလို အနောက်နိုင်ငံတွေက ပူတင်နဲ့ ကင်ဂျုံအန်းတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို စိုးရိမ်နေကြပါတယ်။ အထူးသဖြင့် ယူကရိန်း မှာမြောက်ကုရီးယား စစ်သားတွေ ဝငရောက်တိုက်ခိုက်တာမျိုးပေါ့။ ဆိုတော့ဘာတွေဆက်ဖြစ်လာမလဲ။ ကမ္ဘာကြီးရဲ့အနာဂါတ်ကကော။

Reference:

(1) https://www.bbc.com/news/articles/ceddqkqzd5wo (2) https://www.bbc.com/news/articles/c899nwx8821o

Build Myanmar Media ရဲ့ နောက်ဆုံးရ အချက်အလက်များကို သိရှိနိုင်ရန် ...

Facebook https://www.facebook.com/buildmyanmar

YouTube https://youtube.com/@buildmyanmarmedia?si=pdavs8BA4OUVAs9c

LinkedIn https://www.linkedin.com/showcase/build-myanmar/

နည်းပညာ၊ Startup နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Groupထဲမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။

https://t.me/+6_0G6CLwrwMwZTIx

လူမှုအဖွဲ့အစည်းအတွက် အပြုသဘောဆောင်သောအကြံပြုချက်များကို အောက်ပါ Mail ကနေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။

Inquiry - [email protected]

#Politics #BuildMyanmar #myanmar #weeklynews #media #BuildMyanmarMedia

Share this article
The link has been copied!